Media
Shenzhou-13 အာကာသယာဉ်မှူးအဖွဲ့၏ ဒုတိယအကြိမ်မြောက် အာကာသစခန်းပြင်ပ တာဝန်ထမ်းဆောင်မှု အပြည့်အဝ အောင်မြင်
ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)
Shenzhou-13 အာကာသယာဉ်မှူးအဖွဲ့သည် သတ်မှတ်တာဝန်များကို ထမ်းဆောင်ရန်အတွက် ဒီဇင်ဘာ ၂၇ ရက် ၀၀ နာရီ ၅၅ မိနစ်တွင် ဒုတိယအကြိမ်မြောက် အာကာသစခန်းပြင်ပသို့ ထွက်ခွာခဲ့ကြောင်း၊ စခန်းပြင်ပ တာဝန်ထမ်းဆောင်ချိန် ၆ နာရီကြာပြီးနောက် အာကာသယာဉ်မှူး ကျိုက်ကျစ်ကန်း၊ ယဲ့ကွမ်းဖုတို့သည် လုံခြုံဘေးကင်းစွာဖြင့် အာကာသစခန်းပင်မခန်းသို့ ပြန်လည်ရောက်ရှိခဲ့သဖြင့် လုပ်ငန်းတာဝန်အားလုံးအပြည့်အဝအောင်မြင်ခဲ့ကြောင်း China Manned Space Engineering Office (CMSEO)၏ သတင်းများအရ သိရသည်။
ယခုအကြိမ်သည် တရုတ်အာကာသယာဉ်မှူးများ၏ စတုတ္ထအကြိမ်မြောက် စခန်းပြင်ပသို့ထွက်ခွာခြင်းဖြစ်သည်။ စခန်းပြင်ပလှုပ်ရှားများတွင် panoramic camera Cအား မြှင့်တင်ခြင်း၊ စခန်းပြင်ပလုပ်ငန်းဆောင်တာများ လုပ်ဆောင်သည့်နေရာတွင် foot stopper တပ်ဆင်ခြင်းနှင့် သက်ဆိုင်ရာစစ်ဆေးမှုများပြုလုပ်ခြင်း၊ သယ်ဆောင်သည့်ပစ္စည်းများအား လွှဲပြောင်း စစ်ဆေးခြင်း စသည့် တာဝန်များကို အကောင်အထည်ဖော်ခဲ့သလို အာကာသစခန်း ပင်မခန်း၏ airlock cabin ၊ outer serviceနှင့် စက်ရုပ်လက်တံ၏ စွမ်းရည်များကို ထပ်မံ စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။
၎င်းမှာ အာကာသစခန်းပြင်ပသို့ထွက်ခွာသည့် သက်ဆိုင်ရာ နည်းပညာ၊ အာကာသယာဉ်မှူးများ၏စခန်းအတွင်းအပြင် ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်မှုကို ထပ်မံစစ်ဆေးခြင်းဖြစ်သလို နောင်အခါ စခန်းပြင်ပလှုပ်ရှားမှုများအတွက် အတွေ့အကြုံအသစ်များ စုစည်းခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် Shenzhou-13 အာကာသယာဉ်မှူးအဖွဲ့သည် ပတ်လမ်းမစ်ရှင် (on-orbit missions)များကို ထမ်းဆောင်သွားမည်ဖြစ်ပြီး “ကောင်းမွန်သည့်အနေအထား”ဖြင့် နှစ်သစ်ကို ကြိုဆိုသွားမည်ဖြစ်ရာ တရုတ်အာကာသယာဉ်မှူးများက ပထမဆုံးအကြိမ် အာကာသတွင် နှစ်သစ်ကူးပွဲတော်ကို ဖြတ်ကျော်ကြမည် ဖြစ်ကြောင်း သိရသည်။
အာကာသစခန်းပြင်ပလုပ်ငန်းဆောင်တာများသည် အာကာသစခန်းပျံသန်းရေးလုပ်ငန်းစဉ်များအတွက် ပုံမှန်လုပ်ငန်းများဖြစ်လာခဲ့ကြောင်း၊ တရုတ်အာကာသယာဉ်မှူးများအနေဖြင့် အာကာသစခန်းတည်ဆောက်ရေးလုပ်ငန်းများ နှင့် တည်ငြိမ်စွာလည်ပတ်နိုင်ရေးတို့တွင် အောင်မြင်ပြီးမြောက်အောင် အထောက်အပံ့ ခိုင်မာစွာပေးနိုင်သည့် ရှုပ်ထွေးသည့် လုပ်ငန်းဆောင်တာများကိုဆက်လက်လုပ်ဆောင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။
တရုတ်နိုင်ငံကShenzhou-13 အာကာသယာဉ်အား အောက်တိုဘာ ၁၆ ရက်က လွှတ်တင်ရာတွင် အာကာသယာဉ်မှူး ၃ ဦးကိုလည်း အာကာသစခန်းတည်ဆောက်ရေးလုပ်ငန်းစဉ်၌ အချိန် ၆ လကြာ လုပ်ဆောင်ရန် တပါတည်း စေလွှတ်ခဲ့သည်။ အာကာသယာဉ်မှူးအဖွဲ့သည် နိုဝင်ဘာ ၇ ရက်တွင် အာကာသစခန်းပြင်ပလုပ်ဆောင်မှုများကိုပထမဆုံးအကြိမ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)
……………………..
(English Version)
GLOBALink | China’s Shenzhou-13 crew successfully conduct 2nd spacewalk
BEIJING, Dec. 27 (Xinhua) — Taikonauts Zhai Zhigang and Ye Guangfu have completed their extravehicular activities (EVAs) and returned to the space station core module Tianhe, the China Manned Space Agency said on early hours of Monday.
This was the fourth time that the taikonauts conducted EVAs during the construction of the country’s space station and the second by the Shenzhou-13 crew. The CMSA has declared the EVAs a complete success.
The CMSA said the pair returned to the core module at 0:55 a.m. (Beijing Time) after about six hours of EVAs. They completed tasks such as lifting panoramic camera and testing goods transport.
The EVAs further tested the function and performance of the core module airlock cabin, extravehicular suit and mechanical arm, and assessed the technologies related to EVAs, the coordination of taikonauts inside and outside the space station, and the coordination between space and Earth.
The Shenzhou-13 crew will continue their in-orbit work to welcome the coming new year. This is also the first time that Chinese taikonauts welcome a new year in space, the CMSA added.
The CMSA noted that extravehicular operations are becoming the normal work of the space station flight missions. Chinese taikonauts will carry out more EVAs which are more complex to provide strong support for the successful completion of the construction and the stable operation of the space station.
China launched the Shenzhou-13 spaceship on Oct. 16, sending three taikonauts on a six-month mission to construct its space station. The crew conducted the first EVAs on Nov. 7.
Produced by Xinhua Global Service