ခတ္တမန္ဒူ၊ မေ ၃၁ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ Mustang ခရိုင်ရှိ ဝေးလံ၍ တောတောင်ထူထပ်သောနေရာ၌ နီပေါ ခရီးသည်တင်လေယာဉ်တစ်စင်း ပျက်ကျရာနေရာ၌ ရုပ်အလောင်း ၂၁ ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတစ်ဦးက မေ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
ကွေ့ကျိုး၊ မေ ၃ဝ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဖွံ့ဖြိုးမှုနည်းသော ကုန်းတွင်းပိုင်းဒေသများတွင် အချက်အလက် သိုလှောင်ရန်နှင့် စီးပွားရေးအရ တိုးတက်သော အရှေ့ပိုင်းဒေသများမှ ပေးပို့သည့် အချက်အလက်များကို စီမံဆောင်ရွက်နိုင်ရန် ကြီးမားသော စီမံကိန်းတစ်ခုကို လုပ်ဆောင်နေသည်။ ယင်းစီမံကိန်းသည် ကွန်ပြူတာနယ်ပယ် အချက်အချာဖြစ်သော ကွေ့ကျိုးပြည်နယ် တွင် ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံကို...
မောက်မင်၊ မေ ၃၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံးသော ပင်လယ်ရေနက်ပိုင်း ရေပါ်လေအားလျှပ်စစ်စက်ပစ္စည်းကိရိယာ”ဖူရောင်”ကို တနင်္ဂနွေနေ့က တရုတ်နိုင်ငံ တောင်ပိုင်း မောက်မင်မြို့တွင် တပ်ဆင်ခဲ့သည်။
ဖနွမ်းပင် ၊ မေ ၃၀ ရက်(ဆင်ဟွာ) ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်(RCEP) လွတ်လပ်သောကုန်သွယ်မှုစာချုပ်သည် ပွင့်လင်းသော ၊ အားလုံးပါဝင်သော ၊ စည်းမျဉ်းများစည်းကမ်း အခြေပြုသည့် ကုန်သွယ်ရေးစနစ်၏ အကောင်းဆုံး ဥပမာဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်တက်ခ်ဟိုဟွန်ဆန်က မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ မေ ၃၀ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံက ဦးဆောင်သည့် အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (IPEF)သည် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ထက် နိုင်ငံရေးလေလုံး ပိုများနေကြောင်း နာမည်ကြီး ကမ္ဘောဒီးယားပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။
ခတ္တမန္ဒူ ၊ မေ ၃၀ ရက်(ဆင်ဟွာ) “နေ့အလင်းရောင်မရရှိခြင်း နှင့် ဆိုးရွားသောရာသီဥတုအခြေအနေများကြောင့်” လူပေါင်း ၂၂ ဦးလိုက်ပါသွားသော ပျောက်ဆုံးနေသည့် လေယာဉ်ငယ်တစ်စင်းရှာဖွေမှု လုပ်ငန်းအားလုံးကို နီပေါစစ်တပ်က ရပ်ဆိုင်းထားရကြောင်း စစ်တပ်က မေ ၂၉ ရက် ညပိုင်းတွင်ပြောကြားခဲ့သည်။
ကျိုချွမ်၊ မေ ၃၀ ရက်(ဆင်ဟွာ) လူလိုက်ပါ အာကာသယာဉ် Shenzhou-14နှင့် အာကာသယာဉ် သယ်ဆောင်ရေး ဒုံးပျံ Long March-2Fအတွဲကို အာကာသယာဉ်လွှတ်တင်မည့် ဧရိယာသို့ ရွှေ့ပြောင်းထားပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံလူလိုက်ပါအာကာသအေဂျင်စီ(CMSA)က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ဂျကာတာ ၊ မေ ၂၉ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း တောင်ဆူလာဝေဆီ ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်အတွင်း လူ ၄၂ ဦး လိုက်ပါလာသည့် သင်္ဘောတစ်စင်း နစ်မြှုပ်မှု ဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသူ ၂၅ ဦးအား ရှာဖွေကယ်ဆယ်ရေး ဆက်လက်ပြုလုပ်နေကြောင်း ပြည်နယ်တာဝန်ရှိသူတစ်ဦးက မေ ၂၈ ရက်တွင်...
ဖနွမ်းပင် ၊ မေ ၂၉ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒတ်တက်ခ်ဟိုဟွန်ဆန်က နိုင်ငံအတွင်း သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံ နှင့် လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံသည် အဓိကကူညီထောက်ပံ့သူဖြစ်ကြောင်း မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍသည် cloud computing နည်းပညာကဲ့သို့သော ထွန်းသစ်စ စီးပွားရေးအခွင့်အလမ်းပွင့်လင်းလာခြင်းနှင့်အတူ ယခုနှစ် ပထမ လေးလတွင် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။