မော်စကို၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရုရှားတိုက်လေယာဉ်များသည် ပစိဖိတ်သမုဒ္ဒရာ၏ ကြားနေရေပိုင်နက်အပေါ် ပျံသန်းနေသော အမေရိကန် ဗျူဟာမြောက်ဗုံးကျဲလေယာဉ်အား လိုက်ပါထောက်လှမ်းခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ပစိဖိတ်သမုဒ္ဒရာအပေါ် ရုရှား နယ်စပ်များသို့ ချဉ်းကပ်လာသော လေကြောင်းပစ်မှတ်တစ်ခုအား ရုရှားနိုင်ငံမှ ရေဒါများက ဖမ်းယူမိခဲ့ကြောင်းနှင့် ယင်းအခြေအနေအား တုံ့ပြန်ရန် ရုရှား...
ဘာလင် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံ၏ လက်ရှိဒုတိယဝန်ကြီးချုပ် နှင့် ဘဏ္ဍာရေးဝန်ကြီး Olaf Scholz ဦးဆောင်သော ဗဟိုလက်ဝဲယိမ်း ဆိုရှယ် ဒီမိုကရက်တစ်ပါတီ (SPD)သည် တနင်္ဂနွေနေ့က ကျင်းပပြုလုပ်သော ဖက်ဒရယ်ရွေးကောက်ပွဲတွင် ထောက်ခံမဲ ၂၆ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ကြောင်း ကနဦးမဲရလဒ်ထုတ်ပြန်ချက်ကို ကိုးကား၍ ဂျာမနီ...
ပေကျင်း၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ယခုနှစ် စတုတ္ထသုံးလပတ်မှစ၍ ဘဏ်နှင့် သဘောတူစာချုပ်ချုပ်ဆိုထားသော စီမံကိန်းများမှအပ ပြည်ပတွင် ကျောက်မီးသွေးတူးဖော်ခြင်းနှင့် ကျောက်မီးသွေးလောင်စာသုံး စွမ်းအင်စီမံကိန်းများအတွက် Bank of China (BOC) က ငွေကြေးထောက်ပံ့ခြင်းပြုလုပ်တော့မည်မဟုတ်ကြောင်း သိရသည်။ တရုတ်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်မတိုင်မီ ကာဗွန်ထုတ်လွှတ်မှုလျှော့ချမှု အမြင့်ဆုံးဖြစ်နိုင်ရေးနှင့်...
ခတ္တမန္ဒူ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံက ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်နိုးထလာစေရန် COVID-19 ကာကွယ်ဆေး အပြည့်အဝထိုးနှံထားသော ပြည်ပခရီးသွားဧည့်သည်များအတွက် ဆိုက်ရောက်ဗီဇာဝန်ဆောင်မှုကို စက်တင်ဘာ ၂၃ ရက်က ပြန်လည်စတင်လိုက်ကြောင်း သိရသည်။
ဂျေရုဆလင်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံထားခြင်းမရှိသည့် ကျောင်းဆရာ၊ဆရာမ များအနေဖြင့် COVID-19 ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း ဆေးစစ်ထားသော်ငြားလည်း ကျောင်းဝင်း အတွင်း ဝင်ရောက်ခွင့်တားမြစ်ခံရမည်ဖြစ်ကြောင်း အစ္စရေးပညာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၃ ရက်တွင်ပြောခဲ့သထိုဆုံးဖြတ်ချက်အရ COVID-19 ကာကွယ်ဆေထိုးနှံခြင်း သို့မဟုတ် ရောဂါမှ ပြန်လည်ကောင်းမွန်...
ပေကျင်း၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) ဥက္ကဋ္ဌ အဗ္ဗဒူလာ ရှာဟစ် (Abdulla Shahid) နှင့် စက်တင်ဘာ ၂၃ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဆော်လမွန်ကျွန်းစုများနိုင်ငံနှင့် အခြားသော ပစိဖိတ်ကျွန်းနိုင်ငံများနှင့်အတူ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် နက်ရှိုင်းသော ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု၌ ၎င်း၏အတွေ့အကြုံကို မျှဝေရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က စက်တင်ဘာ ၂၄ ရက်၌ ပြောကြားခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ) ပျက်ကျသွားသည့် ရုရှားနိုင်ငံ An-26 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်တွင် လိုက်ပါသူ ၆ ဦးလုံး သေဆုံးသွားကြောင်း TASS သတင်းအေဂျင်စီက စက်တင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ချစ်ကြည်ရင်းနှီးစွာဆက်ဆံလိုကြောင်း အသစ်ဖွဲ့စည်းလိုက်သော အာဖဂန်နစ္စတန် အစိုးရ၏ ယာယီနိုင်ငံခြားရေးဝန်ကြီးက စက်တင်ဘာ ၂၄ ရက်၌ ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၃ ရက်(ဆင်ဟွာ) ကုလသမဂ္ဂက အာဖဂန်နစ္စတန်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ် မပြိုလဲစေရေး ကူညီရန် အရေးပေါ်ရန်ပုံငွေများထဲသို့ အမေရိကန်ဒေါ်လာ ၄၅ သန်း ချထားပေးကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။