ဖနွမ်းပင်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် မြင်းနှစ်တရုတ်နှစ်သစ်ကူး အခါသမယ ရောက်ရှိမည်ဖြစ်ရာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်က တရုတ်ပြည်သူများနှင့် တရုတ်နွယ်ဖွား ကမ္ဘောဒီးယား ပြည်သူများအတွက် နှစ်သစ်ဆုမွန်ကောင်းများ ပို့သခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ဖေဖော်ဝါရီ ၁၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အက်ဖ်အေဖလား ပွဲစဉ်တွင် အာဆင်နယ်က လိဂ်ဝမ်းကလပ် ဝီဂန် အက်သလက်တစ်ကို အိမ်ကွင်း၌ သက်သောင့်သက်သာဖြင့် ၄ ဂိုးပြတ်အနိုင်ယူကာ နောက်ဆုံး ၁၆ သင်းအဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။
ထိုက်ယွမ်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) နွေဦးပွဲတော် ခရီးသွားရာသီအတွင်း ဘေးကင်းလုံခြုံစွာ ခရီးသွားလာနိုင်စေရန် မြန်နှုန်းမြင့်ရထားများ ထိန်းသိမ်းခြင်းလုပ်ငန်းကို ရထားလုပ်ငန်း ဝန်ထမ်းများက အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှု တစ်ဆင့်တိုးအဆင်ပြေချောမွေ့စေရေးအတွက် တရုတ်နိုင်ငံက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ ကနေဒါနှင့် ယူကေမှ သာမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်များအား ဗီဇာကင်းလွတ်ခွင့်မူဝါဒ စတင်ရန် ဆုံးဖြတ်လိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၅ ရက်၌ ပြောကြားခဲ့သည်။
တီဟီရန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) အီရန်နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi သည် အမေရိကန်နှင့် ဒုတိယအကြိမ် တစ်ဆင့်ခံနျူကလီးယား ဆွေးနွေးပွဲနှင့် သံတမန်ရေးရာ သီးခြားတွေ့ဆုံပွဲများအတွက် တီဟီရန်မြို့မှ ဂျီနီဗာမြို့သို့ ဖေဖော်ဝါရီ ၁၅ ရက်၌ ထွက်ခွာခဲ့ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
စင်ကာပူ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ဒုတိယကမ္ဘာစစ်ကာလက ဂျပန်တို့၏ သိမ်းပိုက်အုပ်ချုပ်မှုအတွင်း သေဆုံးခဲ့ရသည့် အရပ်သားများအား အောက်မေ့ဂါရဝပြုသည့် အထိမ်းအမှတ် အခမ်းအနားကို စင်ကာပူနိုင်ငံတွင် ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပခဲ့ရာ မြို့လယ်နေရာ၌ ပြုလုပ်သည့် နှစ်စဉ်ပြုလုပ်မြဲ အခမ်းအနားသို့ ဧည့်ပရိသတ် ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နှင့် အီရန်တို့အကြား သဘောတူညီချက် မရရှိနိုင်ပါက အီရန်၏ ပဲ့ထိန်းဒုံးကျည် အဆောက်အအုံများအပေါ် အစ္စရေး လေကြောင်းတိုက်ခိုက်မှုကို အားပေးထောက်ခံမည်ဟု အမေရိကန်သမ္မတ ထရမ့်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ပြောကြားခဲ့ဖူးကြောင်း အမေရိကန် မီဒီယာက ဖေဖော်ဝါရီ ၁၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) မိုက်ခရိုနီးရှားနိုင်ငံ (FSM) သမ္မတ ဝက်စလီ ဒဗလျူ ဆီမီနာက တရုတ်နိုင်ငံသားများထံ မကြာသေးမီကပင် တရုတ်နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး နှစ်နိုင်ငံအနေဖြင့် ၎င်းတို့၏ ဘုံမျှော်မှန်းချက်များနှင့် ဘုံရည်မှန်းချက်ပန်းတိုင်များ ပိုမိုမြှင့်တင်ရန် ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်ကို တည်ဆောက်မည်ဟု မျှော်လင့်ကြောင်း...
ဘဲလ်ဂရိတ်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ) ဆားဘီးယားချန်ပီယံ ရက်ဒ်စတား ဘဲလ်ဂရိတ် ဘောလုံးအသင်းက အသက် ၁၆ နှစ်အရွယ် တရုတ်ကွင်းလယ်ကစားသမား ဝမ့်ရှန့်အား ရာဂျ်ကို မီတစ် အားကစားကွင်း၌ ဖေဖော်ဝါရီ ၁၄ ရက်က တရားဝင်မိတ်ဆက်ခဲ့ပြီး ယခုအပြောင်းအရွှေ့မှာ ဆယ်စုနှစ်များစွာအတွင်း တရုတ်နိုင်ငံတွင် ပေါ်ထွက်လာခဲ့သည့် ပါရမီအထူးကဲဆုံး...
ပိုက်ချိန်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးရွာတစ်ရွာရှိ သိုးခြံတစ်ခြံထဲသို့ အသက်အရွယ်အိုမင်းနေသော နှင်းကျားသစ်တစ်ကောင် ဝင်ရောက်လာခဲ့သည်။ ထို့နောက် ၎င်းကျားသစ်ကို သဘာဝထဲသို့ ဘေးကင်းစွာ ပြန်လွှတ်ပေးခဲ့သည်။ (Xinhua) …………………………………….. (English Version) Elderly snow leopard...