ဂျကာတာ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်သစ်ဖြစ်သည့် နျူဆန်ထရာတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရရှိစေရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေကို ရေးဆွဲပြီးစီးခဲ့ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ဇူလိုင် ၂၈ ရက်က မြို့တော်သစ် တည်ဆောက်မှုဆိုင်ရာ လုပ်ငန်းအခြေအနေတိုးတက်မှုများ ပြန်လည်သုံးသပ်ရာ၌ ပြောကြားခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ စီးပွားရေးလုပ်ငန်းများမှ မြို့တော်သစ်တွင်...
ဒါကာ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ငွေကြေးထောက်ပံ့ထားသည့် Payra လျှပ်စစ်ဓာတ်အားပေးစက်ရုံက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လျှပ်စစ်ဓာတ်အား ရရှိရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း သိရသည်။ မဂ္ဂဝါပ် ၁,၃၂၀ ရှိပြီး ဂေဟစနစ်နှင့် ကိုက်ညီသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံက ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ultra-supercritical နည်းပညာအား မိတ်ဆက်ပေးခဲ့ကြောင်း...
ဟနွိုင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံသို့ ယခုနှစ် ပထမ ခုနစ်လအတွင်း နိုင်ငံတကာခရီးသွား ၁၀ သန်းနီးပါး လာရောက်ခဲ့ကြောင်းနှင့် ယင်းခရီးသွားများအနက် ဥရောပမှ ခရီးသွားအရေအတွက်သည် သိသိသာသာတိုးလာကြောင်း ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းအင်းရုံးက ဇူလိုင် ၂၉ ရက်တွင်ပြောကြားသည်။ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှု ကိန်းဂဏန်းများအရ ယမန်နှစ်...
ကိုင်ရို၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ဆူးအက်တူးမြောင်းဖြတ်သန်းခက ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် အမေရိကန်ဒေါ်လာ ၉၅၉.၃ သန်းအထိ ၅၇.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း အီဂျစ်ဗဟိုဘဏ်က ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။ ဆူးအက်တူးမြောင်းဖြတ်သန်းခအနေဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လမှ ၂၀၂၄ ခုနှစ် မတ်လအထိ...
ရန်ကုန်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ တောင်ပိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုများ ကြုံတွေ့လျက်ရှိရာ လူထောင်ပေါင်းများစွာ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရပြီး အခြေခံအဆောက်အအုံများ ရေနစ်မြုပ်လျက်ရှိကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မြို့ ၁၃ မြို့က မြစ်များ၏ ရေမျက်နှာပြင်မှာ...
နိုင်ရိုဘီ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ကင်ညာနိုင်ငံ ကမ်းရိုးတန်းဒေသရှိ သမိုင်းဝင် ဂီဒီမြို့ကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းခဲ့ကြောင်း ကင်ညာအမျိုးသားပြတိုက် (NMK) က ဇူလိုင် ၂၇ ရက်၌ ပြောသည်။ ကင်ညာအမျိုးသားပြတိုက်၏ အဆိုအရ...
ပဲရစ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) နှင့် အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်း တိုးချဲ့ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံသည် လာမည့်နှစ် ဆောင်းရာသီအာရှအားကစားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်လည်းဖြစ်သော...
ကဘူးလ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ပြီးခဲ့သည့်နှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ အသည်းရောင် အသားဝါ ဘီ နှင့် စီ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၁၅,၀၀၀ နီးပါးရှိကြောင်း နိုင်ငံ၏ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။ လွန်ခဲ့သည့် တစ်နှစ်အတွင်းလူပေါင်း ၁၅,၀၀၀ နီးပါး...
ဂါဇာ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ပါလက်စတိုင်း ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် လုပ်ငန်းအဖွဲ့ (ယူအင်န် အာဒဗလျူအေ) က ဂါဇာကမ်းမြောင်ဒေသ၌ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလမှစတင်၍ ယခုအချိန်အထိ ၎င်းတို့၏ အဖွဲ့ဝင်၂၀၀ နီးပါး သေဆုံးခဲ့ကြောင်းပြောကြားသည်။ ယင်းသည် ကုလသမဂ္ဂ ဖွဲ့စည်းတည်ထောင်ပြီးနောက်ပိုင်း ပဋိပက္ခတစ်ခုတည်း...
ဂျကာတာ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများအား အင်ဒိုနီးရှားပညာရှင် တစ်ဦးက မကြာသေးမီက ဆင်ဟွာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ချီးကျူးခဲ့ပြီး လေထုညစ်ညမ်းမှု လျော့ချရေးနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ထိန်းချုပ်ရေး တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုက အခြားနိုင်ငံများအနေဖြင့် ချီးကျူးထိုက်ပြီး လေ့လာသင့်ကြောင်း မှတ်ချက်ပြုခဲ့သည်။ (Xinhua)...