ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ သမ္မတ ပူတင် ရာထူးအပ်နှင်းခံရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် ပူတင်၏ ဦးဆောင်မှုအောက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးနှင့် လူမှုရေးတိုးတက်မှု ဆောင်ရွက်ရာတွင် အောင်မြင်မှုအသစ်များ စွမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၈ ရက်၌...
ကိုင်ရို၊ မေ ၈ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ ရာဖာတွင် တိုက်ခိုက်မှုများ လျော့ကျရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများအား ကြားဝင်ညှိနှိုင်းပေးရန် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၇ ရက်တွင် တောင်းဆိုလိုက်သည်။ အီဂျစ်နိုင်ငံအား ဖြတ်ကျော်သည့် ရာဖာနယ်စပ်ကို ထိန်းချုပ်ရေးဆောင်ရွက်သည့် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးကို ယင်းဝန်ကြီးဌာန က ရှုတ်ချခဲ့သည်။ ယင်းစစ်ဆင်ရေးအား...
ရန်ကုန်၊ မေ ၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် မြွေမျိုးစိတ်အသစ်ရှာဖွေတွေ့ရှိခဲ့ကြောင်း European Journal of Taxonomy သိပ္ပံသုတေသနဂျာနယ်၌ ဖော်ပြထားသောဆောင်းပါးအရ သိရသည်။ မေ ၃ ရက်ထုတ် European Journal of Taxonomy တွင် ဖော်ပြခဲ့သော ထိုသုတေသနတွေ့ရှိမှုကို...
ထျန်းကျင်း၊ မေ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ထျန်းကျင်းမြို့နှင့် တောင်အမေရိက အရှေ့ဘက်ကမ်းရိုးတန်းတို့အကြား တိုက်ရိုက်သင်္ဘော လမ်းကြောင်းသစ် ဖွင့်လှစ်သည့်အနေဖြင့် တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းမှ ကွန်တိန်နာ သင်္ဘောတစ်စင်း မေ ၆ ရက်က ထွက်ခွာသွားခဲ့သည်။ ယင်းလမ်းကြောင်းအား ကမ္ဘာတွင် အကြီးဆုံး သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအနက် တစ်ခုဖြစ်သည့်...
ဆော်ပိုလို၊ မေ ၈ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ တောင်ပိုင်း Rio Grande do Sul ပြည်နယ်၌ လွန်ခဲ့သော ၂၄ နာရီအတွင်း မုန်တိုင်းများ တိုက်ခတ်မှုကြောင့် နောက်ထပ် လူ ၅ ဦး ထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူအရေအတွက် ၉၀ ကျော်အထိ...
ဟနွိုင်း၊ မေ ၈ ရက် (ဆင်ဟွာ) ဗီယက်နမ်ကျေးလက်ဒေသများ တွင် မေ ၁ ရက်မှ ၇ ရက်အထိ မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းမုန်တိုင်းများတိုက်ခတ်ခြင်းနှင့် လျှပ်စီးလက်၊ မိုးကြိုးပစ်ခြင်းများကြောင့် လူခြောက်ဦး သေဆုံးခဲ့ပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးကော်မတီက ထုတ်ပြန်ဖော်ပြခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီတွင် ထပ်ဆင့်ဖော်ပြခဲ့သည်။...
ကုလသမဂ္ဂ၊ မေ ၈ ရက် (ဆင်ဟွာ) အရှေ့အာဖရိကဒေသ၌ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၇၅၀,၀၀၀ နီးပါးရေဘေးသင့်ခဲ့ပြီး လူဦးရေ ၂၃၄,၀၀၀ အိုးအိမ်စွန့်ခွာခဲ့ရကာ ၂၃၆ ဦး သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအဖွဲ့က မေ ၆ ရက်တွင်ပြောသည်။ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူများအနက် ကင်ညာတစ်နိုင်ငံတည်းတွင် သေဆုံးသူ ၂၂၉...
ကွာလာလမ်ပူ၊ မေ ၈ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူ၌ နှစ်နှစ်တစ်ကြိမ် ပြုလုပ်သည့် ကာကွယ်ရေးနှင့် လက်နက်အမျိုးမျိုး ပြပွဲတစ်ခုဖြစ်သည့် Defense Services Asia 2024 အား ကျင်းပလျက်ရှိသည်။ မေ ၆ ရက်က စတင်ခဲ့သည့် လေးရက်ကြာပြပွဲတွင် နိုင်ငံပေါင်း ၆၀...
မော်စကို၊ မေ ၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံက အတားအဆီးများအားလုံး ကျော်လွှားကာ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များအား စွမ်းဆောင် နိုင်မည် ဖြစ်ကြောင်း ဗလာတီမာပူတင်က မေ ၇ ရက်က ရုရှားနိုင်ငံ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုရာတွင် ပြောကြားခဲ့သည်။ ပူတင်က မတ်လ ၁၅ ရက်မှ...
ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ Chang’e-6 အာကာသယာဉ်သည် လအနီးရပ်နားခြင်းလုပ်ငန်းစဉ်ပြီးနောက် ၎င်း၏ လကမ္ဘာအနီးဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဌာန မေ ၈ ရက်တွင်ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Tjc …………………………………….. (English...