ကူမင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက စပိန် ၊ ပြင်သစ် ၊ ဂျာမနီ ၊ အီတလီ ၊ နယ်သာလန်နှင့် မလေးရှားနိုင်ငံတို့မှ သာမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူများအတွက် စမ်းသပ်ဗီဇာကင်းလွတ်ခွင့် မူဝါဒအသစ်အား ဒီဇင်ဘာ ၁ ရက်တွင် စတင်ခဲ့ရာ နိုင်ငံခြားခရီးသွားများက...
ဂျကာတာ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းရှိ မီရာပီ မီးတောင် ပေါက်ကွဲပြီးနောက် အနည်းဆုံး တောင်တက်သမား ၁၁ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ကယ်ဆယ်ရေးဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၄ ရက်တွင် ပြောသည်။ အခြားလူ ၃ ဦးမှာ အသက်ရှင်ခဲ့ကြောင်း...
ကွမ်ကျိုး၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် မြို့တော် ကွမ်ကျိုး၌ ပဥ္စမအကြိမ်မြောက် ကမ္ဘာ့မီဒီယာညီလာခံ (WMS) ဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။ “ကမ္ဘာလုံးဆိုင်ရာ ယုံကြည်မှုမြှင့်တင်ရန်နှင့် မီဒီယာဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန်” ဆောင်ပုဒ်(Theme)ဖြင့် ပဥ္စမအကြိမ်မြောက် ကမ္ဘာ့မီဒီယာညီလာခံသည် မီဒီယာအဖွဲ့အစည်းများ...
ဂါဇာ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) စစ်ဘေးဒဏ်သင့် ဂါဇာကမ်းမြောင်ဒေသရှိ နေရာအသီးသီးအား အစ္စရေးတို့က ဒီဇင်ဘာ ၃ ရက်တွင် လေကြောင်း တိုက်ခိုက်မှုအသစ်များ ပြုလုပ်ခဲ့ပြီး လူများ ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း ဟားမက်စ်၏ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ အစ္စရေးလေကြောင်းတိုက်ခိုက်မှုများက ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း Jabalia...
ပေကျင်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ကျင်းပသည့် 2023 Imperial Springs International Forum သို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ဒီဇင်ဘာ ၄ရက်တွင် ပေးပို့ခဲ့သည်။ (Xinhua) ……………………………… (English...
ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ညဦးပိုင်းအချိန်များတွင် လာရောက် အပန်းဖြေကြသူများ၊ ကလေးများ လာရောက်ဆော့ကစားကြသည့် မြင်ကွင်းအား ဖော်ပြပါ ရုပ်သံဖိုင်တွင် တွေ့မြင်နိုင်ပါသည်။ (Xinhua)
ကိဗ်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံက ကီလိုမီတာ ၁၀၀ အကွာအဝေးရှိ လေကြောင်းရန်များကို ကြားဖြတ်နိုင်စွမ်းရှိသော လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထုတ်လုပ်ရန် အစီအစဉ်များချမှတ်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ အစိုးရပိုင် Ukrinform သတင်းအေဂျင်စီက ဒီဇင်ဘာ ၁ ရက်၌ သတင်းဖော်ပြထားကြောင်း သိရသည်။
ကွမ်ကျိုး၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့ရှိ လယ်သမားများက ကောက်ပဲသီးနှံများ ရိတ်သိမ်းရာတွင် အများအပြား ရိတ်သိမ်းရရှိရေးအတွက် တရုတ်နိုင်ငံ BeiDou တည်နေရာပြဂြိုဟ်တုစနစ်ဖြင့် ထိန်းကျောင်းထားသည့် မောင်းသူမဲ့ စပါးရိတ်သိမ်းစက်များအား အသုံးပြုခဲ့ကြောင်း သိရသည်။ (Xinhua) ————————- Unmanned rice harvesters applied...
ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ဟိမဝန္တာ လေကြောင်းလိုင်းက နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူမှ တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာနေရာဖြစ်သည့် ရှန်ဟိုင်းမြို့သို့ ပထမဆုံးလေယာဉ်ခရီးစဉ်အား ဒီဇင်ဘာ ၂ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။ခရီးသည် ၁၄၁ ဦး လိုက်ပါသွားသော H9780 လေယာဉ်သည် ရှန်ဟိုင်းမြို့သို့ ဒီဇင်ဘာ...
ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံရှိ တက်ကြွမှု၊ ပွင့်လင်းမှုနှင့် ဆန်းသစ်မှုအရှိဆုံးမြို့အစုအဝေးအနက် တစ်ခုဖြစ်သော ယန်ဇီမြစ်ဝှမ်းဒေသသည် အဓိကအကျိုးကျေးဇူးများ ရရှိခံစားလျက်ရှိသလို စုပေါင်းဖွံ့ဖြိုးတိုးတက်မှုမှ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု၏ ဦးဆောင်လမ်းပြအဖြစ်သို့ တိုးတက်ပြောင်းလဲလာခဲ့ကြောင်း၊ ယင်းဒေသကို တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံ၏ မဟာဗျူဟာအဖြစ် လွန်ခဲ့သောငါးနှစ်အကြာက အဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။