ချုံချင့်၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ချုံချင့်မြို့တွင် မတ် ၁၂ ရက်က ယှဉ်ပြိုင်ခဲ့သည့် ချုံချင့် World Table Tennis Champions ပြိုင်ပွဲတွင် တရုတ်နိုင်ငံ၏ တက်သစ်စ စားပွဲတင်တင်းနစ်ကစားသမား ဝန်းရွှေ့ပေါ်က ဆွီဒင်နိုင်ငံမှ ကမ္ဘာ့အဆင့်-၂ ကစားသမား ထရူးစ်...
ကုလသမဂ္ဂ၊ မတ် ၁၃ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသတွင် မကြာသေးမီက တင်းမာမှုများ စတင်ဖြစ်ပွားချိန်မှစ၍ အာဖဂန်နစ္စတန်၊ အီရန်၊ လက်ဘနွန်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် နေရပ်စွန့်ခွာနေထိုင်ရသူ ၄.၁ သန်းကျော် ရှိကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၁၂ ရက်၌ ပြောကြားခဲ့သည်။ ထို့အပြင် လူပေါင်း ၁၁၇,၀၀၀ ခန့်မှာ...
တရုတ်နိုင်ငံ၏ Long March-8A ဒုံးပျံဖြင့် အင်တာနက်ဂြိုဟ်တုသစ်များ လွှတ်တင် ဝန်ချန်း၊ ဟိုင်နန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်တွင် Long March-8A သယ်ဆောင်ရေးဒုံးပျံအား မတ် ၁၃ ရက်က လွှတ်တင်ခဲ့ပြီး အင်တာနက်ဂြိုဟ်တုအုပ်စုသစ်ကို အာကာသအတွင်း ပို့လွှတ်ခဲ့ကြောင်း သိရသည်။...
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဉာဏ်ရည်တု (AI) နှင့် ဝေဟင်နိမ့်စီးပွားရေးတွင် ဥပဒေပြုရေးဆိုင်ရာသုတေသနကို အရှိန်မြှင့်တင်မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် လေပိုင်နက်စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများကို ပြဋ္ဌာန်းမည်ဖြစ်ကြောင်း တရားရေးဝန်ကြီး ဟဲ့ရုန်က မတ် ၁၂ ရက်၌ ပြောကြားခဲ့သည်။ အဆိုပါအစီအစဉ်မှာ ပိုမိုကောင်းမွန်သော ဥပဒေဘောင်မှတစ်ဆင့် နည်းပညာဆန်းသစ်တီထွင်မှုကို...
ဆန်တီယာဂို၊ မတ် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန် နီဟုန်က ချီလီအစိုးရ၏ ဖိတ်ကြားချက်အရ ဗယ်လ်ပါရိုင်ဆိုမြို့တွင် မတ် ၁၁ ရက်၌ ကျင်းပသော ချီလီနိုင်ငံသမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အိမ်ရာနှင့် မြို့ပြ-ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးလည်းဖြစ်သူ နီက ချီလီသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသော...
– တရုတ်နိုင်ငံ၏ ပြည်လုံးဆိုင်ရာဥပဒေပြုအဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ကျင်းပပြီးစီး – အရှေ့အလယ်ပိုင်းဒေသတွင် စစ်ဆင်ရေးများ အဆုံးသတ်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း – အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်ရှိ တက္ကသိုလ်ကျောင်းဝင်းအတွင်း ပစ်ခတ်မှုဖြစ်ပွားရာ လူတစ်ဦး သေဆုံး – ဆူဒန်-ချတ်နယ်စပ်ဖြတ်သန်းဂိတ်တွင် ဒရုန်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အရပ်သား ၁၃ ဦး ထက်မနည်း သေဆုံး...
တီဟီရန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) အီရန် ထိပ်တန်းခေါင်းဆောင်သစ် မို့ဂျ်တာဘာ ခါမေနီက ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ထားရန် မတ် ၁၂ ရက်က တိုက်တွန်းပြောကြားခဲ့ကာ အီရန်နှင့် အမေရိကန်၊ အစ္စရေးတို့၏ ပဋိပက္ခတွင် စစ်မျက်နှာအသစ်များ ဖွင့်လှစ်သွားမည်ဟု ကတိပြုခဲ့သည်။ ၎င်းအား အီရန်ထိပ်တန်းခေါင်းဆောင်အဖြစ် တင်မြှောက်ကြောင်း မတ်...
ပ့ါသ်၊ မတ် ၁၃ ရက် (ဆင်ဟွာ) AFC အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ရှုံးထွက်အဆင့်သို့ ရောက်ရှိလာချိန်တွင် တရုတ်အသင်းအနေဖြင့် အသင်း၏ အဆင့်အတန်းကို မြှင့်တင်နိုင်ရန် ရည်မှန်းထားကြောင်း တောင်ပံကစားသမား ကျန်းလျင်ယန့်က မတ် ၁၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။ အုပ်စုအဆင့်၌ သုံးပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်းမှာ ယခုအခါ...
ဘာလင်၊ မတ် ၁၃ ရက် (ဆင်ဟွာ) ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်း ကွင်းလယ်လူ ဖီးလစ်ဇ် အန်မက်ချာမှာ ၂၀၃၀ ပြည့်နှစ် ဇွန်လအထိ အသင်း၌ဆက်ရှိနေမည့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အသင်းဘက်က မတ် ၁၁ ရက်၌ ကြေညာခဲ့ရာ ဒေ့ါမွန်အနေဖြင့် အဆိုပါ ကွင်းလယ်ကစားသမားအား အသင်း၌ ကာလရှည်...
ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ) အရှေ့အလယ်ပိုင်းဒေသရှိ လက်ရှိပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် စစ်ဆင်ရေးများ အမြန်ဆုံးရပ်တန့်ရန်နှင့် အခြေအနေ ပိုမိုဆိုးရွားလာခြင်းမှ ကာကွယ်ရန်အတွက် ဘက်အသီးသီးက အင်တိုက်အားတိုက် တိုက်တွန်းကြရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၁၂ ရက်၌ တိုက်တွန်းခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ...