ဂျကာတာ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမြို့နှင့် စတုတ္ထအကြီးဆုံးမြို့ဖြစ်သော ဘန်ဒေါင်းကြား ချိတ်ဆက်ထားသော ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း (HSR) သည် တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နှင့် အင်ဒိုနီးရှား၏ ကမ္ဘာလုံးဆိုင်ရာ အဓိကရေကြောင်းမဟာဗျူဟာကို ပေါင်းစည်းထားသည့် အထင်ကရစီမံကိန်းတစ်ခု ဖြစ်သည်။...
ဂျကာတာ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံက ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ ၅၁.၅ တန်အား နိုဝင်ဘာ ၄ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။ အင်ဒိုနီးရှားအစိုးရနှင့်ပြည်သူများထံမှ အကူအညီများအား လေယာဉ်သုံးစင်းဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။ ယင်းလေယာဉ်များသည် အီဂျစ်နိုင်ငံရှိ El-Arish လေဆိပ်၌...
ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲတွင် China Eastern လေကြောင်းလိုင်းက လေယာဉ်မယ် ၈၀ ဦးက ဧည့်ဝတ်ပျူငှာစွာ ဝန်ဆောင်မှုပေးသွားမည် ဖြစ်သည်။ ၎င်းတို့ကို လေကြောင်းလိုင်း၏ လက်ရွေးစင် Lingyan အဖွဲ့မှ ရွေးချယ်ထားခြင်းဖြစ်ကြောင်း...
ရှန်ဟိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ကို နိုဝင်ဘာ ၅ ရက်က ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့ပြီး သွင်းကုန်များ မြှင့်တင်ခြင်းနှင့် တံခါးဖွင့်ဝါဒ ဆောင်ရွက်မှုများစွာအကြား နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဈေးကွက်ဝင်ရောက်မှု ဖြေလျှော့ရေးဆိုင်ရာ ကတိကဝတ်အသစ်များ ပေးအပ်ခဲ့သည်။ ကိုဗစ်-၁၉...
ဂါဇာ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) ဂါဇာဒေသရှိ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းမှာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အရှိန်မြင့် လာသည်နှင့်အမျှ ပို၍ဆိုးရွားလာခဲ့ကြောင်း သိရသည်။ဂါဇာကမ်းမြောင်ဒေသရှိ ဒေသခံများသည် သန့်ရှင်းသောရေ ရရှိမှု ပြတ်လပ်မှုများ ဆိုးရွားစွာ ကြုံတွေ့ရချိန်တွင် နေ့စဉ်အသုံးပြုရန် ပင်လယ်ရေကို အသုံးပြုနေရကြောင်း သိရသည်။ (Xinhua) ————————–...
ခတ္တမန္ဒူ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) နီပေါနိုင်ငံအနောက်ပိုင်းတွင် နိုဝင်ဘာ ၃ ရက်ညပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမြေငလျင်ကြောင့် သေဆုံးသူအရေအတွက်မှာ ၁၄၃ ဦးထိ မြင့်တက်လာခဲ့ကြောင်း နီပေါရဲတပ်ဖွဲ့က နိုဝင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ဂရိနိုင်ငံ ဝန်ကြီးချုပ် Kyriakos Mitsotakis အား ပေကျင်းမြို့၌ နိုဝင်ဘာ ၃ ရက်က လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် အပျော်စီးသင်္ဘောကြီးဖြစ်သည့် “Adora Magic City” အား ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ ၄ ရက်က လွှဲပြောင်းပေးအပ်ခဲ့ပြီး ပွဲဦးထွက်ခရီးစဉ်အား ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။...
မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် သက်ဆိုင်ရာအဖွဲ့များကို တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက နိုဝင်ဘာ ၂ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၌ ဖြစ်ပွားလျက်ရှိသော ပဋိပက္ခအခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း၊ တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန်၊ မတူကွဲပြားမှုများကို ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများမှတစ်ဆင့်...
ခတ္တမန္ဒူ၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်းတွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၂၈ ဦးအထိ ရှိလာပြီဖြစ်ကာ ကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆက်လက်ဆောင်ရွက်နေကြောင်း အစိုးရတာဝန်ရှိသူများက နိုဝင်ဘာ ၄ ရက်၌ ပြောခဲ့သည်။ နီပေါနိုင်ငံ အနောက်ပိုင်း Jajarkot နှင့် Rukum West ခရိုင်များတွင်...