ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ယန်ဇီမြစ် မြစ်ညာပိုင်းရှိ ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် မြစ်ကျဉ်းသုံးသွယ်ရေကာတာမှ တစ်ဆင့် ကုန်စည်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၁၇၄ သန်း အထိ စံချိန်တင်ရောက်ရှိခဲ့ကြောင်း ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်သော တရားဝင်အချက်အလက်များအရ သိရသည်။ အဆိုပါ...
တိုကျို၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အလယ်ပိုင်း အီရှီကာဝါစီရင်စုတွင် ဇန်နဝါရီ ၁ ရက်၌ အင်အား ၇.၆ အဆင့်အထိရှိသော ငလျင် အပါအဝင် အင်အားပြင်း ငလျင်များစွာ လှုပ်ခတ်ခဲ့ကြောင်း ဂျပန် မိုးလေဝသအေဂျင်စီ (JMA) က ပြောခဲ့သည်။ ငလျင်မှာ ဂျပန်နိုင်ငံ၏...
ဝူးလူမုချီ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားလက်ထိုက်မြို့ရှိ နှင်းလျှောစီးအပန်းဖြေစခန်းများက နှစ်သစ်ကူးကာလတွင် နှင်းလျှောစီးဝါသနာရှင်များအတွက် နာမည်ကျော် ခရီးသွားနေရာ ဖြစ်လာခဲ့သည်။ အားလက်ထိုက်မြို့၌ ဆောင်းရာသီ ပျော်ရွှင်မှုများ ရှာဖွေနေကြသည့် ခရီးသွားဧည့်သည်များအတွက် ပြေးဆွဲသည့် အထူးရထားအား စီးနင်းရန် နှင်းလျှောစီးဝါသနာရှင်အများအပြားက...
ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းတို့သည် ၂၀၂၄ ခုနှစ်ကို တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေးနှစ်အဖြစ် ဇန်နဝါရီ ၁ ရက်က ပူးတွဲသတ်မှတ်လိုက်ကြောင်းနှင့် အစီအစဉ်များစွာ ကြေညာခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်သူ ရှီနှင့်...
ပါလက်စတိုင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း ပါလက်စတိုင်း ၂၂,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိုပမာဏက ၁၉၄၈ ခုနှစ်နောက်ပိုင်း အခြားနှစ်များထက် ပိုများကြောင်း ပါလက်စတိုင်း ဗဟိုစာရင်းအင်းဗျူရိုက ဒီဇင်ဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua) ………………………….....
ဟော့အယ်ကောစစ်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟော့အယ်ကောစစ် အဝေးပြေးစခန်းက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်အထိ ခွင့်ပြုချက်ရရှိပြီး လုပ်ငန်းသုံးမော်တော်ယာဉ်အစီးရေ ၃၀၀,၀၀၀ ကျော် ရှိကြောင်း ဟော့အယ်ကောစစ် အကောက်ခွန်ရုံး၏ စာရင်းများအရ သိရသည်။...
ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိထားသည့် အရေးပါသော ဘုံနားလည်မှုများနှင့် ရလဒ်များကို လေးလေးနက်နက် အကောင်အထည်ဖော်ရန်နှင့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်၊ အားကောင်း၍ ရေရှည်တည်တံ့သော တိုးတက်မှု မြှင့်တင်ရေးအတွက် ခိုင်မာသော ဆောင်ရွက်မှုများ လုပ်ဆောင်ရန် သမ္မတ...
ကိုင်ရို၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) အီဂျစ်ရေတပ်က ဂျာမနီနိုင်ငံထုတ် MEKO-A200 ဖရီးဂိတ်စစ်သင်္ဘောသစ်တစ်စင်းအား Alexandria ကမ်းရိုးတန်းပြည်နယ်ရှိ အခြေစိုက်စခန်းတစ်ခု၌ ဒီဇင်ဘာ ၃၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း အီဂျစ်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ ဂျာမနီနိုင်ငံ၏ ThyssenKrupp Marine Systems (TKMS) ဖြင့် တည်ဆောက်ထားသည့် ဖရီးဂိတ်စစ်သင်္ဘော...
နှစ်သစ်ရောက်ခါနီးအချိန်အခါတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် China Media Group နှင့် အင်တာနက်မှတစ်ဆင့် ၂၀၂၄ ခုနှစ် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ရဲဘော်များ၊ မိတ်ဆွေများခင်ဗျာ။ အားလုံးမင်္ဂလာပါ။ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်သို့ ဝင်ရောက်မယ့် အခုလို သာယာလှပသော အချိန်အခါမှာ ကျွန်တော်က ပေကျင်းမှနေပြီး အားလုံးပျော်ရွှင်ပါစေလို့ နှစ်သစ်ကူး ဆုတောင်းပါတယ်။...
ရှီးကျားကျွမ်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေ ပြည်နယ်၊ Qianxi ခရိုင်၌ ရှေးဟောင်း မဟာတံတိုင်းကြီး၏ အပိုင်းတစ်ပိုင်းက တောင်စဉ်၊ တောင်တန်းများတစ်လျှောက် ဖြန့်ကျက်လျက်ရှိသည်။