ဖနွမ်းပင်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘောဒီးယားနိုင်ငံအား ဆေးရွက်ကြီးအသုံးပြုမှုထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုများအတွက် ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဆေးရွက်ကြီးကင်းမဲ့ရေးနေ့ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လီမာ ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံက အသက် ၁၈ နှစ်အထက် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အဓိကထားသည့် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး ကာကွယ်ဆေး ထိုးနှံရေး လှုပ်ရှားမှုကို ဇွန် ၁၂ ရက်တွင် စတင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး Oscar Ugarte က ကြေညာခဲ့သည်။
ပြုံးယမ်း ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်သည် တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည် ထပ်မံမြှင့်တင်ရေး အရေးကြီးသော လုပ်ငန်းများကို ဆွေးနွေးရန် ဇွန် ၁၁ ရက်တွင် စစ်ဘက်ဆိုင်ရာအစည်းအဝေးတစ်ခုအား ဦးဆောင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
တိုကျို၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမြန်မီးရထားလုပ်ငန်း (China Railway Express) သည် COVID-19 ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်းနှင့် လေကြောင်း သယ်ယူပို့ဆောင်ရေးကွင်းဆက်များအပေါ် ကြီးမားသော နှောင့်နှေးမှုများ ဖြစ်ပေါ်နေသည့်ကြားမှ “တရုတ်မှ ဥရောပသို့ မော်တော်ကားမှ နေအိမ်သုံးကုန်စည်များအထိ အရာအားလုံးကို တင်ပို့ရန်...
ရီယာ့ဒ် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) လာမည့် ဟာဂျ် ဘုရားဖူး ရာသီတွင် ပြည်တွင်းဘုရားဖူးများကို အမြင့်ဆုံးအရေအတွက် ဦးရေ ၆၀,၀၀၀ သာ အကန့်အသတ်ဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဆော်ဒီအာရေးဗျနိုင်ငံက စနေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကိုလံဘို၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ COVID-19 ထပ်မံကူးစက်ပျံ့နှံ့မှုကို ကာကွယ်ရန် လက်ရှိချမှတ်ထားသော နိုင်ငံအနှံ့ခရီးသွားလာခွင့် ကန့်သတ်ချက်အား ဇွန် ၂၁ ရက်အထိ ထပ်မံသက်တမ်းတိုးမည်ဖြစ်ကြောင်း အာဏာပိုင်များက ဇွန် ၁၁ ရက်တွင်ပြောကြားခဲ့သည်။
ဒါကာ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇွန် ၁၁ ရက်တွင် COVID-19 ရောဂါကြောင့် စုစုပေါင်း သေဆုံးသူ ၁၃,၀၀၀ ဦးနှင့် စုစုပေါင်းကူးစက်ခံရသူဦးရေ ၈၂၂,၀၀၀ ကျော်သို့ ရောက်ရှိလာခဲ့ပြီး နိုင်ငံတွင်း၌ တကျော့ပြန်ကူးစက်မှုအားထိန်းချုပ်ရန် အပြင်းအထန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရောမ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) အီတလီနိုင်ငံတွင် အသက် ၆၀ နှစ်အောက်ရှိသူများ၌ AstraZeneca ကာကွယ်ဆေးအသုံးပြုခြင်းအား ဇွန် ၁၁ ရက်တွင် ဆိုင်းငံ့ခဲ့ကြောင်း COVID-19 နှင့်ပတ်သက်၍ ပြုလုပ်သည့် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ကြေညာခဲ့သည်။
မနီလာ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ပိုလီယိုရောဂါကူးစက်မှုပြန်လည်မြင့်တက်လာပြီးနောက် နှစ်နှစ်နီးပါးမျှအကြာတွင် ရောဂါဖြစ်ပွားမှု အဆုံးသတ်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF) တို့က ဇွန် ၁၁ ရက်၌ ကြေညာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဦးစီးဌာန (DOH) အနေဖြင့် ယခုနှစ်...
အစ္စလာမ်မာဘတ်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်းရှိ Balochistan ပြည်နယ်၊ Khuzdar ခရိုင်၌ ခရီးသည်တင်ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန် ၁၁ ရက်နံနက်ပိုင်းတွင် ဒေသတွင်းသတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါဘတ်စ်ကားသည်...