ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) မကြာမီက ဩစတြေးလျ၏ P-8A စစ်လေယာဉ်တစ်စင်းအား တရုတ်နိုင်ငံ၏ လေပိုင်နက်ထဲမှ မောင်းထုတ်ရန် တရုတ်တပ်မတော်၏ လုပ်ဆောင်ချက်များမှာ ကျိုးကြောင်းခိုင်လုံ၍ ဥပဒေနှင့်ညီညွတ်သလို ပရော်ဖက်ရှင်နယ်ပီသ၍ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၂၂ ရက်၌ ပြောကြားခဲ့ကာ...
ကွမ်ကျိုး၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်တုန်းပြည်နယ်သည် ငှက်များ တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းမှု အမြင့်မားဆုံးအချိန်ဖြစ်သော ဆောင်းဦးရာသီနှင့် ဆောင်းရာသီကာလအတွင်း ဆောင်းခိုငှက် ၃၀၀,၀၀၀ ကျော် အုပ်လိုက်ပျံသန်းရောက်ရှိလာမည့်အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း ပြည်နယ် သစ်တော စီမံခန့်ခွဲမှုဦးစီးဌာန၏ ပြောကြားမှုအရသိရသည်။ ဆောင်းခိုငှက်များမှာ ရေကျချိန်တွင် ပေါ်နေသောလဟာပြင်များ၊ ကုန်းတွင်းပိုင်းစိမ့်မြေများနှင့်...
ဟာရာရီ၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ဇင်ဘာဘွေနိုင်ငံ သတင်း၊ ပြန်ကြားရေးနှင့် ရုပ်သံလွှင့်ဝန်ဆောင်မှု၀န်ကြီး Jenfan Muswere က နိုင်ငံ၏ ဘိလပ်မြေ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးသည့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာမှုကို အောက်တိုဘာ ၂၁ ရက်၌ ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။ နိုင်ငံ၏မြို့တော် ဟာရာရီတွင် ပြုလုပ်သည့်...
နယူးယောက်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) Netflix ကုမ္ပဏီ၏ခန့်မှန်းချက်နှင့်အညီ တတိယသုံးလပတ်ဝင်ငွေသည် ၁၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဒေါ်လာ ၁၁.၅ ဘီလီယံ ရရှိခဲ့ကြောင်း နက်ဖလစ်က အောက်တိုဘာ ၂၁ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ ကြော်ငြာရောင်းချမှုအတွက် ၎င်း၏ အကောင်းဆုံးသုံးလပတ်အဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း Netflix က ပြောကြားခဲ့သည်။...
နန်ချန်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ၂၀၂၄ ခုနှစ်အကုန်တွင် တရုတ်နိုင်ငံတွင် ပုံရိပ်ယောင်တကယ့်ကမ္ဘာ (VR) ကဏ္ဍတွင် ကုမ္ပဏီပေါင်း ၁၀,၀၀၀ ကျော် လုပ်ငန်းလည်ပတ်နေကြောင်း တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းရှီးပြည်နယ် နန်ချန်းမြို့၌ အောက်တိုဘာ ၂၀ ရက်ကပြီးဆုံးခဲ့သည့် ၂၀၂၅ ကမ္ဘာ့ VR နည်းပညာလုပ်ငန်း ကွန်ဖရင့် (WCVRI)...
ပေကျင်း၊အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်ကာလ သုံးခုအတွင်း ပြည်တွင်းခရီးသွားခရီးစဥ်ပေါင်း ၅ ဘီလီယံနီးပါးအထိ စံချိန်တင်ခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၁၈ ရာခိုင်နှုန်း မြင့်တက် လာခဲ့ကြောင်း တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ သိရသည်။...
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) နိုင်ငံတကာ ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ (IOMed) ၏ ကနဦးအစပြုသူနှင့် အိမ်ရှင်နိုင်ငံအဖြစ် တရုတ်နိုင်ငံက IOMed တွင် နိုင်ငံများစွာ ပါဝင်လာရန်၊ အဖွဲ့အစည်းနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုရှိရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဆောင်မှုအသစ်များ အတူတကွဆောင်ရွက်ကြရန် ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ...
ဂျေရုဆလမ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ဟားမက်စ်အဖွဲ့အနေဖြင့် လက်နက်စွန့်ရန် ငြင်းဆန်မည်ဆိုပါက ချေမှုန်းခံရမည်ဖြစ်ကြောင်း၊ ဂါဇာဒေသတွင် မည်သည့်ပြည်ပတပ်ဖွဲ့ဝင်များအား တပ်ဖြန့်ချထားဖွယ်ရှိသည်ကို အစ္စရေးက ဆုံးဖြတ်မည်ဖြစ်ကြောင်း အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က အောက်တိုဘာ ၂၁ ရက်၌ ပြောကြားခဲ့သည်။ ဟားမက်စ်အဖွဲ့ဘက်က ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ဟားမက်စ် တိုက်ခိုက်ရေးသမားများကို...
လန်ကျိုး၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုပြည်နယ်ရှိ ချစ်စဖွယ်ကောင်းသော ပန်ဒါဝက်ဝံပေါက်လေးသည် တစ်လသားအရွယ်မျှပင်ရှိသေးသည်။ လက်ဖဝါးတစ်ခုစာဆံ့သောအရွယ်အစားမျှသာ သေးငယ်စွာ မွေးဖွားခဲ့သော်လည်း ယခုဆိုလျှင် ကိုယ်အလေးချိန် ၁,၂၀၀ ဂရမ်ကျော်သွားပြီဖြစ်သည်။ အဆိုပါပန်ဒါဝက်ဝံပေါက်လေးသည် ၎င်း၏ ခန္ဓာကိုယ်ပေါ်က အထင်ကရအမှတ်အသားများဖြစ်သည့် အဖြူနှင့် အမဲ အရောင်များကိုပင် စတင်ပြသနေပြီဖြစ်သည်။ (Xinhua)...
Unitree H2 စက်ရုပ်ကို နှုတ်ဆက်ကြည့်ပါစို့။ တရုတ်နိုင်ငံ၏ စက်ရုပ်တီထွင်ထုတ်လုပ်ရေးကုမ္ပဏီ Unitree Robotics က ထုတ်လုပ်ထားသော လူပုံစံတူစက်ရုပ် အမျိုးအစားသစ်မှာ ကိုယ်နေဟန်ထား ပြေပြစ်ညက်ညောစွာ သွားလာလှုပ်ရှားနိုင်သည့်အတွက် မယုံနိုင်လောက်အောင် သဘာဝကျသည်ဟု ခံစားမိစေမည်ဖြစ်ကာ ပြေပြစ်ကြော့ရှင်းသည့် ဒီဇိုင်းအသွင်အပြင်ဟူသော စကားရပ်အတွက် အလုံးစုံဆန်းသစ်သော အဓိပ္ပာယ်တစ်ခုကို ဖွင့်ဆိုပေးလျက်ရှိသည်။ (Xinhua) ………………....