Connect with us

Social & Culture

တရုတ်နိုင်ငံက ကူညီပေးအပ်သော ခရီးသည်တင် ရထားတွဲဆိုင်းများ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး ထန်ဆူးဖု ၊ မြန်မာ့မီးရထား(အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးအောင်သူလတ်တို့အတူတကွ စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးနေသည်ကို ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဓါတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ၏အတိုးမဲ့ချေးငွေအကူအညီဖြင့် မြန်မာနိုင်ငံမှ ဝယ်ယူခဲ့သော ခရီးသည်တင်ရထားတွဲဆိုင်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၅ ရက်က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းတွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေးသံမှူး ထန်ဆူးဖု ၊ မြန်မာ့မီးရထား(အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးအောင်သူလတ်တို့က အတူတကွ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ အခမ်းအနားအပြီးတွင် လွှဲပြောင်းပေးအပ်ခဲ့သည့် ရထားတွဲဆိုင်း(၂၈)တွဲကို မန္တလေးမြို့သို့ မောင်းနှင်ခဲ့ပြီး အဆိုပါ တွဲဆိုင်းများသည် မြန်မာ့မီးရထားဝန်ဆောင်မှုလုပ်ငန်းတွင် တရားဝင်စတင်ပါဝင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏အကူအညီဖြင့် မြန်မာနိုင်ငံမှ ဝယ်ယူခဲ့သော ခရီးသည်တင်ရထားတွဲဆိုင်းများကို တွေ့ရစဉ်((ဓါတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး)

မြနမာနိုင်ငံသို့ ကူညီပေးအပ်သည့် ရထားတွဲဆိုင်းစီမံကိန်းသည် တရုတ်-မြန်မာနှစ်နိုင်ငံ မီးရထားကဏ္ဍ၏ အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုများအနက် တစ်ခုဖြစ်ကြောင်း ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စီမံကိန်းအကောင်အထည်ဖော်ရေး သဘောတူညီချက်ကို နှစ်ဖက်အတူလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ကပ်ရောဂါအခက်အခဲများကို ကျော်ဖြတ်ကာ သတ်မှတ်ကာလနှင့်အညီ ရထားတွဲဆိုင်းထုတ်လုပ်ခြင်း၊ စမ်းသပ်ခြင်းနှင့် ပို့ဆောင်ခြင်း လုပ်ငန်းများကို ပြီးပြည့်စုံအောင်လုပ်ဆောင်ကာ မြန်မာ့မီးရထားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးကို ထိရောက်အောင်နှင့် အများပြည်သူအဆင်ပြေစွာခရီးသွားလာနိုင်ရန်အတွက် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းကို Hebei Machinery Import & Export Co.,Ltdမှ ဦးဆောင်အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ရထားတွဲဆိုင်းထုတ်လုပ်မှုကို CRRC Qingdao Sifang Co.,Ltd မှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။ (Xinhua)
——————————————
(Chinese Version)

中国援缅甸列车车厢项目顺利交付
中国驻缅甸大使馆 中缅胞波兄弟情 Yesterday
1月5日,中国援缅甸无息贷款采购列车车厢移交仪式在仰光迪洛瓦港口举行。中国驻缅甸大使陈海、经济商务参赞谭书富、缅甸铁路公司负责人昂都乐等出席。仪式后,在火车头的牵引下,28节列车车厢驶向曼德勒,正式担负起缅甸铁路客运服务使命。
援缅列车车厢项目是中缅两国在铁路领域的重要合作项目之一。2020年1月中国国家主席习近平访缅期间,双方签署了项目实施协议。中方克服疫情影响,如期完成车厢生产、调试和发运工作,高效助力缅甸铁路事业发展,便利民众出行。
该项目由河北机械进出口有限公司牵头实施,中车四方车辆有限公司负责车厢生产。