ဂျကာတာ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း၏ အမှတ်-၄ ကွန်ကရစ်ပုံသွန်းလောင်းသောနေရာတွင် box girder ရက်မ ၉၈၁ ခုအား မူလစီစဉ်ထားသည့်အတိုင်း ဇွန် ၁၃ ရက်၌ ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် ပုံသွန်းလောင်းသောနေရာဆိုင်ရာ အောင်မြင်မှုကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူဇင်ဘတ်၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ယန်ကျဲ့ချီနှင့် အမေရိကန် သမ္မတ အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်(Jake Sullivan)တို့ လူဇင်ဘတ်နိုင်ငံတွင် ဇွန် ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ပေကျင်း၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာနက နိုင်ငံတောင်ပိုင်းရှိ ပုလဲမြစ်ဝှမ်းဒေသ၌ ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် ရေကြီးရေလျှံမှု အရေးပေါ်တုံ့ပြန်ခြင်း အဆင့်-၃ အဖြစ် ကနဦးသတ်မှတ်ထားကြောင်း ဇွန် ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ပါ့သ် ၊ ဩစတြေးလျ ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) ဩစတြေးလျနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Xiao Qian က နှစ်နိုင်ငံဆက်ဆံရေး၏ ကောင်းမွန်တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားများနှင့်အညီ ဖြစ်ကြောင်း ဇွန် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ကျန်းစု၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်းကျန်းစုပြည်နယ် Nantong မြို့ Rudong ကောင်တီ ရှိ Rudong ကမ်းလွန်လေအားလျှပ်စစ်ထုတ်လုပ်ရေးစက်ရုံအတွက် မြစ်ဝါမြစ်မျက်နှာပြင်ပေါ်တွင် လေအားလျှပ်စစ်တာဘိုင်ပေါင်း ၁,၂၀၀ ဝန်းကျင်ကိုတည်ဆောက်ထားသည်။ လေအားလျှပ်စစ်စီမံကိန်းက ယခုနှစ်တွင် လျှပ်စစ် ကီလိုဝပ် နာရီပေါင်း ၁၅.၆၈ ဘီလီယံကိုထုတ်လွှတ်နိုင်ရန်လျာထားပြီး ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှတ်မှု...
ပေကျင်း ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဗဟိုစစ်ကော်မရှင်ဥက္ကဌ ရှီကျင့်ဖိန်သည် စစ်ပွဲမှ လွဲ၍ အခြားသော စစ်ဆင်ရေးလှုပ်ရှားမှုဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ကြေညာသွားရန် အမိန့်တစ်ရပ်အား လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။
စင်ကာပူ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန့်ဟော်သည် ဇွန် ၁၂ ရက်၌ ကျင်းပသည့် (၁၉)ကြိမ်မြောက် ရှန်ဂရီလာ တွေ့ဆုံဆွေးနွေးပွဲတွင် “value-based alliances” အကျိုးအမြတ်အပေါ်အခြေခံထားသည့်မဟာမိတ်ဆက်ဆံရေးသည် ဒီမိုကရေစီ နှင့်လွတ်လပ်ရေး ပုံမှန် စံနှုန်းများနှင့်သွေဖယ်နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် သီးသန့်ဖြစ်တည်မှုကိုဆန့်ကျင်ကာ အတွေ့အကြုံများဖလှယ်ရန် နှင့် အပြန်အလှန်လေ့လာမှုများပြုလုပ်ရန်တိုက်တွန်းခဲ့သည်။...
စင်ကာပူ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ဇွန် လ ၁၁ ရက် တွင်ကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် ရှန်ဂရီလာ စကားဝိုင်း တွင် တောင်တရုတ်ပင်လယ်နှင့် ထိုင်ဝမ်အရေးနှင့်စပ်လျဉ်းပြီး အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီး Lloyd Austin ၏ အခြေအမြစ်မရှိသည့်ကြေညာချက်များနှင့်တရုတ်နိုင်ငံနှင့်စပ်လျဉ်းသည့်မှားယွင်းသည့်စွပ်စွဲမှုများ အပေါ် တရုတ်နိုင်ငံဘက်က ပြင်းပြင်းထန်ထန်ငြင်းဆို ပယ်ချလိုက်သည်။
နယူးဒေလီ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် BRICS ဘဏ် မှ ငွေကြေးထောက်ပံ့မှုဖြင့် ကျေးလက်ဒေသ ရေပေးဝေရေးစီမံကိန်းကို လုပ်ဆောင်ခဲ့ရာ ဒေသခံလူဦးရေ သန်းတစ်ဝက်ခန့်အတွက် ရေပြဿနာကိုဖြေရှင်းပေးနိုင်မည့် မျှော်လင့်ချက်များ ပေါ်ပေါက်လာစေခဲ့သည်။ (Xinhua) ………………………….. (English Version) GLOBALink | BRICS bank-funded...
ချုံချင့်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ လွှတ်တင်သည့် Shenzhou-14 အာကာသယာဉ်တွင်အသုံးပြုထားသော အလွန်ပါးလွှာသည့်နံရံကို မည်သည့်အရာများဖြင့်ဖန်တီးထားပါသနည်း။ အဆိုပါ ၁၀ မီလီမီတာအထူရှိသည့် အလူမီနီယံ သတ္တုစပ်ပစ္စည်းဖြင့်ပြုလုပ်ထားသော နံရံအလွှာပါးကို Chinalco Southwest Aluminum (Group) Co., Ltd.မှ ထုတ်လုပ်ထားသည်။ Chinalco Southwest...