ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယား ညစ်ညမ်းမှုဖြစ်စေသောရေများ ပင်လယ်အတွင်းသို့ စွန့်ထုတ်ရန်နှင့် ယင်းသို့လုပ်ဆောင်ရန် ပြင်ဆင်နေသောလုပ်ငန်းများအားလုံးကို ရပ်တန့်ရန် မှားယွင်းသောဆုံးဖြတ်ချက်ကို ရုပ်သိမ်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၁၇ ရက်က တိုက်တွန်းလိုက်ကြောင်း သိရသည်။
ပေကျင်း ၊ မေ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ စီးပွားရေးသည် ထိရောက်သော ကပ်ရောဂါထိန်းချုပ်ရေး နှင့် မူဝါဒများစွာ ချမှတ် လုပ်ဆောင်ခြင်းကြောင့် မကြာမီ ပုံမှန် လုပ်ငန်းလည်ပတ်မှုများဆီသို့ ပြန်လည်ရောက်ရှိလာတော့မည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက မေ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင်၊ မေ ၁၈ ရက်(ဆင်ဟွာ) ရပ်ဝန်းနှင့်ပိုးလမ်းမ(BRI) ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများက ကိုဗစ်-၁၉ ကပ်ရောဂါကာလ ကမ္ဘောဒီးယားနိုင်ငံနှင့်ကမ္ဘာတစ်ဝှမ်းအတွက် လက်တွေ့အကျိုးဖော်ဆောင်မှု အထောက်အကူဖြစ်ကြောင်း ကမ္ဘောဒီးယားပညာရှင်က စနေနေ့တွင် ပြောကြားခဲ့သည်။
နယူးယောက် ၊ မေ ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် နိုဘယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးသူအရေအတွက်မှာ မေ ၁၇ ရက်တွင် ဆိုးရွားသောသမိုင်းမှတ်တိုင်အဖြစ် ၁ သန်းထိ ရောက်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အချက်အလက်များအရ သိရသည်။
မော်စကို/ကိဗ်၊ မေ ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံမှ တာဝန်ရှိသူများက လက်ရှိပဋိပက္ခကို အဖြေရှာရန် ဆွေးနွေးညှိနှိုင်းမှုများမှာ ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေတွင်ရှိနေသဖြင့် ဆိုင်းငံ့ထားကြောင်း မေ ၁၇ ရက်က ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) အား ၁၉၂၁ ခုနှစ်တွင်တည်ထောင်ချိန်၌ ပထမဆုံးအမျိုးသားညီလာခံသို့ တက်ရောက် လာခဲ့ကြသည့်ကိုယ်စားလှယ်အသီးသီး၏ ပျမ်းမျှ အသက်အရွယ်မှာ ၂၈ နှစ်ဝန်းကျင် ဖြစ်သည်။ လက်ရှိတွင် နှစ်ပေါင်း၁၀၀ ကျော်ဖြတ်သန်းခဲ့ပြီဖြစ်သည်။ ယနေ့ကာလတရုတ်နိုင်ငံတွင် ရာစုနှစ် နှင့်ချီ သက်တမ်းရှိသည့် ပါတီတစ်ခုကို...
ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ) အမေရိကန် အစိုးရက သေနတ်ပစ်ခတ်အကြမ်းဖက်မှု များကို ဖြေရှင်းရန် တာဝန်သိစိတ်ဖြင့် ပြတ်ပြတ်သားသား နှင့် ထိထိရောက်ရောက်အရေးယူဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ချုံချင့်၊ မေ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ သုတေသီအဖွဲ့တစ်ဖွဲ့သည် မြန်နှုန်း၇ဆင့်ရှိ အရည်ဖိအားသုံး နှစ်ဖက်သွားကလပ်( DCT) များကို ပြည်တွင်း၌ ထုတ်လုပ်ခဲ့ပြီးမော်တော်ယာဉ် စွမ်းအင်များကိုဖြည့်ဆည်းပေးနိုင်မည့်စနစ် ထုတ်လုပ်မှု ကဏ္ဍ ကို ထိုးဖောက်နိုင်ခဲ့သည်။
နန်ချန်း၊ မေ ၁၇ ရက် (ဆင်ဟွာ) ယန်ဇီမြစ်တစ်လျှောက် ၁၀ နှစ်ကြာ ငါးဖမ်းခြင်းတားမြစ်ချက်အရ မြစ်ရေပြင်ဧရိယာတွင် တရားမဝင်ငါးဖမ်းခြင်းများကို တိုက်ဖျက်ရန် ဖြည့်စွက်နည်းလမ်းအဖြစ် ဉာဏ်ရည်တု (AI) နည်းပညာစနစ်ကို အသုံးပြုလျက်ရှိကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ မေ ၁၇ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကရာချိမြို့ရှိ ကွန်ဖြူးရှပ်စာသင်ကျောင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်းသေဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသား ဆရာဆရာမများအတွက် အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်ကို မေ လ ၁၄ ရက်တွင်ကျင်းပခဲ့သည်။ ပါကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးတာဝန်ခံ Pang Chunxue က အခမ်းအနားတွင် အမှာစကား...