ကဘူးလ်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အာဖဂန်နစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီး Sirajuddin Haqqani နှင့် ကဘူးလ်မြို့တွင် ဇူလိုင် ၂၀ ရက်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်း ဖြစ်သူ ဝမ်က တရုတ်နိုင်ငံအနေဖြင့် အာဖဂန်နစ္စတန်နှင့် ချစ်ကြည်ရေးမူဝါဒကို...
ပေကျင်း၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဇီဝဆေးပညာလုပ်ငန်း အဆင့်မြှင့်တင်မှုအား အထောက်အကူပေးရန်နှင့် အရည်အသွေး မြှင့်တင်ရန်အတွက် အရည်အသွေးမြင့် သိပ္ပံနှင့်နည်းပညာဖြင့် အားဖြည့်ပံ့ပိုးမှု၊ မူဝါဒပိုင်းအရ ပံ့ပိုးမှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဩဂုတ် ၂၀ ရက်၌ တိုက်တွန်းခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ (CPC)...
ချုံချင့်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ) ချုံချင့်မြို့တွင် တင်ဆက်ပြသခဲ့သည့် လင်းလက်တောက်ပသော ဒရုန်းပြပွဲတစ်ခုကို အမျိုးသားဘတ်စကက်ဘောအသင်း (NBA) ကြယ်ပွင့်ကစားသမား စတက်ဖင် ခါရီက ချီးကျူးပြောဆိုခဲ့သည်။ ဤသည်မှာ ဆယ်စုနှစ်တစ်ခုအတွင်း ၎င်း၏ တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သည့် ခရီးစဉ်ပင်ဖြစ်သည်။ (Xinhua) …………………………………….. (English Version)...
မက်ဒရစ်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) ရာယို ဗယ်လက်ကာနိုအသင်းက ရာသီသစ်အတွက် ၎င်း၏ နောက်တန်းကို အားကောင်းစေရန် ဆီနီဂေါ ဗဟိုခံစစ်ကစားသမား နိုဘယ် မန်ဒီအား ရီးရဲလ်ဘက်တစ်မှ ခေါ်ယူလိုက်ပြီဖြစ်သည်။ အသက် ၂၀ နှစ်အရွယ် ကစားသမား မန်ဒီက ရာယိုအသင်းအား ရာသီကုန်တွင် အမြဲတမ်းအပြောင်းအရွှေ့ကို ခွင့်ပြုပေးမည့်...
ဘန်ကောက်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) ရာထူးမှဆိုင်းငံ့ခံထားရသည့် ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ထရာသည် ကျင့်ဝတ်ချိုးဖောက်မှု စွဲချက်များအပေါ် ကြားနာရန် သြဂုတ် ၂၁ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးသို့ တက်ရောက်လာခဲ့သည်။ ရာထူးမှဆိုင်းငံ့ခံ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် တက်ရောက်ခဲ့သည့် တရားရုံးကြားနာမှုကို ဒေသစံတော်ချိန် နံနက် ၁၀း၃၀ နာရီတွင် စတင်ခဲ့ပြီး...
ပေကျင်း၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုပုဂ္ဂိုလ် ကျောက်လဲ့ကျိသည် ဗီယက်နမ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ကျန်ကွမ်ဖွန် (Tran Quang Phuong) အား ပေကျင်းမြို့တွင် ဩဂုတ် ၂၀ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC)...
– တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်းနေ့အတွက် ပါဝင်သူများက ကြိုတင်ပြင်ဆင်မှုများဖြင့် အလုပ်များပြားလျက်ရှိ – တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် အာဖဂန်နစ္စတန်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေး – ပါကစ္စတန် အကျဉ်းထောင်များမှ အာဖဂန်အကျဉ်းသား ၁၃၀ ကျော် လွှတ်ပေး – ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ...
ဂျေရုဆလမ်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) ဟားမက်စ်အဖွဲ့အား ချေမှုန်းရန် ရည်ရွယ်လျက် အစ္စရေးက ဂါဇာမြို့အား ဩဂုတ် ၂၀ ရက်၌ ထိုးစစ်အသစ် စတင်ခဲ့ကြောင်း သိရသည်။ အကြီးအကျယ် ထိခိုက်ပျက်စီးနေသည့် ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ နိုင်ငံတကာက ယင်းစစ်ဆင်ရေးအား ဝေဖန်ပြစ်တင်လျက်ရှိသည်။ အစ္စရေးကာကွယ်ရေးတပ်...
ရှီးနင်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချင်းဟိုင်ရေကန်အနီးတွင် ရှက်ဗားစကီး သမင်ဒရယ်အကောင်ပေါက်လေး ပျော်ရွှင်စွာ ခုန်ပေါက်မြူးထူးဆော့ကစားနေသည်ကို မြင်တွေ့ခဲ့ကြသည်။ ချင်းဟိုရေကန် ပတ်ဝန်းကျင်ဧရိယာသည် တရုတ်နိုင်ငံ၏ ထိပ်တန်းအဆင့် ကာကွယ်စောင့်ရှောက်မှုအောက်ရှိ မျိုးစိတ်တစ်မျိုးဖြစ်သည့် ရှက်ဗားစကီး သမင်ဒရယ်များ၏ တစ်ခုတည်းသော နေထိုင်ရာနေရာပင်ဖြစ်သည်။ (Xinhua) …………………………………….. (English Version)...
ထိုက်ယွမ်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ကျောက်မီးသွေးအဓိကထွက်ရှိရာ ဆန်းရှီးပြည်နယ်တွင် ၂၀၂၅ ခုနှစ် ပထမ ခုနစ်လအတွင်း ကျောက်မီးသွေးကုန်ကြမ်း တန်ချိန် ၇၅၆.၄၄ သန်း ထုတ်လုပ်ခဲ့ရာ ယမန်နှစ်ကာလတူကထက် ၇.၂ ရာခိုင်နှုန်း တိုး လာကြောင်း ဒေသတာဝန်ရှိသူများအဆိုအရ သိရသည်။ တရုတ်နိုင်ငံ၏ အဓိက ကျောက်မီးသွေးထုတ်လုပ်ရာ...