ဆိုးလ်၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ) ဘာစီလိုနာအသင်းက တရားဝင်ကြေညာခြင်း မရှိသေးသော်လည်း အသင်း၏ နောက်ခံလူ ဂျူးစ်ခွန်ဒဲက ၎င်းအနေဖြင့် ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ ၂၀၃၀ ပြည့်နှစ် ဇွန်လကုန်အထိ စာချုပ်သက်တမ်းတိုးရန် အရာအားလုံးကို အပြီးသတ်လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း အသင်း၏ အာရှခြေစမ်းခရီးစဉ်အဖြစ် တောင်ကိုရီးယားသို့ ရောက်ရှိနေစဉ်...
– တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုရေးတာဝန်ရှိသူက ကမ္ဘာလုံးဆိုင်ရာ လွှတ်တော်ထိပ်သီးအစည်းအဝေးတွင် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် တိုက်တွန်း – တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ခံရသော ကျေးရွာများ၌ လျှပ်စစ်မီးများ ပြန်လည်ရရှိ – တရုတ်နိုင်ငံနှင့် ခိုင်မာအားကောင်းသော စီးပွားရေး၊ ကုန်သွယ်ရေး ဆက်ဆံမှု တည်ဆောက်မှုအပေါ် ဂီနီဘစ်ဆောနိုင်ငံ ဝန်ကြီးက ချီးကျူးပြောကြား...
ချုံချင့်၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ) ယန်ဇီမြစ်အထက် မြင့်မားသော နေရာတွင် တရုတ်အလုပ်သမားများသည် ကားများရော ရထားများပါ နှစ်မျိုးလုံး အသုံးပြုနိုင်ရန်အတွက် ၁,၂၆၀ မီတာ ရှည်လျားသော တံတားကြီးတစ်စင်းကို တည်ဆောက်ကာ အလုပ်များလျက်ရှိသည်။ (Xinhua) …………………………………….. (English Version) Chinese workers build...
လန်ဒန်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) ဂါဇာဒေသ၌ အရပ်သားများ၏ အတိဒုက္ခနှင့် လူသားချင်းစာနာမှု အကျပ်အတည်းများ ပိုမိုကြီးထွားလာခြင်းက ဥရောပ အင်အားကြီးနိုင်ငံများအဖို့ ပါလက်စတိုင်းနိုင်ငံအား တရားဝင် အသိအမှတ်ပြုရေးဆီသို့ တွန်းပို့လျက်ရှိကာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အနာဂတ်နှင့် စပ်လျဉ်း၍ ဥရောပနှင့် အမေရိကန်နိုင်ငံကြား သဘောထားကွဲလွဲမှု ပိုမိုနက်ရှိုင်းလာသည်ကို လှစ်ဟပြနေခြင်းလည်းဖြစ်သည်။...
ပေကျင်း၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထျန်းကျင်းထိပ်သီးအစည်းအဝေး နောက်ဆုံးအဆင့် ပြင်ဆင်ရေးလုပ်ငန်းများ ပြီးစီးစေရန် SCO အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့် အတူတကွလုပ်ဆောင်လျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇူလိုင် ၃၁ ရက်က ပြောကြားခဲ့သည်။ SCO အလှည့်ကျဥက္ကဋ္ဌအဖြစ် တရုတ်နိုင်ငံက ဆောင်ရွက်ခဲ့သော...
ပေကျင်း၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ၂၀ ကြိမ်မြောက် ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် မျက်နှာစုံညီ အစည်းအဝေးအား ပေကျင်းမြို့တွင် အောက်တိုဘာလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း ဇူလိုင် ၃၀ ရက် CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။ နိုင်ငံရေးဗျူရိုက...
မင့်စ်ခ်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် ဘီလာရုဇ်နိုင်ငံ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ဇူလိုင် ၃၁ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှာ ဘီလာရုဇ်နိုင်ငံ၏ အဓိက ကုန်သွယ်ဖက်ဖြစ်ကာ လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈.၅...
ယွိရှီး၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) တောရိုင်းမျောက်များက တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ မတ်စောက်သော ချောက်ကမ်းပါးများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကုတ်ကတ်တက်နေပုံကို ဤရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်သည်။ (Xinhua) …………………………………….. (English Version) Wild monkeys show off climbing skills Wild macaques...
စမတ်နည်းပညာသုံး စက်ရုပ်များက တရုတ်နိုင်ငံ ဟူပေပြည်နယ်ရှိ ကုမ္ပဏီတစ်ခု၌ ဆိုလာပြားများအား သန့်စင်ရာတွင် အကူအညီပေးနေပုံကို ဤရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua) …………………… (English Version) Solar panel cleaning made easy with robotic helping hands STORYLINE: Watch how...
နယူးယောက်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ကုန်သွယ်ရေးမိတ်ဖက် ၇၀ နီးပါးနှင့် သက်ဆိုင်သည့် ထပ်မံပြင်ဆင်မွမ်းမံထားသော စည်းကြပ်ခွန် နှုန်းထားများဆိုင်ရာ အမိန့်ကြေညာချက်တစ်စောင်အား ဇူလိုင် ၃၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ဤဥပဒေအရ “ကုန်သွယ်ရေးမိတ်ဖက်အချို့၏ ကုန်စည်များအပေါ် ထပ်တိုးစည်းကြပ်ခွန်များ” ကို...