ကူမင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် 5G ကွန်ရက်တပ်ဆင်ထားပြီး ဟီလီယံဓာတ်ငွေ့ဖြင့် အမြင့်တက်နိုင်သော မောင်းသူမဲ့လေသင်္ဘောအား အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပုံသေပိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှု(FAI)သည် ယခုနှစ် ပထမ(၈)လကြာကာလတွင် လွန်ခဲ့သည့်နှစ်ကာလတူများထက် (၈.၉)ရာခိုင်နှုန်း မြင့်တက်လာကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို(NBS)၏ ဗုဒ္ဓဟူးနေ့ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
ဝါရှင်တန် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက ကမ္ဘာ့နိုင်ငံအများစုကို ကာကွယ်ဆေး မထိုးပေးသော်လည်း တရုတ်နိုင်ငံက ထိုးပေးနိုင်ကြောင်း အမေရိကန် သတင်းဝက်ဆိုဒ် Axios news က စက်တင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့သည်။
ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) Apple က iPad (နဝမမျိုးဆက်) နှင့် iPad mini အသစ်တို့ ကို စက်တင်ဘာ ၁၄ ရက်တွင် မိတ်ဆက်ခဲ့သည်။
ကျန်းကျိုး ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) တရုတ်တပ်မတော်က စီစဉ်ကျင်းပသည့် “ကံကြမ္မာအကျိုးတူဖော်ဆောင်ခြင်း-၂၀၂၁” ဟု အမည်ရသော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စစ်ရေးလေ့ကျင့်ခြင်းသည် စက်တင်ဘာ ၁၅ ရက်တွင် တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် Queshan ကောင်တီရှိ လေ့ကျင့်ရေးစခန်း၌ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
ဆိုးလ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံသည် အမျိုးအမည်မသိ ပဲ့ထိန်းဒုံးကျည်နှစ်စင်းအား အရှေ့ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က စက်တင်ဘာ ၁၅ ရက်၌ ပြောကြားခဲ့သည်။
အူလန်ဘာတာ ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) မွန်ဂိုလီးယားနိုင်ငံ၌ အိမ်မွေးကြောင်နှစ်ကောင်တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း တိရစ္ဆာန်ကူးစက်ရောဂါများအတွက် အမျိုးသားစင်တာက စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နန်နင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) ဆွေးနွေးဖက်နိုင်ငံဆက်ဆံရေး ထူထောင်ခဲ့သော လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ အကြာကတည်းက တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် နယ်ပယ်စုံတွင် အကျိုးအမြတ်ရှိသော ရလဒ်များဖြင့် ချိတ်ဆက်လက်တွဲလျက် ရှေ့ဆက်လာခဲ့ရာ အာရှ-ပစိဖိတ်ဒေသတွင် ပူးပေါင်းဆောင်ရွက်မှု၏ တက်ကြွမှုအရှိဆုံး စံပြပုံစံဖြစ်လာခဲ့သည်။
ဘန်ကောက် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံက လာမည့်ငါးနှစ်အတွင်း လူပေါင်း ၁ သန်း ဆွဲဆောင်ရန် ရည်ရွယ်၍ အလားအလာမြင့်မားသောနိုင်ငံခြားသားများ ရေရှည်နေထိုင်ခွင့် အစီအမံများကို စက်တင်ဘာ ၁၄ ရက်တွင် အတည်ပြုခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) တာလီဘန် အစိုးရအသစ် ခေတ္တနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi က အာဖဂန်ပြည်သူများအတွက် အကူအညီပံ့ပိုးမှု ဆက်လက်ပေးအပ်ကြရန် နိုင်ငံတကာအသိုင်းအဝိုင်းအား စက်တင်ဘာ ၁၄ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။