မော်စကို၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Kaluga ဒေသတွင် Mi-28 ရဟတ်ယာဉ် ပုံမှန်ပျံသန်းနေစဉ် ပျက်ကျသွားခဲ့ရာ ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသူများ သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။ ရဟတ်ယာဉ်ပျက်ကျသောနေရာမှာ လူမနေသောဧရိယာဖြစ်သဖြင့် မြေပြင်၌ အပျက်အစီးမရှိကြောင်း၊ ကနဦးတွေ့ရှိချက်အရ နည်းပညာချို့ယွင်းမှုကြောင့် ပျက်ကျရခြင်းဖြစ်ကြောင်း...
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က အလိုရှိနေပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေသော မူးယစ်ဆက်စပ်တရားခံပြေး သုံးဦးကို နှစ်နိုင်ငံကြား တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဘက်မှ လွှဲပြောင်းပေးခဲ့သော တရားခံပြေးသုံးဦးကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့က...
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) “တရုတ်နိုင်ငံရဲ့ နည်းပညာက ကမ္ဘာကြီးအတွက် ရှေးဟောင်းသုတေသနနေရာတွေ ရှင်းပြဖို့ ကူညီပေး နေပါတယ်” ဟု အီတလီနှင့် နိုင်ငံရပ်ခြားတွင် သမိုင်း-အနုပညာ အမွေအနှစ်များ မြှင့်တင်ရန် ရည်မှန်း ဆောင်ရွက်နေသည့် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုလုပ်ငန်း Civita Mostre e Musei...
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ပဲရစ်အိုလံပစ်အားကစားပွဲတွင် ကြက်တောင်အားကစားနှင့် ရေကူးအားကစား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ၏ သတင်းဖော်ပြချက်အရ သိရသည်။ ကြက်တောင်အားကစားမယ်ဖြစ်သော မသက်ထားသူဇာသည် ကြက်တောင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သလို မောင်ဘုန်းပြည့်ဟန်ကလည်း အမျိုးသား မီတာ ၁၀၀ အလွတ်ရေကူးအားကစား၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။...
ဖူကျိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ်တွင် ယခုနှစ်၏ တတိယမြောက် တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာသဖြင့် ဇူလိုင် ၂၅ ရက် နံနက် ၇ နာရီအထိ ဒေသခံ ၁၅၆,၈၀၀ ဦးကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောခဲ့သည်။ ထို့ပြင် ယင်းပြည်နယ်၏...
ဂျကာတာ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ ဒီဇယ်အင်ဂျင်သုံး ရထားစက်ခေါင်းများအား စားအုန်းဆီ ၄၀ ရာခိုင်နှုန်းပါဝင်သည့် ဇီဝလောင်စာဖြင့် ပထမဆုံး စမ်းသပ်ပြေးဆွဲရန် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယခုအစီအစဉ်သည် စားအုန်းဆီ အခြေခံထုတ်လုပ်သည့် ဇီဝလောင်စာများကို သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် သုံးစွဲရန် အစိုးရ၏ ဆောင်ရွက်ချက်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ စွမ်းအင်နှင့်...
မနီလာ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာနှင့် မြောက်ပိုင်း ပြည်နယ်များတွင် တိုင်ဖွန်းမုန်တိုင်း ဂေမီနှင့်အတူ အနောက်တောင်မုတ်သုံလေ တိုက်ခတ်မှုကြောင့် ဇူလိုင် ၂၄ ရက်က မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့ရာ မြို့တော်မနီလာနှင့် အနီးတစ်ဝိုက်ကို ကပ်ဘေးအခြေအနေတစ်ရပ်အဖြစ် ကြေညာခဲ့ရသည်။ တိုင်ဖွန်းမုန်တိုင်းကြောင့် လူဦးရေ ၁၃...
ဗီယင်ကျန်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းရှိ Khamsavath ရထားဘူတာရုံနှင့် ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်ရှိ Krung Thep Aphiwat Central ဘူတာရုံတို့အကြား ပြေးဆွဲသည့် လာအို-ထိုင်း နယ်စပ်ဖြတ်ကျော် ခရီးသည်တင်ရထား တရားဝင်စတင်ပြေးဆွဲခဲ့ပြီဖြစ်ကြောင်း သိရသည်။ (Xinhua) ………………………… (English Version)...
ကိုလံဘို၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) အမျိုးသား စားသုံးသူဈေးနှုန်း အညွှန်းကိန်းအရ သီရိလင်္ကာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် မေလတွင် ၁ ဒသမ ၆ ရာခိုင်နှုန်းရှိရာမှ ဇွန်လတွင် ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သန်းခေါင်စာရင်းနှင့် စာရင်းအင်းဦးစီးဌာနက ဇူလိုင် ၂၂ ရက်၌...
ကွေ့ကျိုး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba နှင့် ဇူလိုင် ၂၄ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ တိုးတက်မှုရှိစေရေးအတွက် တိုက်တွန်းခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့သည် ချစ်ကြည်ရင်းနှီးသော နိုင်ငံများဖြစ်ကြကြောင်း၊ နှစ်နိုင်ငံ...