ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာဖဂန်ပြည်သူများ၏ လိုအပ်ချက်များအရ ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၃၀.၉၆ သန်း) တန်ဖိုးရှိသော ပြောင်းဆံများ၊ ဆောင်းတွင်းသုံး အထောက်အကူပစ္စည်းများ၊ ကာကွယ်ဆေးများနှင့် ဆေးဝါးများအား အာဖဂန်နစ္စတန်နိုင်ငံထံ အရေးပေါ်ပံ့ပိုးကူညီရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မော်စကို ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနဝန်ကြီး Yevgeny Zinichev သည် လူ့အသက်တစ်ချောင်းကို ကယ်တင်ရန် ကြိုးပမ်းစဉ် တာဝန်ချိန်အတွင်း သေဆုံးခဲ့ကြောင်း ဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ Arctic zone (အာတိတ်ဇုန်)အား အရေးပေါ်အခြေအနေတွင် ကာကွယ်ရန်အတွက် ရုရှားနိုင်ငံ...
ဗီယင်ကျန်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) လာအိုနိုင်ငံရှိ ဆေးဝါးထုတ်လုပ်သူများက COVID-19 ရောဂါအတွက် ဆေးဖက်ဝင်ပရဆေးများအား ဆေးတောင့်ပုံစံဖြင့် ထုတ်လုပ်မှုစတင်ရန်ရှိကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေး အရှိန်မြှင့်တင်ရန် လာဘ်ပေးလာဘ်ယူပြု လုပ်သူများအတွက် အ မည်ပျက်စာရင်းတစ်ခုကို တရုတ်အာဏာပိုင်များက အစပျိုးလိမ့်မည်ဖြစ်ကြောင်း လမ်းညွှန်ချက်တစ်ခုအရ သိရသည်။
နယူးဒေလီ ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်ရှိ အာဏာရပါတီဖြစ်သည့် Bharatiya Janata Party (BJP) ပါတီလွှတ်တော်ကိုယ်စားလှယ် Arjun Singh ၏ နေအိမ်အပြင်ဘက်တွင် စက်တင်ဘာ ၈ ရက်တွင် လက်လုပ်ဗုံး ၃ လုံးထက်မနည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း...
ဂျကာတာ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာအနီးရှိ Tangerangမြို့ အကျဉ်းထောင်တစ်ခု၌ ဗုဒ္ဓဟူးနေ့ အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း(၄၁)ဦး သေဆုံးပြီးအခြား ဒဏ်ရာရသူ (၈၀)ခန့် ရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
မော်စကို၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံအနေဖြင့် တာလီဘန်အစိုးရအား အသိအမှတ်ပြုရေးအပေါ် မည်သည့်ဆုံးဖြတ်ချက်မှ ချမှတ်ထားခြင်း မရှိသေးကြောင်းနှင့် အာဖဂန်နစ္စတန်နိုင်ငံ၏ အခြေအနေကို “အလွန်သတိကြီးစွာဖြင့်” စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကရင်မလင်နန်းတော်က စက်တင်ဘာ၇ ရက်က ပြောကြားခဲ့သည်။
ဘန်ကောက် ၊ စက်တင်ဘာ ၈ ရက်(ဆင်ဟွာ) Sinovac ကာကွယ်ဆေးအပေါ် သတင်းအချက်အလက်အမှားများသည် ထိုင်းနိုင်ငံ နှင့် တရုတ်နိုင်ငံအကြား ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း ထိုင်းနေ့စဉ်သတင်းစာတစ်စောင်က ပြည်တွင်းအဆင့်မြင့် အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ စက်တင်ဘာ ၆ ရက်တွင် ဖော်ပြခဲ့သည်။
မက္ကဆီကိုစီးတီး၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) မက္ကဆီကိုအလယ်ပိုင်း Hidalgo ပြည်နယ်၊ Tula မြို့ ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် ဆေးရုံတစ်ရုံတွင် လူနာ ၁၇ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၇ ရက်တွင်ပြောသည်။
ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၏ ဖိန်ကြားချက်အရ စက်တင်ဘာ ၉ ရက်တွင် ပြုလုပ်မည့် ၁၃ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က စက်တင်ဘာ...