ရှီကျင့်ဖိန်က ကမ္ဘာတစ်ဝန်းမှ မြို့များအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန် ၂၀၂၂ ခုနှစ် ကမ္ဘာ့မြို့ကြီးများ၏ ကမ္ဘာလုံးဆိုင်ရာ အထိမ်းအမှတ်နေ့အတွက် ပေးပို့သော ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/Bcc ——————————— Xi Jinping called on cities across the world...
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖူထျောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံအနေ ဖြင့် အစဉ်အလာရှိ သော ချစ်ကြည်ရင်းနှီးမှုအား တောင့်တင်းခိုင်မာလာစေရေး ၊ မဟာဗျူဟာမြောက်ဆက်ဆံမှု အားကောင်းလာရေး ၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရေး နှင့်...
ကိုပင်ဟေဂင် ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ် လျှပ်စစ်မော်တော်ကား ထုတ်လုပ်သူများသည် ဒိန်းမတ်နိုင်ငံတွင် ဖွင့်လှစ်ခဲ့သော Plug-in ပေါင်းစပ်လျှပ်စစ်ယာဉ် နှင့် လျှပ်စစ်ကားများပြပွဲတွင် ဥရောပစျေးကွက်၏ အလားအလာကို စိတ်ဝင်တစားစောင့်ကြည့်သူများ၌ ပါဝင်လျက်ရှိသည်။ (Xinhua)
ဂူဂျာရတ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် အောက်တိုဘာ ၃၀ ရက်က တံတားတစ်စင်း ရုတ်တရက်ပြိုကျမှု ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ အနည်းဆုံး လူ ၁၃၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua) #India #Bridge #Collapse #Xinhua...
ကျိုချွမ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2C သယ်ဆောင်ရေးဒုံးပျံဖြင့် “Shiyan-20 C” ဂြိုဟ်တုကို အောက်တိုဘာ ၂၉ ရက် ဒေသစံတော်ချိန် ၉ နာရီ ၀၁ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ၎င်းဂြိုဟ်တုသည် ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့...
စီချွမ်း ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်ကုမ္ပဏီမှ ကိုယ်တိုင်တီထွင်ထုတ်လုပ်ထားသော အင်ဂျင်လေးလုံးတပ် အရွယ်အစားကြီးမားသော မောင်းသူမဲ့လေယာဉ်၏ ပထမဆုံး ပျံသန်းမှုကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၌ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ (Xinhua)
ဆိုးလ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အီထယ်ဝန်ခရိုင်၌ အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် ဟောလိုးဝင်းပွဲတော် လူစုဝေးမှုအတွင်း လူအုပ်ပိမှုဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံသား လေးဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
Hajjah ပြည်နယ်၊ ယီမင်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံ Hajjah ပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းသည် တိုက်ပွဲအတွင်း ပျက်စီးသွားခဲ့ရာ ကျောင်းသားမိဘများ၏ ကူညီမှုဖြင့် အဆိုပါကျောင်းမှ ဆရာများနှင့် ကျောင်းသားများက ယာယီတဲ၊ သက်ကယ်တဲ၊ ပျဉ်ထောင်အိမ် ၁၁ လုံး ဆောက်လုပ်ခဲ့ကြပြီး ယင်းယာယီစာသင်ခန်းများတွင် ဆက်လက်ပညာသင်ကြားလျက်ရှိကြောင်း...