ပေကျင်း ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ယနေ့ ဇူလိုင်လ ၇ ရက်သည် တရုတ်ရိုးရာ ရာသီချိန် ၂၄ ခုရှိ Minor Heat (သို့မဟုတ်) ရှောင်ရှူ ကာလဖြစ်သည်။ Minor Heat ၏ အဓိပ္ပါယ်မှာ ပူလွန်းသော်လည်း အပူဆုံးအချိန်မဟုတ်ဟူသော အဓိပ္ပါယ်...
ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးနှင့် အဆင့်အမြင့်ဆုံးကွန်ရက်အခြေစိုက်စခန်း တည်ဆောက်ရေး ကြိုးပမ်းအားထုတ်လျက်ရှိသလို နိုင်ငံအတွင်း 5G အခြေစိုက်စခန်းအရေအတွက်မှာ မေလကုန်ပိုင်းအထိ ၂.၈၄ သန်းကျော်လွန်လာခဲ့ကြောင်း သိရသည်။
မနီလာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် တီဘီရောဂါ (tuberculosis) တစ်ကျော့ပြန်ကူးစက်မှု မြင့်မားလာခြင်းနှင့် ရင်ဆိုင်နေရသဖြင့် တီဘီရောဂါတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီး Teodoro Herbosa က ပြောကြားခဲ့သည်။
အစ္စတန်ဘူလ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်မြို့လယ်တွင် ရှေးဟောင်းကျောက်ရုပ်တု သုံးခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ဇူလိုင် ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) ၏ အထင်ကရစီမံကိန်းတစ်ခု ဖြစ်သော တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) က ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးအခင်းအကျင်း အသွင်ပြောင်းရေး၌ အချက်အချာကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်...
ဖနွမ်းပင်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Prak Sokhonn သည် ဇူလိုင် ၁၁ ရက်မှ ၁၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည့် (၅၆)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) နှင့် ဆက်စပ်အစည်းအဝေးများတက်ရောက်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ...
လာဟိုး၊ ပါကစ္စတန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူသေဆုံးမှုများနှင့် အဆောက်အအုံပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဇူလိုင် ၅ ရက်နှင့် ၆ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်၌ ရေကြီးရေလျှံမှုနှင့် နေရာများစွာရှိ အခြေခံအဆောက်အအုံများ ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။...
အန်ကာရာ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တူရကီနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှုကြောင့် နိုင်ငံအတွင်းရှိ နာမည်ကျော် ခရီးသွားနေရာများက သမားရိုးကျဝန်ဆောင်မှုဆိုင်ရာရွေးချယ်မှုများစွာ ကမ်းလှမ်းထားသော်ငြားလည်း တူရကီနိုင်ငံသားများသည် လူနေမော်တော်ယာဉ်များနှင့် အပန်းဖြေမော်တော်ယာဉ်များကဲ့သို့ ဘတ်ဂျက်ချွေတာသော အားလပ်ရက်ခရီးသွားခြင်းနည်းလမ်းများကို ပြောင်းလဲရွေးချယ်လာကြသည်။ “လက်ရှိစီးပွားရေးအခြေအနေနဲ့ မြေထဲပင်လယ်နဲ့ အေဂျီယံပင်လယ်ကမ်းရိုးတန်းတစ်လျှောက်က အပန်းဖြေနေရာတွေရဲ့ ဈေးနှုန်းမြင့်တက်မှုတွေကြောင့် အားလပ်ရက်ခရီးထွက်ဖို့ အတော့်ကိုခက်ခဲပါတယ်။ ကျွန်တော်တို့...
အာသံ၊ အိန္ဒိယ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ် Nagaon ခရိုင်ရှိ လယ်သမားများက စပါးကွင်းများတွင် စပါးပျိုးပင်များ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။ ဆန်စပါးသည် အာသံပြည်နယ်အတွက် အရေးကြီးဆုံး သီးနှံဖြစ်ပြီး စုစုပေါင်း စားသောက်ကုန် အစေ့အဆန် ထွက်ရှိမှု၏ ၉၆ ရာခိုင်နှုန်းခန့်ရှိကြောင်း...
ဟူးဟော့ ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) တရုတ်-မွန်ဂိုလီးယား နယ်စပ်ရှိ အကြီးမားဆုံး အဝေးပြေးစခန်းဖြစ်သည့် Ganqmod ဆိပ်ကမ်းက ကိုင်တွယ်ဆောင်ရွက်ခဲ့သည့် စုစုပေါင်း ကုန်စည်ပမာဏမှာ ယခုနှစ် ပထမနှစ်ဝက်အတွင်း တန်ချိန် ၁၆ သန်းကျော် ရှိခဲ့ကြောင်း ဇူလိုင် ၆ ရက်တွင် နယ်စပ်စခန်းစီမံခန့်ခွဲရေးအဖွဲ့က ပြောကြားခဲ့သည်။