News
5G ကွန်ရက်နည်းပညာကို အသုံးပြုကာ အဝေးတစ်နေရာမှ မော်တော်ကားအားထိန်းချုပ်မောင်းနှင်
ဝူကျန့်၊ အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ ဝူကျန့်မြို့တွင် 5G ကွန်ရက်နည်းပညာကို အသုံးပြုကာ အဝေးတစ်နေရာမှ မော်တော်ကားအား ထိန်းချုပ်မောင်းနှင်နိုင်သည့် အဝေးထိန်းစနစ် တပ်ဆင်ထားသည့် မောင်းသူမဲ့ကားကို စမ်းသပ်မောင်းနှင် ခဲ့ကြောင်းသိရသည်။ ၎င်းစနစ်ကို China General Technology နှင့် China Mobile ကုမ္ပဏီတို့က ဒီဇိုင်းထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အဝေးမှနေကာ ကားကို အပြည့်အဝ ထိန်းချုပ်မောင်းနှင်နိုင်ပြီ ဖြစ်သည်။ စမ်းသပ်မောင်းနှင်မှုကို ဝူကျန့်မြို့အတွင်း အများပြည်သူအသုံးပြု သွားလာနေသည့် လမ်း၌ပင် အကွာအဝေး ၄ ကီလိုမီတာခန့် မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)