ပေကျင်း ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအနေဖြင့် လူ့အခွင့်အရေးအား ကာကွယ်ပေးသော မည်သည့်အစိုးရမဆို လုပ်သင့်လုပ်ထိုက်သည့်အတိုင်း သေနတ်ပစ်ခတ်အကြမ်းဖက်မှုမှ ၎င်းတို့၏ ပြည်သူများအား ကာကွယ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဇွန် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံ Paktika ပြည်နယ်တွင် ဇွန် ၂၂ ရက် အစောပိုင်းက ငလျင်လှုပ်ခတ်ပြီးနောက် လူပေါင်း ၂၈၀ ထက်မနည်းသေဆုံးပြီး ၅၉၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) အောက်တွင် ရာသီဥတုပြောင်းလဲခြင်း၊ ကပ်ရောဂါနှင့် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း အပါအဝင် မြောက်များစွာသော စိန်ခေါ်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှုနှင့် ကွန်ရက်ချိတ်ဆက်ခြင်းများ ပိုမိုကျယ်ပြန့်လာရေးအတွက် နိုင်ငံစုံမှ ကျွမ်းကျင်ပညာရှင်များက တိုက်တွန်းပြောကြားခဲ့သည်။
နယူးယောက် ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) သေနတ်အကြမ်းဖက်မှုသည် မြို့တွင်းပြဿနာတစ်ခု ၊ မြို့တော်အတွင်းပိုင်းပြဿနာတစ်ခု ၊ အပြာရောင်မြို့တော် သို့မဟုတ် အနီရောင်ပြည်နယ် ပြဿနာတစ်ခု မဟုတ်ပေ။ သို့သော် ယင်းမှာ “ အမေရိကန်ပြဿနာတစ်ခု” ဟူ၍ ဇွန် ၂၀ ရက်တွင် ထုတ်ဝေခဲ့သည့် ဝါရှင်တန်ပို့စ်(Washington Post)...
ပေကျင်း ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) Shenzhou-13 လူလိုက်ပါသည့်မစ်ရှင်မှ အာကာသယာဉ်မှူးသုံးဦးသည် ဇွန် ၂၁ ရက်တွင် တရုတ်နိုင်ငံ၏ အာကာသကြိုးပမ်းအားထုတ်မှုများတွင် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုများအတွက် ဆုတံဆိပ်များ ချီးမြှင့်ခံခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ပဋိပက္ခကြောင့်၊ အကြမ်းဖက်မှုကြောင့် ထို့အပြင် အခြား အကြပ်အတည်းများကြောင့် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ မကြုံစဖူးများပြားလှသည့် ပမာဏအဖြစ် ကလေးငယ်ပေါင်း ၃၆.၅ သန်း မှာ အိုးမဲ့အိမ်မဲ့ဖြစ်နေကြရပြီး ၎င်းမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အများဆုံးပမာဏဖြစ်ကြောင်းကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) ၏ ထုတ်ပြန်မှုအရသိရသည်။...
(အတွင်း) မွန်ဂို ဒေသ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း (အတွင်း) မွန်ဂို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Zhanggutai ကျေးရွာတွင် ဒေသခံများအတွက် ဝင်ငွေတိုးပွားစေသည့် ဘဲမွေးမြူရေးခြံကိုရိုက်ကူးထားသည့်ရုပ်သံဖိုင်ဖြစ်ပါသည်။ (Xinhua) ……………………. (English Version) Geese rearing brings glee to farmers...
ပေကျင်း၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အမည်ဖြင့် အမေရိကန်နိုင်ငံသည် စစ်မက်များကိုဖန်တီးပြီး စစ်ဒဏ်သင့်နိုင်ငံများအား အစိတ်စိတ်အမွှာမွှာပျက်စီးစေခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇွန်လ ၂၀ ရက်တွင် ကျရောက်သည့် ( ၂၂) ကြိမ်မြောက် ကမ္ဘာ့ ဒုက္ခသည်များနေ့တွင်ပြောကြားခဲ့သည်။ (Xinhua) ……………….. (English...
အက်ခ်ရာ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) သည် တရုတ်နိုင်ငံ အား ကမ္ဘာ့ ဒုတိယ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ တစ်နိုင်ငံ အဖြစ်သို့ စဉ်ဆက်မပြတ်အောင်မြင်စေခဲ့ပြီး အာဖရိကတိုက်အတွက် အတွေ့အကြုံများစွာ ရရှိစေ ခဲ့ကြောင်း ဂါနာနိုင်ငံသားသံတမန်တစ်ဦးက ဆိုသည်။ (Xinhua) …………………….. (English...
ဗင့်ဟို့ထ်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) နမ်မီးဘီးယား နိုင်ငံရှိ တရုတ်ရိုးရာတိုင်းရင်းဆေးအဖွဲ့သည် လူကြိုက်များလျက်ရှိသည့် ရိုးရာတရုတ် တိုင်းရင်းဆေးကုသနည်းများအနက် ခေတ်မီတရုတ်တိုင်းရင်းဆေး ဂီတကုထုံး CMMT ကို ထပ်မံပေါင်းစပ်ကာ ဒေသခံများကို ကုသပေးခဲ့ကြောင်းသိရသည်။