Connect with us

News

တရုတ်-လာအို ရထားလမ်းက ကုန်စည် သယ်ယူပို့ဆောင်မှုကို မြန်ဆန်စေခဲ့

ကူမင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

မြင့်မားသည့် အရည်အသွေးဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ၏ အထင်ကရ စီမံကိန်းတစ်ခုဖြစ်သည့် တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲ့ခဲ့သည့် ရက်ပေါင်း ၁၀၀ ပြည့်မြောက်သော မတ် ၁၂ ရက်တွင် ကုန်စည်စီးဆင်းမှု ပမာဏမှာ တန်ချိန်ပေါင်း ၁.၂ သန်းအထိ ရှိခဲ့ ကြောင်းသိရသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် စတင်ပြေးဆွဲခဲ့သည့် တရုတ်-လာအို ရထားလမ်းသည် အကွာအဝေးအားဖြင့် ၁,၀၀၀ ကီလိုမီတာ အထိရှိပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့နှင့် လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းမြို့တို့အား ချိတ်ဆက်ဖောက်လုပ်ထားခြင်းဖြစ်သည်။

တရုတ် ရထားလမ်း ကူမင်းအုပ်စုကုမ္ပဏီလီမိတက်၏ ထုတ်ပြန်ချက်အရ ပေကျင်း၊ ရှန်းဟိုင်းနှင့် စီချွမ်းအပါအဝင် ပြည်နယ်နှင့် မြူနီစပယ်ဒေသပေါင်း ၁၃ ခု က ရထားလမ်းအတွက် နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု ကိုဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်းဆိုသည်။

ရထားပြေးဆွဲမှု ရက်ပေါင်း ၁၀၀ ပြည့်မြောက်သည့်အချိန်တွင် တရုတ်-လာအိုရထားလမ်းမှ တစ်ဆင့်ကုန်စည်တင်သွင်းနိုင်မှုမှာ တန်ချိန်ပေါင်း ၁၂၀,၀၀၀ တန် (ပမာဏအားဖြင့် ယွမ် သန်းပေါင်း ၅၀၀ ကျော်)(အမေရိကန်ဒေါ်လာ ၇၈.၉၈ သန်း) ရှိခဲ့ပြီး ကုန်စည် တန်ချိန်ပေါင်း ၇၀,၀၀၀ သန်းကို တင်ပို့နိုင်ခဲ့ရာ တန်ဖိုးအားဖြင့် ယွမ်ငွေ ၁.၇ ဘီလီယံကျော်ရှိခဲ့ကြောင်းသိရသည်။

ကုန်စည်ရောင်းဝယ်ဖောက်ကားမှုများမှာ ကနဦး တွင် ရာဘာနှင့် မြေသြဇာ မှ နောက်ပိုင်းတွင် လျှပ်စစ်ပစ္စည်းထုတ်ကုန်များ၊ ဆက်သွယ်ရေး ကိရိယာများ၊ မော်ကော်ကားများနှင့်ပန်းများအထိ သယ်ယူပို့ဆောင်မှုများရှိခဲ့သည်။

ကုန်စည် သယ်ယူပို့ဆောင်မှုများကို လွယ်ကူချောမွေ့စေရန် ရထားပို့ဆောင်ရေးတာဝန်ခံများသည် လျန်ချန်း-မဲခေါင် အမြန်ရထားဝန်ဆောင်မှုကို စတင်ခဲ့ပြီး ကူမင်းမှ ဗီယန်ကျင်းသို့ အချိန် ၂၆ နာရီအတွင်း သယ်ယူပို့ဆောင်နိုင်ကာ ယေဘူယျ ကုန်စည်ရထားသယ်ယူပို့ဆောင်ရေးခရီးထက်ပိုမို တိုတောင်းခဲ့သည်။

အလားတူ ရထားလမ်းတွင် ခရီးသည်ဝန်ဆောင်မှုကိုလည်းပိုမိုတိုးပွားစေရန် ထိန်းသိမ်းထားရှိသည်။ ရထားလမ်းစတင်ပြေးဆွဲချိန်မှ လက်ရှိအထိ ခရီးသည်ပေါင်း ၁.၈ သန်းကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပြီး တရုတ်နိုင်ငံဘက်မှ နေ့စဉ် ခရီးသည်တင်ရထားတွဲ ပျမ်းမျှအားဖြင့် ၂၃.၅ တွဲရှိကြောင်းသိရသည်။ (Xinhua)

……………………..

(English Version)

GLOBALink | China-Laos Railway puts freight transport on fast track

KUNMING, March 13 (Xinhua) — The freight volume of the China-Laos Railway has hit 1.2 million tonnes, as the landmark project of high-quality Belt and Road cooperation marked 100 days of operation Saturday

Opening to traffic on Dec. 3, 2021, the China-Laos Railway stretches over 1,000 km and links Kunming, capital of southwest China’s Yunnan Province, to the Laotian capital Vientiane.

According to the China Railway Kunming Group Co., Ltd., 13 provinces and municipalities including Beijing, Shanghai, and Sichuan have opened cross-border freight train service on the railway.

 

As of 100 days of its operation, the imported goods via the China-Laos Railway exceeded 120,000 tonnes with the value exceeding 500 million yuan (78.98 million U.S. dollars), while the exports hit 70,000 tonnes with a value of over 1.7 billion yuan.

 

The product portfolio in the freight trains has expanded from rubber and fertilizer at the initial stage to electronic products, communication equipment, automobiles and flowers.

To further facilitate the logistic transport, operators have launched the Lancang-Mekong Express service, which takes 26 hours from Kunming to Vientiane, shorter than the general freight transport.

Meanwhile, the passenger service on the railway has maintained a steady increase. It has so far transported over 1.8 million passengers since its launch, with an average of 23.5 pairs of passenger trains every day along the route on the China side.

 

Produced by Xinhua Global Service