ဒါကာ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) အိဒ်(Eid al-Adha)ပွဲတော်နီးကပ်လာသည်နှင့်အမျှ သန်းနှင့်ချီသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများက ကားဂိတ် ၊ ဘူတာရုံနှင့် လေဆိပ်တို့တွင် ပြည့်နှက်နေပြီး ပွဲတော် ဆင်နွှဲကာ မိသားစုနှင့် ပြန်လည်ဆုံဆည်းရန် ၎င်းတို့၏ မွေးရပ်ဇာတိမြို့များသို့ ဦးတည်သွားလာနေကြောင်း သိရသည်။ (Xinhua) …………………………… (English Version)...
အစ္စလမ်မာဘတ်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အောက်ရှိ အဓိကသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သော M5 ဟု သိကြသည့် Sukkur-Multan အမြန်လမ်းမကြီးက ပါကစ္စတန်နိုင်ငံအလယ်ပိုင်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။ (Xinhua) ………………………. (English Version)...
ရီယတ်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင် ဆော်ဒီနှင့် တရုတ်ကုမ္ပဏီများက ပထမဆုံး မောင်းသူမဲ့လေယာဉ်တက္ကစီကို အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ သရုပ်ပြပျံသန်းမှုကို ဆော်ဒီစီးပွားရေးလုပ်ငန်း Front End ကုမ္ပလီမိတက်နှင့် တရုတ်နိုင်ငံ မောင်းသူမဲ့လေယာဉ် နည်းပညာပလက်ဖောင်းကုမ္ပဏီဖြစ်သည့် EHang တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဇွန်...
ချုံဟိုင်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တောင်တရုတ်ပင်လယ်အတွင်း ရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းသင်္ဘောပျက်နှစ်စင်းမှ ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်း ၉၀၀ ကျော် တူးဖော်ရရှိခဲ့ကြောင်း တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် ချုံဟိုင်မြို့၌ ဇွန် ၁၃ ရက်တွင် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။ (Xinhua) …………………………… (English...
ရှီးအန်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ HH-100 မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေးစနစ် သရုပ်ပြလေယာဉ်သည် ဇွန် ၁၂ ရက်က ပွဲဦးထွက်ပျံသန်းမှု အောင်မြင်စွာပြီးစီးခဲ့ကြောင်း၊ တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) က ကြေညာခဲ့သည်။ အဆိုပါလေယာဉ်သည် ဒေသတွင်း လေကြောင်းထောက်ပံ့ပို့ဆောင်ရေးတွင် အသုံးပြုနိုင်မည်ဖြစ်သလို သစ်တောနှင့် မြက်ခင်းပြင်...
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) နိုင်ငံများစွာတွင် ကျင်းပလျက်ရှိသော “တရုတ်စာပေ ပေါင်းကူးတံတား” တရုတ်စာစွမ်းရည်ပြိုင်ပွဲများသည် အမျိုးမျိုးသော ဘာသာစကားပြောကြသူများက တရုတ်ဘာသာစကားအပေါ် ၎င်းတို့၏ယုံကြည်မှုနှင့် စိတ်အားထက်သန်မှုကို ဖော်ပြလျက်ရှိသည့် သက်သေပင်ဖြစ်သည်။ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရှိ စာသင်ကျောင်း ၁၇၁ ကျောင်းက ဟန်ဂေရီ၊ အိုင်ယာလန်၊ ဗြိတိန်နှင့်...
ကျန့်ကျန်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက တီထွင်ထုတ်လုပ်ထားသည့် စက်ရုပ်က ကမ်းလွန်လေစွမ်းအင်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပထမဆုံး ပင်လယ်ကြမ်းပြင် ရေအောက်ကေဘယ်လ်ကြိုးမြုပ်နှံမှု ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ၊ ပင်လယ်ရေနက်ပိုင်း စက်ရုပ်များနှင့် လေစွမ်းအင်ပံ့ပိုးမှု အင်္ဂါရပ်များ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန် တွန်းအားပေးမှုတွင် နောက်ထပ်အောင်မြင်မှုအား ဖော်ပြနေခြင်း ဖြစ်ကြောင်း သိရသည်။...
မော်စကို၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ရုရှားရေတပ်မှ နျူကလီယားစွမ်းအင်သုံး ကာဇန်အမည်ရှိ ရေငုပ်သင်္ဘောနှင့် အက်မိုင်ရယ်ဂေါ့ရှ်ကော့ပ် ဖရီးဂိတ်စစ်သင်္ဘောတို့သည် ကျူးဘားနိုင်ငံသို့ဦးတည်သွားရောက်နေစဉ် အတ္တလန္တိတ် သမုဒ္ဒရာအတွင်း စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက်၌ သတင်းထုတ်ပြန်ထားသည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုများအတွင်း ကာဇန်ရေငုပ်သင်္ဘောနှင့် အက်မိုင်ရယ်ဂေါ့ရှ်ကော့ပ်တို့သည် မိုင်ပေါင်း ၃၇၀...
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၈ ကြိမ်မြောက် တရုတ်-ယူရေးရှား ကုန်စည်ပြပွဲကို ဇွန် ၂၆ ရက်မှ ၃၀ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း၊ အဆိုပါ ကုန်စည်ပြပွဲသည် ဧရိယာ စတုရန်းမီတာ ၁၄၀,၀၀၀ ရှိပြီး...
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) လမျက်နှာပြင်တစ်ဖက်စွန်းပေါ်ရှိ တရုတ်နိုင်ငံ Chang’e-6 ၏ လပေါ်သွားယာဉ်-နမူနာပစ္စည်းများနှင့်ပျံတက်ယာဉ် ဓာတ်ပုံကို ရိုက်ကူးထားသော ဓာတ်ပုံသည် လူသားများ၏ လကမ္ဘာစူးစမ်းလေ့လာမှုသမိုင်း အခိုက်အတန့်တစ်ခုလည်း ဖြစ်သည်။ အဆိုပါ ဓာတ်ပုံကို Chang’e-6 မစ်ရှင်ဖြင့် လကမ္ဘာပေါ်ရောက်ရှိနေသော လပေါ်သွားယာဉ်ငယ်က ရိုက်ကူးထားခြင်းဖြစ်သည်။ Chang’e-6 အာကာသယာဉ်သည်...