ဂျကာတာ၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းအပန်းဖြေစခန်းရှိ ဗီလာတစ်ခုတွင် နိုင်ငံခြားသား ၁၀၃ ဦးကို ဆိုက်ဘာ ရာဇ၀တ်မှုဆိုင်ရာ လှုပ်ရှားမှုများ၌ ပါဝင်ပတ်သက်မှုဖြင့် ဇွန် ၂၇ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် ဆိုက်ဘာရာဇ၀တ်မှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိပြီး ဘာလီကျွန်းတွင်...
ကွမ်ကျိုး၊ ဇွန် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် မြို့တော် ကွမ်ကျိုးနှင့် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့နှင့် တိုက်ရိုက်လေကြောင်းခရီးစဉ်သစ်ကို ဇွန် ၂၈ ရက်က စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။ လေကြောင်းခရီးစဉ် CZ8065 ဖြင့် လေယာဉ်သည် ခရီးသည် ၂၅၉ ဦးအား တင်ဆောင်လျက်...
ဟွမ်ဆန်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် ဟွမ်ဆန်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် ကဏ္ဍစုံမှ ဝန်ထမ်းများသည် ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းကို စုစည်းဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံ အမျိုးသားမိုးလေဝသဌာနက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးသက်မုန်တိုင်းများအတွက် ဇွန် ၂၇ ရက်က ပြင်ဆင်သတ်မှတ်ခဲ့သော လိမ္မော်ရောင်သတိပေးချက်များက အန်းဟွေးပြည်နယ် အပါအဝင်...
နယူးဒေလီ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆောက်လက်စအဆောက်အအုံ နံရံပြိုကျပြီးနောက် လူ ၃ ဦးသေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများက ဆင်ဟွာကို တယ်လီဖုန်းမှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။ သေဆုံးသူများအားလုံးသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသူများဖြစ်ကြသည်။ အဆိုပါ ပိတ်မိသောနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ “ဒီနေ့မနက်က မိုးသည်းသည်းမည်းမည်းရွာပြီး...
ဗီယင်ကျန်း ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး အမျိုးသားမဟာဗျူဟာတစ်ရပ်ကို လာအိုနိုင်ငံ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနက ချမှတ်ခဲ့ကြောင်း သိရသည်။ ယင်းမဟာဗျူဟာကို ၂၀၃၀ ပြည့်နှစ်အထိ ရည်ရွယ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းမဟာဗျူဟာအား နိုင်ငံသားများသို့ အသိပေးခြင်းကို မြို့တော်ဗီယင်ကျန်း၌ ဇွန် ၂၆ ရက်က ပြုလုပ်ခဲ့ကြောင်း...
တီဟီရန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ သမ္မတ အီဘရာဟင်ရိုင်စင် ယခင်က ရဟတ်ယာဉ်ပျက်ကျကာ ကွယ်လွန်ခဲ့ပြီးနောက် ၁၄ ကြိမ်မြောက် သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို ဇွန် ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီက စတင်ခဲ့သည်။ အီရန်နိုင်ငံ၏ ၁၄ ကြိမ်မြောက်...
ထျန်းကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ထျန်းကျင်းဖက်ရှင်ရက်သတ္တပတ်၌ တရုတ်ရိုးရာဝတ်စုံ ဟန့်ဖူကို စိတ်ဝင်စား လူကြိုက်များလျက်ရှိသည်။ ဟန့်ဖူက ဟန်မင်းဆက်(၂၀၂ ဘီစီ-၂၂၀ အေဒီ)ကာလအတွင်း တရုတ်ရိုးရာ ဝတ်စုံဖြစ်သည်။ ယင်းမှာ သမိုင်းတစ်လျှောက် အဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်လာခဲ့ပြီး ယနေ့ခေတ် တရုတ်နိုင်ငံရှိ မြို့အသီးသီးတွင် အမျိုးမျိုးသော ဒီဇိုင်းများဖြင့်...
ရှန်ဟိုင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ SAIC Motor နှင့် ဂျာမနီနိုင်ငံ Volkswagen Group တို့သည် စွမ်းအင်နည်းပညာပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များစွာကို ဇွန် ၂၇ ရက်က လက်မှတ်ရေးထိုးလိုက်ခြင်းဖြင့် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEV) ဈေးကွက်၌ ၎င်းတို့၏တည်ရှိမှုကို ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း သိရသည်။...
ဗီယင်ကျန်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) လာအိုပညာရေးနှင့် အားကစားဝန်ကြီးဌာနက မသန်စွမ်းကလေးများ ပိုမိုကောင်းမွန်သော သင်ကြားရေးရလဒ်များ ရရှိစေရန်အတွက် သင်ကြားရေးနည်းလမ်းများ အဆင့်မြှင့်တင်ရန် အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကျင်းပခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂၃ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း လာအိုပညာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ဇွန်...
ဘူဒါပတ်စ်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ကျိုးမြို့နှင့် ဟန်ဂေရီနိုင်ငံ မြို့တော်ဘူဒါပတ်စ်တို့အကြား China Southern လေကြောင်းလိုင်း က ပြေးဆွဲသည့် ပထမဆုံး သတ်မှတ်စီစဉ်ထားသည့် ခရီးသည်တင်လေကြောင်းခရီးစဉ်သည် ဘူဒါပတ်စ်မြို့ရှိ Ferenc Liszt နိုင်ငံတကာလေဆိပ်သို့ ဇွန် ၂၇ ရက်က ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။...