မက်ဒရစ်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၂-၁ ဂိုးရလဒ်ဖြင့်အနိုင်ရခဲ့သော်လည်း နောက်ခံလူ ဒါနီကာဗာဂျယ်က ပြင်းထန်သည့် ဒူးဒဏ်ရာရသွားခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်နံနက်ပိုင်း၌ အတည်ပြုနိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အတွက် တန်ဖိုးတစ်ခု ပေးဆပ်လိုက်ရသည်။ ရီးရဲလ်မက်ဒရစ် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုအဖွဲ့က ကလပ်အသင်းခေါင်းဆောင် ဒါနီကာဗာဂျယ်ကို နောက်ဆက်တွဲဆေးစစ်ခဲ့မှုများအရ ကာဗာဂျယ်၏...
လန်ဒန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် မကြာမီက ကျင်းပခဲ့သည့် ဆွေးနွေးပွဲတစ်ခု၌ ဗြိတိန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျိန့်ကျယ်ကွမ်းက ကမ္ဘာကြီးအား အခွင့်အလမ်းများ မျှဝေရန်နှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းသွားရန် တရုတ်နိုင်ငံ၏ အသင့်ရှိမှုကို အလေးထားပြောဆိုခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၄ ရက်က ကျင်းပသည့်...
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စည်းလုံးညီညွတ်မှုရှိကြရန်နှင့် ၎င်းတို့ကိုယ်တိုင် ပိုမိုပြတ်သားစွာ အင်အားတောင့်တင်းမှုရှိရန်၊ ပြင်ပနှောင့်ယှက်မှုများကို ခုခံကာကွယ်ရန်၊ အပြန်အလှန် အမှီပြုမှုနှင့် ညှိနှိုင်းစွာလုပ်ဆောင်ခြင်းများအားဖြင့် တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က အောက်တိုဘာ ၂၈ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။...
ကွာလာလမ်ပူ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ အဓိက အစီအမံလေးရပ်ကို အကောင်အထည်ဖော်ရေး၊ စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုကို ကျင့်သုံးရေး၊ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ထိန်းသိမ်းရေးအတွက် တရုတ်နိုင်ငံက မလေးရှားနိုင်ငံနှင့်အတူ နိုင်ငံစုံ ညှိနှိုင်းဆောင်ရွက်မှု၊ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်စွာလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ...
ချုံချင့်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ကမ္ဘာ့မြို့များနေ့အတွက် တရုတ်နိုင်ငံ၏ အလေးထားမှုအား ပြသသည့် အထူးပွဲတစ်ခုအဖြစ် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့၏ နန်အန့် ခရိုင်၌ “ပြည်သူများကို ဗဟိုပြုသည့် စမတ်မြို့များမှ အနာဂတ်ဆီသို့” ခေါင်းစဉ်ဖြင့် ဒရုန်းမီးအလှပြပွဲကြီးတစ်ခုကို အောက်တိုဘာ ၂၇ ရက်က...
မနာမာ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာရှလူငယ်အားကစားပြိုင်ပွဲတွင် အောက်တိုဘာ ၂၇ ရက်၌ ရွှေတံဆိပ်ရှစ်ခု ထပ်မံရရှိခဲ့ကြောင်း သိရသည်။ အမျိုးသား 3×3 ဘက်စကတ်ဘောပြိုင်ပွဲတွင် အိမ်ရှင်ဘာရိန်းအသင်းကို အနိုင်ရကာ ရွှေတံဆိပ် ရရှိခဲ့သည်။ “ကျွန်တော်တို့ရဲ့အကြီးဆုံးခွန်အားက တိုက်ခိုက်လိုစိတ်ပါ၊ နည်းဗျူဟာတွေ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး နောက်ဆုံးမိနစ်တွေမှာ သူတို့ကိုပြန်လည်ဖိအားပေးနိုင်ခဲ့တယ်”...
တိုကျို၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ၂၀၂၂ ခုနှစ်က ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေးအား သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်မှုဖြင့် စွဲချက်တင်ခံထားရသည့် တဲဆုယ ယာမာဂါမိဆိုသူ အမျိုးသားက ၎င်းအား ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးသည့် အောက်တိုဘာ ၂၈ ရက်၌ ထိုအမှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ဂျပန်ပြည်တွင်းမီဒီယာများ၏...
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) Tansuo-3 သိပ္ပံသုတေသနသင်္ဘောနှင့် Fendouzhe (Striver) လူလိုက်ပါနိုင်သော ရေနက်ပိုင်းသွား ရေငုပ်သင်္ဘောတို့က ပံ့ပိုးမှုဖြင့် သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာရေးအဖွဲ့သည် အာတိတ်ဒေသစူးစမ်းလေ့လာရေး ပြီးစီးခဲ့ပြီးနောက် အောက်တိုဘာ ၂၇ ရက်တွင် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အဆိုပါ စူးစမ်းလေ့လာရေးအတွင်း Fendouzhe သည်...
တရုတ်နိုင်ငံ ဆန်းကျန့်မြို့တွင် မော်တော်ယာဉ် အစီး ၄,၀၀၀ ခန့်၏ အလေးချိန်နှင့်ညီမျှသော တန်ချိန် ၆,၀၀၀ ရှိ သံမဏိ ကောင်းကင်တံတားအား အထပ် ၄၀ ခန့် အမြင့်ဖြစ်သော ၁၁၉.၁၅ မီတာအမြင့်သို့ ပင့်တင့်ကာ မိုးမျှော်အဆောက်အအုံနှစ်လုံးအား ချိတ်ဆက်ပေးခဲ့သည်။ (Xinhua) …………….. (English Version) Time-lapse:...
ရှန့်ရောင်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) ဆောင်းဦးရာသီသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် ရှန့်ရောင်မြို့ရှိ ဟွမ်လျင်ကျေးရွာဆီသို့ စိုလွင်တောက်ပသော အရောင်အသွေးများကို ယူဆောင်လာခဲ့ပြီး အထင်ကရ ဟွေးပုံစံ ဗိသုကာလက်ရာများကို တောက်ပသော အနီရောင်နှင့် အဝါရောင်တို့ဖြင့် အလှဆင်ထားသည်။ (Xinhua) …………………………………….. (English Version) Autumn...