ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (MLC) နိုင်ငံ ၆ နိုင်ငံမှ ခေါင်းဆောင်များက အေးအတူပူအမျှအသိုက်အဝန်းနှင့် ဒေသအတွင်း ခေတ်မီအသွင်ပြောင်းမှု ပူးတွဲတည်ဆောက်ရန် ဒီဇင်ဘာ ၂၅ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။ စတုတ္ထအကြိမ်မြောက် MLC ခေါင်းဆောင်များအစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ပြီးနောက်...
ကျိရှီဆန်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကန်းစုပြည်နယ်၌ မကြာသေးမီက လှုပ်ခတ်ခဲ့သည့် ၆.၂ အဆင့်ရှိ မြေငလျင်ကြောင့် ထိခိုက်ခံစားရသည့် ဒေသခံများအား ဆောင်းရာသီတွင် ယာယီတဲများမှ နွေးထွေးသောအဆောက်အဦများသို့ ပြောင်းရွှေ့နိုင်စေရေးအတွက် ဆောက်လုပ်ရေးလုပ်သားများက အသင့်နေအိမ်များ တည်ဆောက်ရေး ကြိုးပမ်းမှုများကို အရှိန်မြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)...
ဟာအယ်ပင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟာအယ်ပင်းမြို့၌ ဆောင်းရာသီခရီးသွားလုပ်ငန်းက ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း သိရသည်။ (Xinhua) …………………………. (English Version) GLOBALink | Winter tourism thrives in China’s “ice city” Winter tourism...
နယူးဒေလီ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် လေထုညစ်ညမ်းမှုအဆင့် မြင့်တက်လာခြင်းကြောင့် မော်တော်ယာဉ် သွားလာမှုများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများဆိုင်ရာ ကန့်သတ်ချက်များကို ထပ်မံ၍ ချမှတ်ခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၏မြို့တော် နယူးဒေလီမြို့ရှိ လေထုအရည်အသွေးအညွှန်းကိန်း (AQI) သည် “ဆိုးရွားသော” အဆင့်အောက်တွင် ရောက်ရှိနေသောကြောင့် ယာဉ်အသွားအလာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းကိစ္စရပ်များဆိုင်ရာ...
မော်စကို၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ရေတပ်တွင် ပါဝင်ရန် သတ်မှတ်ထားသည့် စစ်သင်္ဘောအသစ် ၃ စင်းအတွက် ပြုလုပ်ခဲ့သည့် အလံတင် အခမ်းအနားသို့ သမ္မတ ဗလာတီမာပူတင် တက်ရောက်ခဲ့ကြောင်း ကရင်မလင်နန်းတော်က ဒီဇင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ Admiral Golovko ဖရီးဂိတ်စစ်သင်္ဘောက...
ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က လန်ချန်း-မဲခေါင်နိုင်ငံများအနေဖြင့် ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေးအုပ်ချုပ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် တိုက်တွန်းကြောင်းနှင့် လန်ချန်း-မဲခေါင်နိုင်ငံများ၏ ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးသတ်မှတ်ထားသော ချေးငွေထူထောင်ရန် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂၅ ရက်က ကြေညာခဲ့ကြောင်း သိရသည်။ စတုတ္ထအကြိမ်မြောက်...
အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်၌ ဒီဇင်ဘာ ၂၅ ရက်က လူနေအိမ် မီးလောင်မှုတစ်ခုအတွင်း လူ ၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ယင်းမီးလောင်မှုသည် Abbottabad ခရိုင်၌ ဖြစ်ပွားခဲ့ကာ နေအိမ်မှာ...
အန်ကာရာ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) တူရကီလုံခြုံရေးတပ်ဖွဲ့ဝင်များက နိုင်ငံတစ်ဝန်းပြုလုပ်ခဲ့သော လူကုန်ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေးများအတွင်း အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၄,၅၈၆ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Ali Yerlikaya က ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သ်ည။ တူရကီအာဏာပိုင်များက “Shield-4” စစ်ဆင်ရေးအား...
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် အပျော်စီးသင်္ဘောကြီး Adora Magic City သည် ရှန်ဟိုင်းမြို့ရှိ ဆိပ်ကမ်းတစ်ခုမှ ဒီဇင်ဘာ ၂၄ ရက်တွင် ထွက်ခွာသွားခဲ့ပြီး သင်္ဘောစမ်းသပ်ပြေးဆွဲမှု စတင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
ကွေ့လျင်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် အအေးလှိုင်းဝင်ရောက်လျက်ရှိပြီး အပူချိန် အနုတ် ၇ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ ကွေ့လျင်မြို့သည် တရုတ်နိုင်ငံ ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ မြောက်ဘက်စွန်းတွင်တည်ရှိပြီး ဆီးနှင်းရေခဲများ တွေ့ရှိနိုင်သည့် နေရာများအနက် တစ်ခုဖြစ်သည်။ အမြဲစိမ်းပင်များတွင် အေးခဲအနုစိတ်သော...