ထိုက်ယွမ်၊ မတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက Long March-2D သယ်ဆောင်ရေးဒုံးပျံတစ်စင်းကို မတ် ၂၆ ရက်၌ လွှတ်တင်ခဲ့ပြီး ဂြိုဟ်တုအသစ်နှစ်စင်းကို အာကာသထဲသို့ လွှတ်တင်ခဲ့သည်။ အဆိုပါဒုံးပျံကို တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် နံနက် ၆:၅၁ နာရီတွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး...
ကျိုချွမ်၊ မတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက နိုင်ငံအနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ စမ်းသပ်ဂြိုဟ်တုအသစ်တစ်စင်းကို မတ် ၂၇ ရက်၌ အာကာသထဲသို့ အောင်မြင်စွာလွှတ်တင်ခဲ့သည်။ အဆိုပါ Yuanzheng-1S (Expedition-1S) အပေါ်ပိုင်းအဆင့်ကို ဒုံးပျံနှင့် ချိတ်ဆက်ထားခြင်းနှင့်အတူ Shiyan-33 ဂြိုဟ်တုကို Long March-2C သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန်...
နေပြည်တော်၊ မတ် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့ (မတ် ၂၇ ရက်) တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဘရပ်ဆဲလ်၊ မတ် ၂၇ ရက် (ဆင်ဟွာ) မြောက်အတ္တလန္တိတ် စာချုပ်ဝင်နိုင်ငံများအဖွဲ့ (နေတိုး) နိုင်ငံများအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ်ကို ဆက်လက်တိုးမြှင့်ခဲ့ရာ စုစုပေါင်း အသုံးစရိတ်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၄ ထရီလီယံကျော် ရှိမည်ဟု ခန့်မှန်းထားကြောင်း မတ် ၂၆ ရက်က ထုတ်ပြန်သည့် နေတိုးအဖွဲ့...
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သိပ္ပံစိတ်ကူးယဉ်လုပ်ငန်း၏ စုစုပေါင်းဝင်ငွေမှာ ယွမ် ၁၂၆.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၈.၀၅ ဘီလီယံခန့်) ရှိခဲ့ကြောင်း တရုတ်နိုင်ငံ သိပ္ပံပညာထွန်းကားရေးဆိုင်ရာ သုတေသနအင်စတီကျု (China Research Institute for Science Popularization)...
ဘိုးအောက်၊ တရုတ်၊ မတ် ၂၇ ရက် (ဆင်ဟွာ) တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများဖြင့် စည်းကြပ်ခွန်များ တိုးမြှင့်ကောက်ခံခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများ ဖြစ်ပေါ်နေချိန် ၂၀၂၆ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည်ကွန်ဖရင့် တက်ရောက်လာသူများက စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးနှင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုအခြေခံခိုင်မာစေရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေကာ၊...
မက်ဒရစ်၊ မတ် ၂၇ ရက် (ဆင်ဟွာ) စပိန်အသင်းနည်းပြ လူးဝစ်စ် ဒယ်လာဖွန်တေးအနေဖြင့် ယခုနွေရာသီတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းလူစာရင်းကို အပြီးသတ်ရွေးချယ်ခြင်းမပြုမီ မတ် ၂၇ ရက်၌ ဆားဘီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲအတွက် အရေးကြီးဆုံးဖြတ်ချက်များကို ချမှတ်ရဖွယ်ရှိသည်။ ကာတာနိုင်ငံတွင် စပိန်အသင်းနှင့် အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားမည့် “Finalissima”...
ဂျီနီဗာ၊ မတ် ၂၇ ရက် (ဆင်ဟွာ) ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ရောင်းချမှုမှာ ဧပြီ ၁ ရက်တွင် စတုတ္ထနှင့် နောက်ဆုံးအဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး ပြိုင်ပွဲမပြီးဆုံးမီအထိ ကြာမြင့်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က မတ် ၂၅ ရက်၌ ကြေညာခဲ့သည်။ စတုတ္ထနှင့် နောက်ဆုံးလက်မှတ်ရောင်းချမှုအဆင့်၌...
ဘိုးအောက်၊ ဟိုင်နန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) စိုထိုင်းသော နွေဦးလေပြည်သည် တောင်တရုတ်ပင်လယ်ဆီမှ တသုန်သုန်တိုက်ခတ်လျက်ရှိစဉ် တရုတ်နိုင်ငံ၏ အပူပိုင်းဒေသ ဟိုင်နန်ကျွန်းရှိ ဆိတ်ငြိမ်အေးချမ်းသော ဘိုးအောက်မြို့လေးသည် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို တစ်ဖန်ပြန်၍ ဆွဲဆောင်လျက်ရှိသည်။ ၂၀၂၆ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) နှစ်ပတ်လည်ကွန်ဖရင့်အား “အားအင်သစ်များ၊...
ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုက ဒေသန္တရပါတီကော်မတီများ၏ လုပ်ငန်းပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ဆွေးနွေးသုံးသပ်ခြင်းအစည်းအဝေးကို မတ် ၂၇ ရက်၌ ကျင်းပခဲ့သည်။ CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က အဆိုပါ အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)...