လန်ကျိုး၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစု ပြည်နယ်ရှိ ယဉ်ကျေးမှု အမွေအနှစ်နေရာ ၇၂ ခု တွင် ရှားပါးပြီး အဖိုးတန် ကျောက်တုံးပန်းချီများ အတွက် ဒစ်ဂျစ်တယ် ရုပ်ပုံ ဒေတာဘေ့စ်ကို ထူထောင်ထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။
တိုကျို ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ၏ ပျက်စီးနေသော ဖူကူရှီးမားဒိုင်အိချိ နျူကလီးယားဓာတ်အားပေးစက်ရုံ လုပ်ကိုင်သူများက ပြည်တွင်း ၊ ပြည်ပမှ အပြင်းအထန်ဆန့်ကျင်ကန့်ကွက်သည့်ကြားမှ ပစိဖိတ်အတွင်းသို့ နျူကလီးယားညစ်ညမ်းရေမျာ စွန့်ထုတ်ရန် စက်ပစ္စည်းများအား စတင်စမ်းသပ်နေကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အီရန်နိုင်ငံနှင့် ဆက်စပ်သည်ဟူသော အကြောင်းပြချက်ဖြင့် တရုတ်ကုမ္ပဏီအချို့နှင့် လူပုဂ္ဂိုလ်အချို့အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို တရုတ်နိုင်ငံက ကန့်ကွက်ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက်၌ ပြောကြားခဲ့သည်။
ကိုပင်ဟေဂင် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ဒိုင်နိုဆောဦးခေါင်းခွံအား ဥရောပ၏ ထိပ်တန်းပြတိုက်များအနက် တစ်ခုဖြစ်သည့် ဒိန်းမတ် နိုင်ငံ၏ Knuthenborg ဆာဖာရီဥယျာဉ်ရှိ Evolution ပြတိုက်၌ ဇွန် ၁၃ ရက်တွင် ထုတ်ဖော်ပြသမည်ဖြစ်ကြောင်း သိရသည်။
ဒမတ်စကတ်စ် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ဖေဖော်ဝါရီလအတွင်း ဆိုးရွားသည့် မြေငလျင်များ လှုပ်ခတ်ပြီး စစ်ဘေးဒဏ်သင့် ဆီးရီးယားနိုင်ငံအား ပြန်လည်ထူထောင်ရေး ကူညီသည့် အနေဖြင့် စားနပ်ရိက္ခာ တန်ချိန် ၃,၅၀၀ ကျော်ကို ဇွန် ၁၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ကူဝိတ် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) ကူဝိတ်နိုင်ငံ Hawalli ပြည်နယ်၌ တရုတ်အမှတ်တံဆိပ်မော်တော်ကားပြပွဲအား ဇွန် ၁၁ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ယခုနှစ် ပထမ ၄ လတာ ကာလတွင် တရုတ်နိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်း နိုင်ငံခြားကုန်သွယ်ရေးပမာဏသည် တိုးတက်လျက်ရှိရာ ၎င်း၏စုစုပေါင်းပမာဏသည် ယခင်နှစ်ကာလတူထက် ၉.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၁၁.၇၁ ဘီလီယံအထိ ရှိကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။
ဟိုင်ခို ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) တောင်တရုတ်ပင်လယ်ပြင်တွင် ရှာဖွေတွေ့ရှိခဲ့သည့် ရှေးဟောင်းသင်္ဘောပျက်နှစ်စင်းနှင့် ပတ်သက်၍ ပင်လယ် ရေနက်ပိုင်း ရှေးဟောင်းသုတေသနအဖွဲ့တစ်ဖွဲ့၏ စူးစမ်းလေ့လာမှု ပထမအဆင့်သည် ဇွန် ၁၁ ရက်တွင် ပြီးစီးသွားခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa (KP) ပြည်နယ်၌ မိုးရွာသွန်းမှုနှင့် စပ်လျဉ်းသော မတော်တဆမှုများကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၁၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။ (Xinhua) —————-...
ကျိုန့်ကျိုး ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ရေရှားပါးမှု နှင့် အပူချိန်မြင့်တက်ခြင်းကဲ့သို့သော ရာသီဥတု စိန်ခေါ်မှုများအား တုန့်ပြန်သည့် အနေဖြင့် ယခုနှစ် နွေရာသီ ရိတ်သိမ်းချိန်အတွင်း စားနပ်ရိက္ခာ ဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေရေးအတွက် ကြိုးပမ်းမှုများအား အရှိန်မြှင့်တင်ခဲ့ကြောင်း သိရသည်။ (Xinhua) ———————— Central...