ပေကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံအနေဖြင့် စည်းကြပ်ခွန်ဆိုင်ရာ ချိန်ညှိပြင်ဆင်မှုများ မလုပ်ဆောင်မီ သတိရှိရှိဖြင့် အလေးအနက် စဉ်းစားသုံးသပ်လိမ့်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
ရက်စ်အယ်လ်ခါအီမာ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ကားပျံကုမ္ပဏီ XPENG AEROHT မှ တီထွင်ထုတ်လုပ်သည့် ကားပျံ Land Aircraft Carrier က အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ၏ မြောက်ဘက်စွန်းဒေသ ရက်စ်အယ်လ်ခါအီမာတွင် အထူးပျံသန်းခွင့်ကို စက်တင်ဘာ ၁၀ ရက်၌ ရရှိခဲ့ပြီဖြစ်သည်။
ရှမန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ၂၅ ကြိမ်မြောက် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးပြပွဲ (CIFIT) သည် စက်တင်ဘာ ၁၁ ရက်၌ ပြီးဆုံးခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၆၄၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၀.၆၆ ဘီလီယံခန့်) တန်ဖိုးရှိ...
လန်ဒန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ချဲလ်ဆီးအသင်းကို ၂၀၀၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အကြား အေးဂျင့်များအား ငွေပေးချေမှုနှင့်ပတ်သက်သည့် စည်းမျဉ်းချိုးဖောက်မှု ၇၄ ဖြင့် ဘောလုံးအဖွဲ့ချုပ် (FA) က တရားစွဲလိုက်ကြောင်း သိရသည်။ စွဲချက်တင်ထားသော ပြစ်မှုအများစုမှာ ၂၀၁၀-၂၀၁၁ နှင့် ၂၀၁၅-၂၀၁၆ ရာသီများအတွင်း...
လစ္စဘွန်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) ကာတာနိုင်ငံ မြို့တော်ဒိုဟာအား အစ္စရေး၏ တိုက်ခိုက်ခဲ့မှုအပေါ် ပေါ်တူဂီနိုင်ငံက ပြစ်တင်ရှုတ်ချ လိုက်ပြီး နိုင်ငံအချုပ်အခြာအာဏာကို ချိုးဖောက်တိုက်ခိုက်ခြင်းဖြစ်ကာ ဒေသတွင်း အကြမ်းဖက် တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်သည့်အန္တရာယ်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ပေကျင်း၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂိုင်ယာနာနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသော မိုဟာမက်အီယာဖန်းအလီထံ စက်တင်ဘာ ၁၀ ရက်က ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီ၏ ခွင့်ပြုချက်နှင့်အညီ တရုတ်နိုင်ငံက ဟွမ်ရန်သောင် အမျိုးသား သဘာ၀ဘေးမဲ့ဇုန်ကို တည်ထောင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဟွမ်ရန်သောင် အမျိုးသား သဘာ၀ဘေးမဲ့ဇုန်ထူထောင်ရေးအတွက် သဘာ၀အရင်းအမြစ်များဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်တောင်းခံလာမှုအား တရုတ်နိုင်ငံတော်ကောင်စီက လက်ခံအတည်ပြုပေးခဲ့ကြောင်း ဗဟိုအစိုးရ ဝက်ဘ်ဆိုက် (www.gov.cn) ၌ စက်တင် ၁၀...
ဟောင်ကောင်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) ၁၀ ကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ ထိပ်သီးအစည်းအဝေးအား တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် စက်တင်ဘာ ၁၀ ရက်က ဖွင့်လှစ်ကျင်းပခဲ့ရာ ရပ်ဝန်းနှင့် ပိုးလမ်းမ နိုင်ငံများနှင့် ဒေသများမှ အဓိက တာဝန်ရှိပုဂ္ဂိုလ်များနှင့် စီးပွားရေးနယ်ပယ်မှ ဦးဆောင်သူများ တက်ရောက်ခဲ့ကြပြီး...
ဂျေရုဆလမ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) လွန်ခဲ့သောနှစ်နှစ်ကျော်က အီရတ်တွင် ပြန်ပေးဆွဲခံခဲ့ရသည့် အစ္စရေး-ရုရှားနိုင်ငံသူ Elizabeth Tsurkov သည် စက်တင်ဘာ ၁၀ ရက်ညက အစ္စရေးသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ထို့မတိုင်ခင်ရက်က လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးနိုင်ငံ၏ မော့ဆက်ထောက်လှမ်းရေးအေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ပရင်စတန်တက္ကသိုလ်မှ ပါရဂူကျောင်းသား Tsurkov သည်...
ပေကျင်း၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်အတွက် ချမှတ်ထားသော လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်ရန် အစွမ်းကုန် ကြိုးပမ်းလျက်ရှိသလို ဒုတိယနှစ်ဝက်၌ လုပ်ငန်းအစီအစဉ် အများအပြားကို ဆက်လက်ဖော်ဆောင်သွားမည်ဟု တရုတ်နိုင်ငံ၏ ထိပ်တန်း စီးပွားရေးစီမံကိန်း ရေးဆွဲရေးအဖွဲ့ဖြစ်သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်...