ဘဂ္ဂဒက်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံသို့ တူရကီနိုင်ငံ သမ္မတ ရီဆပ်တေရစ်ပ် အာဒိုဂန် လာရောက်စဉ်အတွင်း အီရတ်နှင့် တူရကီတို့က နယ်ပယ်အသီးသီးတွင် သဘောတူညီချက် ၂၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။ (Xinhua) ………………………. (English Version) Iraq, Türkiye sign...
မနီလာ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နှင့် အမေရိကန် တပ်ဖွဲ့ဝင် ၁၆,၇၀၀ ကျော်က နှစ်စဉ်ပြုလုပ်သော အကြီးဆုံးပူးတွဲ စစ်ရေးလေ့ကျင့်မှု အား ဧပြီ ၂၂ ရက်တွင် စတင်ခဲ့ပြီး ယင်းစစ်ရေးလေ့ကျင့်မှုက ဒေသတွင်းတည်ငြိမ်အေးချမ်းရေးအား ခြိမ်းခြောက်နေကြောင်း ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။ (Xinhua) ………………………....
ချင်းသောင်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ် တည်ထောင်ခြင်း ၇၅ နှစ်မြောက်အထိမ်းအမှတ်ကို ဧပြီ ၂၃ ရက်တွင် ချင်းသောင်မြို့ အပါအဝင် ကမ်းရိုးတန်းမြို့များစွာ၌ အများပြည်သူလေ့လာနိုင်သော အစီအစဉ်များဖြင့် ကျင်းပလျက်ရှိသည်။ ချင်းသောင်မြို့နေပြည်သူများအနေဖြင့် ဧပြီ ၂၀ ရက်မှ ၂၄ ရက်အတွင်း ဒုံးကျည်ဖျက်သင်္ဘောများဖြစ်သည့်...
ဂျေရုဆလမ်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ၎င်းတို့စစ်တပ်အနေဖြင့် လာမည့်ရက်များအတွင်း ဟားမက်စ်နှိမ်နင်းရေးကို တိုးမြှင့်မည်ဖြစ်ကြောင်း ဧပြီ ၂၁ ရက်က ဗီဒီယိုမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ပြီး အချိန်နှင့် နေရာကိုမူ အသေးစိတ်ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/SP4...
ထိုက်ကျန်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသော မြောင်ညီအစ်မများပွဲတော်ကို နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် ထိုက်ကျန်းခရိုင်တွင် ယခုနှစ် ဧပြီ ၂၁ ရက်မှစတင်ဖွင့်လှစ်ခဲ့ကာ မေ ၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။ မြောင်လူမျိုး၏ ရိုးရာချစ်သူများနေ့လည်းဖြစ်သော မြောင်ညီအစ်မများပွဲတော်ကို တရုတ်ပြက္ခဒိန်...
ဒါကာ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာ၏ လမ်းများတွင် ဧပြီ ၂၁ ရက်က ပုံမှန်ထက်ကူးလူးသွားလာလှုပ်ရှားမှုများ နည်းပါးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဒါကာမြို့တွင် အပူချိန် အလွန်ပြင်းထန်သောကြောင့် အမိုးဖွင့်ဆောက်လုပ်ရေးလုပ်ငန်းခွင်အချို့ရပ်နားထားရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း လူသန်းပေါင်းများစွာမှာ အပူနှင့်ဆက်နွယ်သော အန္တရာယ်ရှိကြောင်းပြင်းထန်သော နွေရာသီ၏ အစပိုင်း ရာသီဥတုပြောင်းလဲမှုနှင့်ဆက်စပ်ပြီး...
ပေကျင်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်သည် တရုတ်နိုင်ငံသို့ ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဧပြီ ၂၂ ရက်၌ ကြေညာခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ...
ဆန်းတုန်း၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် စို့ကွမ်းမြို့၌ ၂၅ ကြိမ်မြောက် တရုတ်နိုင်ငံ (စို့ကွမ်း) နိုင်ငံတကာ ဟင်းသီးဟင်းရွက် သိပ္ပံနှင့်နည်းပညာ ကုန်စည်ပြပွဲအား ဧပြီ ၂၀ ရက်က စတင်ကာ မေ ၃၀ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။...
ဒါကာ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရတို့သည် Gopalganj နှင့် Madaripur ခရိုင်များရှိ ကျေးလက်ဒေသများတွင် ရေလွှမ်းမိုးမှုထိန်းချုပ်ရေး၊ ဆည်မြောင်းနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်လာစေရန် အမေရိကန်ဒေါ်လာ ၇၁ သန်းချေးငွေသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ စီးပွားရေးဆက်ဆံရေးဌာနခွဲမှ...
တိုကျို၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း Saga စီရင်စု Taku မြို့ရှိ ကွန်ဖြူးရှပ်ဘုရားကျောင်းတစ်ခုဖြစ်သည့် နှစ်ပေါင်း ၃၁၆ နှစ်သက်တမ်းရှိ Taku Seibyo ကျောင်းဝင်းအတွင်း၌ ကွန်ဖြူးရှပ်ကို ဂုဏ်ပြုသည့်အနေဖြင့် ပထမတန်းနှင့် ဒုတိယတန်း ဂျပန်မူလတန်းကျောင်းသား/သူများက တေးသီချင်းများ သံပြိုင်ရွတ်ဆိုခဲ့ကြကြောင်း သိရသည်။...