ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန် နှင့် လာအိုဒုဝန်ကြီးချုပ်နှင့် ပြည်သူ့လုံခြုံရေးဝန်ကြီး ရဲဗိုလ်ချုပ်ကြီး Vilay Lakhamphong တို့ မေ ၂၄ ရက်၌ အလုပ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။...
ဗီယင်ကျန်း၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်-လာအို ရထားလမ်းက လာအိုနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ဖွင့်လှစ်ပေးခဲ့သလို စီးပွားရေးပြန်လည်နိုးကြားစေရန် ထိပ်တန်းဦးစားပေးဖြစ်သော ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ပေးခဲ့ကြောင်း သိရသည်။ လာအိုနိုင်ငံရှိ သုတေသီများက လာအိုစီးပွားရေးတိုးတက်မှုအပေါ် အပြုသဘောရှုမြင်ကြသလို ၂၀၂၃ ခုနှစ်၌ ၄.၅ ရာခိုင်နှုန်း တိုးတက်လာမည်ဟု...
ဆန်းကျန့်၊ မေ ၂၆ ရက် (ဆင်ဟွာ) ၂၉ ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် မေ ၂၅ ရက်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး လက်ထောက်ဝန်ကြီး နုန်ရုန် နှင့် မြန်မာနိုင်ငံ...
ဟနွိုင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) ပထမဆုံး မီနီလျှပ်စစ်ကားဖြစ်သော Wuling HongGuang MINI EV ကို ဗီယက်နမ် မော်တော်ကားထုတ်လုပ်သူ TMT Motors က မေ ၂၅ ရက်၌ ထုတ်ဖော်မိတ်ဆက်ခဲ့ကြောင်း ယင်းကုမ္ပဏီ၏ အွန်လိုင်းထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် လုံလောက်သော စွမ်းအင်ထောက်ပံ့မှုနှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးတို့ကို ကြိုးပမ်းအားထုတ်ကာ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသောကြောင့် ၂၀၂၃ ခုနှစ် ပထမလေးလတွင် အသစ်တပ်ဆင်ထားသော သန့်ရှင်းသော စွမ်းအင်ထုတ်လုပ်မှုမှာ မှန်မှန်တိုးတက်လာခဲ့ကြောင်း သိရသည်။
လန်ကျိုး၊ မေ ၂၆ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကန်းစုပြည်နယ်တွင် ၂၀၂၃ ခုနှစ် ပထမလေးလအတွင်း နိုင်ငံခြားကုန်သွယ်မှု တိုးတက်လျက်ရှိပြီး ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ ယမန်နှစ် အလားတူကာလထက် ၁၆.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ယင်းဒေသအကောက်ခွန်ဌာန အချက်အလက်များအရ သိရသည်။
ယူနန်၊ မေ ၂၆ ရက် (ဆင်ဟွာ) အချိန် ၂ နှစ်ကြာ ခရီးရှည်နှင်ပြီးနောက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ နာမည်ကျော် ရွှေ့ပြောင်းသွားလာနေသော ဆင်အုပ်စုလေးသည် မိသားစုသစ်၊ မိသားစုဝင်အသစ်များဖြင့် ဘဝသစ်ကို စတင်လိုက်ပြီ ဖြစ်သည်။ (Xinhua) ………………………….. (English Version) GLOBALink | China’s...
ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် သည် ယူရေးရှားစီးပွားရေးသမဂ္ဂ ၏ ဖိတ်ကြားချက်အရ ဒုတိယအကြိမ်မြောက် Eurasian Economic Forum မျက်နှာစုံညီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ မေ ၂၄ ရက်၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်။ (Xinhua) ………………………………....
လန်ကာဝီ၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) လေတပ်၏ August 1st လေယာဉ်အလှပြပျံသန်းရေးအဖွဲ့က မလေးရှားနိုင်ငံ လန်ကာဝီကျွန်းစုတွင် ၂၀၂၃ ခုနှစ် မေ ၂၃ ရက်က ကျင်းပသော ၁၆ ကြိမ်မြောက် လန်ကာဝီ နိုင်ငံတကာ ပင်လယ်ရေကြောင်းနှင့် လေယာဉ်တည်ဆောက်မှုနည်းပညာပြပွဲ (LIMA...
ပေကျင်း၊ မေ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) သည် နိုင်ငံများအားလုံး၏ ကွန်ရက်ချိတ်ဆက်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် ကတိပြုထားကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံအတူ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများအား အကျိုးကျေးဇူးများ...