ဒါကာ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာရှိ ဆင်းရဲသားရပ်ကွက်၌ နေထိုင်သူများအား ကိုဗစ်-၁၉ (COVID-19) ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လန်ဒန် ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံမှ F35 ဂျက်တိုက်လေယာဉ်တစ်စင်းသည် မြေထဲပင်လယ်ပေါ်တွင် ပုံမှန်ကင်းလှည့်မှုတစ်ခု ပြုလုပ်နေစဉ်အတွင်း ပင်လယ်ထဲ ပျက်ကျသွားခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂို ဒူတာတေး(Rodrigo Duterte) ၏ သမီးဖြစ်သူ ဆာရာဒူတာတေးကာပီယို (Sara Duterte-Carpio )သည် ၂၀၂၂ ခုနှစ်ရွေးကောက်ပွဲတွင် ဒုတိယသမ္မတနေရာအတွက် ယှဉ်ပြိုင်အရွေးခံမည်ဖြစ်ပြီး စစ်တမ်းကောက်ယူမှု၌ ဦးဆောင်နေသည့် သမ္မတလောင်း Ferdinand Marcos Jr. နှင့်...
ဟိုင်ခို၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ကို နိုင်ငံတကာ ခရီးသွားလုပ်ငန်းနှင့် ခရီးသွားရောက်ရာနေရာတစ်ခု ဖြစ်လာစေရန် အခွန်ကင်းလွတ်ဈေးဝယ်ခြင်း၊ နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နိုင်ငံတကာပညာရေး အပါအဝင် ကဏ္ဍသုံးခုတွင် ကိုက်ညီမှုရှိရန် စီစဉ်ထားကြောင်း ၂၀၂၁-၂၀၂၅ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအရ သိရသည်။
ပေကျင်း ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က “ ထိုင်ဝမ်ခွဲထွက်ရေး” ကြိုးပမ်းမှုသည် “ ကျွန်ုပ်တို့အား ရန်စခြင်း ၊ ကျွန်တော်တို့လက်ကို တွန်းအားပေးခြင်း သို့မဟုတ် မျဉ်းနီကိုကျော်ဖြတ်ခြင်း” မှတ်ယူကာ ခွဲထွက်ရေးအင်အားစုများအား တရုတ်နိုင်ငံက ခိုင်မာသောသန္နိဌာန်ဖြင့် အရေးယူဆောင်ရွက်မှု လုပ်ဆောင်သွားမည်ဟု နိုဝင်ဘာ ၁၆ ရက်တွင်...
မနီလာ ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) သမ္မတ သက်တမ်း ကုန်ဆုံးတော့မည် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးသည် ၂၀၂၂ ခုနှစ် မေလ ရွေးကောက်ပွဲများတွင် ဥပဒေပြုအထက်လွှတ်တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလက်မှတ်အား နိုဝင်ဘာ ၁၅ ရက်တွင် စာရင်းပေးသွင်းခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန်နှင့် ဗီဒီယိုလင့်ခ်မှတစ်ဆင့် နိုဝင်ဘာ ၁၅ ရက်၌ တွေ့ဆုံခဲ့ပြီး တရုတ်အနေဖြင့် ကမ္ဘောဒီးယား၏ ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး၊ စီးပွားရေးနာလန်ထူမှုနှင့် ပြည်သူများ၏ လူနေမှုဘဝများအား တတ်စွမ်းသမျှ...
စိန်ယန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်ပြည်နယ်ရှိ စိန်ယန် နန်းတော်ပြတိုက် (Shenyang Palace Museum) တည်ဆောက်ခြင်း ၉၅ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား နိုဝင်ဘာ ၁၆ ရက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် နိုဝင်ဘာ ၁၅ ရက်တွင် Abyei မြို့အတွက် ကုလသမဂ္ဂ ယာယီလုံခြုံရေးတပ်ဖွဲ့ (UNISFA) ၏ လုပ်ပိုင်ခွင့်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်အထိ သက်တမ်းတိုးမြှင့်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးခေါင်းဆောင်များနှင့်အတူ ကမ္ဘာ့စီးပွားရေးဖိုရမ် အထူးအွန်လိုင်းဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး မှတ်ချက်စကားပြောကြားခြင်းနှင့် ဖိုရမ်တက်ရောက်လာသော ကမ္ဘာ့စီးပွားရေးခေါင်းဆောင်များနှင့် ဆွေးနွေးပွဲနှင့် ဖလှယ်ခြင်းများ နိုဝင်ဘာ ၁၆ ရက်၌ ပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကျောက်လိကျန်း၏ ပြောကြားချက်အရ သိရသည်။...