Connect with us

News

တရုတ်နည်းပညာတက္ကသိုလ်ကျောင်းသားများက ပိုမိုပေါ့ပါးပြီး စိတ်ချလုံခြုံမှုရှိသည့်ပြိုင်ကားတီထွင်ထုတ်လုပ်

ဟေဖေ၊ အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟေဖေ နည်းပညာတက္ကသိုလ်မှ Yueying ပြိုင်ကားအသင်းသည် တစ်နာရီလျှင် ၁၁၀ ကီလိုမီတာ မှ ၁၂၀ ကီလိုမီတာအထိမောင်းနှင်နိုင်သည့် ၂၂၄ ကီလိုဂရမ်အလေးချိန်ရှိသော ပြိုင်ကားတစ်စင်းကို တီထွင် ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ ပြိုင်ကား၏ အင်ဂျင်နှင့်တာယာမှ လွဲ၍ ကျန်သည့်အစိတ်အပိုင်းများ အားလုံးကို အဖွဲ့ဝင် ၄၂ ဦးဖြင့်ဖွဲ့စည်းထားသည့် ကျောင်းသားအဖွဲ့က ကိုယ်တိုင်ဖန်တီးထုတ်လုပ်ထားသည်။၎င်းကျောင်းသား အဖွဲ့ထဲတွင် မေဂျာ အသီးသီးမှ ကျောင်းသားများပါဝင်ပြီး စက်ယန္တရား၊ အလိုအလျှောက် စက်တပ်ဆင်ခြင်း နှင့် စက်ကိရိယာများ ကို ပြုလုပ်သည့်အဖွဲ့များ အဓိက ပါဝင်ကြောင်းသိရသည်။ ပညာသင်နှစ် တိုင်းတွင် ပြိုင်ကား ထုတ်လုပ်ခြင်းကို လှုပ်ရှားမှုအဖြစ် ထည့်သွင်းထာပြီး ယခင်က ထုတ်လုပ်ထားခဲ့သည့် ပြိုင်ကားထက်စာလျှင် ယခု ၁၀ ကြိမ်မြောက်ထုတ်လုပ်ထားသည့် ပြိုင်ကားမှာ ပိုမိုပေါ့ပါးပြီး စိတ်ချလုံခြုံမှုရှိသည်။ ပြိုင်ကားထုတ်လုပ်မှု မှာ စုစုပေါင်းကုန်ကျငွေ ယွမ် ၃ သိန်း (သို့) အမေရိကန်ဒေါ်လာ ၄၂၄၀၀ ဒေါ်လာ ကျသင့်ကြောင်းသိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.