CHANGCHUN ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်း(Jilin) ပြည်နယ်တွင် ဂျင်ဆင်းထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် လမ်းညွှန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ရည်ရွယ်ချက်မှာ လာမည့် ၂၀၂၅ ခုနှစ်တွင် ဝင်ငွေစုစုပေါင်း တရုတ်ယွမ် ၈၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁.၉ ဘီလီယံ) မှ ၂၀၃၀...
ပေကျင်း ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) လွန်ခဲ့သောဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံသည် သယ်ယူပို့ဆောင်ရေးကွန်ရက် တိုးတက်ကောင်းမွန်လာခြင်း ၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုစွမ်းရည် အားကောင်းလာခြင်း နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာခြင်းတို့ကြောင့် သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုတွင် သမိုင်းဝင်တိုးတက်မှု ရှိခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေရိုး ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) စပိန်နိုင်ငံမှ ပြီးခဲ့သော ရက်သတ္တပတ်တွင် ပြန်လည်ရောက်ရှိလာသော အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးထံတွင် ရောဂါတွေ့ရှိခဲ့ပြီးနောက် ဘရာဇီးနိုင်ငံ၌ မျောက်ကျောက်ရောဂါ ဒုတိယမြောက်လူနာကို ဇွန် ၁၁ ရက်တွင် အတည်ပြုခဲ့သည်။
စင်္ကာပူ ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်က ထိုင်ဝမ်ပုစ္ဆာ နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ပြတ်သားသော ရပ်တည်ချက်အား ထပ်လောင်းပြောဆိုခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) ရေကြီးရေလျှံမှုထိန်းချုပ်ခြင်း နှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ခြင်းတို့နှင့်အတူ ဒေသဆိုင်ရာအစိုးရများကို ရံပုံငွေထောက်ပံ့ပေးရန်အတွက် တရုတ်နိုင်ငံသည် ၎င်း၏ ဗဟိုအစိုးရသဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးရံပုံငွေကို ယွမ် သန်း ၃၆၀ (အမေရိကန်ဒေါ်လာ ၅၃.၇၄ သန်း) တိုးမြှင့်ခွဲဝေချထားရန် လျာထားကြောင်း သိရသည်။
ထရီပိုလီ ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီ၌ လက်နက်ကိုင်အုပ်စုများအကြား သောကြာနေ့ ညပိုင်းက တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း လစ်ဗျားနိုင်ငံရှိ ကုလသမဂ္ဂထောက်ပံ့ရေးအစီအစဉ်(UNSMIL) က ဇွန် ၁၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံအနေဖြင့် အုပ်စုဖွဲ့မှု လှုံ့ဆော်ခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်မှု ဆွယ်တရားဟောခြင်း ပြုလုပ်မည့်အစား ဒေသတွင်း တည်ငြိမ်ရေး ထိန်းသိမ်းရာ၌ တာဝန်ရှိသော အခန်းကဏ္ဍမှ ပါဝင်သင့်ပြီး အမြော်အမြင်နှင့် ဉာဏ်ပညာကိုပြသကာ ဒေသတွင်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပံ့ပိုးကူညီမှုများ ပြုလုပ်သင့်သည်။ (Xinhua) ……………………….. (English...
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် ယခုအခါတွင် အသက် ၁၅ နှစ်နှင့် အထက် ပြည်သူအားလုံးကို COVID -19 ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ မကြာမီက ပြန်လည်ဖွင့်လှစ်ခဲ့သည့် အခြေခံပညာကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂ နှစ်ထိ ကျောင်းသား၊ ကျောင်းသူ...
ဟိုင်ခို၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်း (FTP) ဥပဒေကို ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက်က အကောင်အထည်ဖော်ချိန်မှစ၍ ဟိုင်နန်ပြည်နယ်၌ ဥပဒေသစ်ဖြင့် ဟိုင်နန် FTP ၏ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုကောင်းမွန်စေရေးနှင့် တံခါးဖွင့်ဝါဒ ပိုမိုကျယ်ပြန့်စေရေး အာမခံချက်ရရှိစေရန် ဒေသတွင်းဥပဒေကို...
မော်စကို၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်နှင့် အလည်အပတ်ရောက်ရှိနေသော တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Serdar Berdimuhamedov တို့သည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေမှုရှိစေရေး ကြေညာချက်ကို ဇွန် ၁၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ကရင်မလင်နန်းတော်မှ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်၌...