ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) တွင် ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အဆင်ပြေချောမွေ့စေရန် အစီအစဉ်တစ်ရပ်အား ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်လိုက်ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးတွင် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်း...
ဂျီနီဗာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) အိုမီခရွန် (Omicron) အပါအဝင် ထပ်မံပေါ်ထွက်လာသော မျိုးဗီဇပြောင်းဗိုင်းရပ်စ်များအား ဆက်လက်ကာကွယ်ရန် ပံ့ပိုးမည်ဆိုပါက လက်ရှိ COVID-19 ကာကွယ်ဆေးများအား အဆင့်မြှင့်တင်ရဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ထိုင်ဝမ်ရေလက်ကြား နှစ်ဖက်ဒေသရှိ ပြည်သူများအနေဖြင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးကို နားလည်သဘောပေါက်ရေးအတွက် အတူတကွရှေ့ဆက်ဆောင်ရွက်သွားသင့်ကြောင်း တရုတ်ပြည်မကြီး ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ကမ္ဘောဒီယားနိုင်ငံ၏ မြေမြှုပ်မိုင်းရှာ ရွှေတံဆိပ်ဆုရ သူရဲကောင်း ကြွက်ကလေး မက်ဂါဝါသည် အသက် ၈ နှစ်တွင် သေဆုံးသွားကြောင်း ပရဟိတအဖွဲ့ Apopo က အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
နန်ကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ဘက် ကုန်စည်တင်ပို့မှုတွင် အဓိက အချက်အချာမြို့ဖြစ်သော စူးကျိုးမြို့နှင့် လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းမြို့အကြား ကုန်စည်ပို့ဆောင်ရေးရထားလမ်းကြောင်းကို စတင်ပြေးဆွဲခဲ့ကြောင်း ရထားအော်ပရေတာ၏ပြောကြားချက်အရ သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ကပ်ရောဂါအလွန်ခေတ်တွင် ညှိနှိုင်းဆောင်ရွက်မှုသဘောထားဖြင့် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဇန်နဝါရီ ၁၁ ရက်၌ ပြောကြားခဲ့သည်။
ဂျေရုဆလမ် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံအစိုးရက စိုက်ပျိုးမြေများတွင် နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းကိရိယာများမှ လျှပ်စစ်ဓာတ်အား ထုတ်ယူရေး စမ်းသပ်ရန် အစီအစဉ်တစ်ခုအား ဇန်နဝါရီ ၁၁ ရက်တွင် ကြေညာခဲ့သည်။
ပြုံယမ်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ (DPRK) ခေါင်းဆောင် ကင်ဂျုံအန်းနှင့် အခြားထိပ်တန်း ခေါင်းဆောင်များ၏ ကြီးကြပ်မှုဖြင့် နောက်ဆုံးပေါ် အသံထက်မြန်သော “ဟိုက်ပါဆိုးနစ် (hypersonic) ထိပ်ဖူးတပ်ဆင်ထားသော ဒုံးကျည်” စမ်းသပ်မှုကို ဇန်နဝါရီ ၁၁ ရက်၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း Korean Central...
ဘန်ကောက် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) Nakhon Pathom ပြည်နယ်ရှိ သားသတ်ရုံတစ်ခုမှ စုဆောင်းရယူထားသည့် မြေပြင်ဓာတ်ခွဲနမူနာတစ်ခုတွင် အာဖရိကဝက်အပြင်းဖျားရောဂါကူးစက်မှုအား တွေ့ရှိရကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့ပြီး ယင်းမှာ နိုင်ငံအတွင်း ပထမဆုံး တိရစ္ဆာန်ရောဂါဖြစ်ပွားမှု ဖြစ်ကြောင်း ထိုင်းနိုင်ငံက ပြောကြားခဲ့သည်။
ကိုပင်ဟေဂင် ၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Hans Kluge က အိုမီခရွန်မျိုးဗီဇပြောင်းဗိုင်းရပ်စ်သည် “ အားကြီးသော ဒီလှိုင်း”ကဲ့သို့ ဥရောပတိုက်တွင် အရှိန်အဟုန်ပြင်းထန်စွာဖြင့် ကူးစက်ပြန့်နှံ့လာနေကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် သတိပေး ပြောကြားလိုက်သည်။