ကျိုချွမ် ၊ ဇွန် ၅ရက်(ဆင်ဟွာ) ရှန်ကျိုး-၁၅ လူလိုက်ပါအာကာသယာဉ်ပေါ်ရှိ တရုတ်အာကာသယာဉ်မှူး သုံးဦးသည် ၆ လကြာ အာကာသစခန်းမစ်ရှင် ပြီးစီးခဲ့ပြီးနောက် ဇွန် ၃ ရက်တွင် ကမ္ဘောမြေသို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အန်ကာရာ ၊ ဇွန် ၅ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ သမ္မတ အာဒိုဂန်က ၎င်း၏ အစိုးရအဖွဲ့တွင် အဓိကကျသော ရာထူးအပြောင်းအလဲများအား ဇွန် ၃ ရက်တွင် ကြေညာခဲ့ပြီး ဒုတိယသမ္မတ ၊ ကာကွယ်ရေး ၊ နိုင်ငံခြားရေး ၊ ဘဏ္ဍာရေး နှင့် ငွေကြေး နေရာများအတွက်...
ဖနွမ်းပင် ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်မြို့ရှိ Morodok Techo အမျိုးသားအားကစားရုံ၌ ၁၂ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအား ဇွန် ၃ ရက် ညနေပိုင်းတွင် တရားဝင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
စင်္ကာပူ ၊ ဇွန် ၄ ရက်(ဆင်ဟွာ) ၂၀ ကြိမ်မြောက် ရှန်ဂရီလာဆွေးနွေးပွဲအား စင်္ကာပူနိုင်ငံ၌ ဇွန် ၂ ရက်မှ ၄ ရက်အထိ ကျင်းပလျက် ရှိပြီး အာရှ-ပစိဖိတ်ဒေသတစ်ဝန်း လုံခြုံရေးအတွက် ဖြေရှင်းချက်များကို ရှာဖွေခြင်း နှင့် စိန်ခေါ်မှုများအား ဖော်ထုတ်ခြင်း တို့နှင့်ပတ်သက်၍ အဓိကထား ဆွေးနွေးလျက်...
နယူးဒေလီ ၊ ဇွန် ၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Odisha ပြည်နယ်၌ ခရီးသည်တင်ရထားနှစ်စင်း တိုက်မိမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ဇွန် ၃ ရက်တွင် ၂၈၈ ဦးအထိ မြင့်တက်လာခဲ့ပြီး ဒဏ်ရာရရှိသူ ၈၀၃ ဦး ရှိလာခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကျိုချွမ် ၊ ဇွန် ၄ ရက်(ဆင်ဟွာ) ရှန်ကျိုး-၁၅ ကမ္ဘာမြေသို့အပြန်အာကာသယာဉ်အခန်းထဲရှိ အာကာသယာဉ်မှူးသုံးဦးသည် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသရှိ Dongfeng ယာဉ်ဆင်းသက်ရေးနေရာသို့ ဇွန် ၄ ရက်တွင် ဆင်းသက်ခဲ့ပြီးနောက် ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ယဉ်ကျေးမှုတာဝန်အသစ်များထမ်းဆောင်ခြင်းနှင့် ခေတ်မီတရုတ်လူမှုယဉ်ကျေးမှုတစ်ရပ် တည်ဆောက်ခြင်းအတွက် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ကျိုချွမ်၊ ဇွန် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရှန်ကျိုး-၁၅ (Shenzhou-15) အာကာသယာဉ်မှူးများသည် ၎င်းတို့၏ စီစဉ်ထားသောတာဝန်များအားလုံး ပြီးမြောက်ပြီဖြစ်သဖြင့် ဇွန် ၄ ရက်တွင် ကမ္ဘာမြေသို့ ပြန်လာတော့မည် ဖြစ်ကြောင်း တရုတ်နိုင်ငံလူတင်အာကာသအေဂျင်စီ (CMSA) က ဇွန် ၂ ရက်၌ ပြောကြားခဲ့သည်။
စုကိုဟာဂျို၊ အင်ဒိုနီးရှား၊ ဇွန် ၃ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၊ စူကိုဟာဂျိုမြို့ ၊ Gatak ကျေးရွာတွင် အညိုရောင် ပြောင်းဖူးမွှေးများ၊ နို့ရောင် အဆန်များဖြင့် သကြားပြောင်းများကို ခူးဆွတ်ရန် အသင့်ရှိနေပြီဖြစ်သည်။ ဒေသခံတောင်သူများ သည် ရိုးရာဈေး၌ ရောင်းချြခင်းမပြုမီ ပြောင်းဖူးများခူးဆွတ်ရိတ်သိမ်းရန်အတွက် ပခုံးအမြင့်ခန့်ရှိသော ပြောင်းခင်းများကြားတွင် ဥဒဟိုသွားလာရင်း...
ပေကျင်း၊ ဇွန် ၃ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ လျိုကျန့်ချောင်းသည် ရုရှားနိုင်ငံနှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း (CEE) နိုင်ငံများမှ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များနှင့် ပေကျင်းမြို့၌ ဇွန် ၂ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။ လျိုသည်...