Connect with us

Social & Culture

တန်ဖိုး မဖြတ်နိုင်သော အတွေ့အကြုံများ ဖလှယ်ကြရန် ဝန်ကြီးတိုက်တွန်း

နေပြည်တော် Kempinski Hotelတွင် ပြုလုပ်သည့် AEC အလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ်၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးရေးအတွက် အြခေံ အုတ်မြစ်ဖြစ်သည့် ရလဒ်ကောင်းများ ပေါ်ထွက် လာရေး အတွက် မိမိတို့၏ တန်ဖိုး မဖြတ်နိုင်သော အတွေ့အကြုံများကို အပြန်အလှန် ဖလှယ်ကြရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက နေပြည်တော် Kempinski Hotelတွင် ပြုလုပ်သည့် AEC အလုပ်ရုံဆွေးနွေးပွဲတွင် တိုက်တွန်း ပြောကြားခဲ့ သည်။

“ဒီနေ့ပွဲမှာ Moving Forward ဆိုတဲ့ စကားလုံးကို ကျွန်တော် တွေ့ပါတယ်။ How can we? ဘယ်လိုလုပ်ကြမလဲ၊ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို အပြန်အလှန် ဝေမျှကြရမယ်၊ ရထားတဲ့ အတွေ့အကြုံဆိုတာ အချိန်နဲ့ပဲ ဖြစ်စေ မိမိတို့ရဲ့ စွမ်းဆောင်ရည်အရပဲ ဖြစ်စေ ရင်းနှီးမြှုပ်နှံပြီးမှ ရထားတဲ့ အတွေ့အကြုံတွေ ဖြစ်ပါတယ်၊ ဒီလို အင်မတန်မှ တန်ဖိုး မြင့်မားတဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ အတွေ့အကြုံတွေကို ဒီအခမ်းအနားကို တက်ရောက်လာကြတဲ့ ပုဂ္ဂိုလ်အသီးသီးက ရှုဒေါင့် အသီးသီး ကနေ ပါဝင်ဆွေးနွေးကြ၊ လေ့လာ သုံးသပ်ကြဖို့ အတွေး အမြင်သစ်တွေ ဖလှယ်ကြဖို့တိုက်တွန်းလို ပါတယ်” ဟု နေပြည်တော် Kempinski Hotel တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် ပါရမီ စီမ်းအင် ကုမ္ပဏီများအဖွဲ့တို့ ပူးပေါင်း ကျင်းပသည့် Asean Economic Community Workshop ၌ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် Kempinski Hotelတွင် ပြုလုပ်သည့် AEC အလုပ်ရုံဆွေးနွေးပွဲတွင် Parami Energy Group CEO ဦးပြည်ဝထွန်း အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် Kempinski Hotelတွင် ပြုလုပ်သည့် AEC အလုပ်ရုံဆွေးနွေးပွဲတွင် Dr. Khin Ohn Thant အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် Kempinski Hotelတွင် ပြုလုပ်သည့် AEC အလုပ်ရုံဆွေးနွေးပွဲတွင် Parami Round Table မှ ဦးတင်ချို အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် Kempinski Hotelတွင် ပြုလုပ်သည့် AEC အလုပ်ရုံဆွေးနွေးပွဲတွင်တက်ရောက်လာသူများကိုတွေ့ရစဉ် (ဆင်ဟွာ)

အတွေ့အကြုံကောင်းများ ဖလှယ်ခြင်းမှ ရရှိလာသည့် ရလဒ်များသည် နောင်အနာဂတ်တွင် တာဝန် ယူရမည့် လူငယ်များအတွက် အမွေဟုလည်း ပြော၍ရသကဲ့သို့ အရေးပါသည့် ဓန ဥစ္စာ အရင်းအနှီး များ ဟုလည်း ပြော၍ရပါကြောင်း၊ အတွေးအမြင်သစ်များ၊ အတွေ့အကြုံများကို လွယ်လွယ်ကူကူဖြင့် ရရှိခဲ့ခြင်း မဟုတ်ဘဲ စွန့်လွှတ်မှု အနစ်နာခံမှု ဆုံးရှုံးမှုများကို ဖြတ်သန်းပြီးမှ ရရှိလာသည့် အတွေ့ အကြုံများသာ ဖြစ်ကြောင်း၊ တက်ရောက်လာကြသူများသည် သက်တမ်းအရ ကွာခြားမှုများ ရှိကြ သော်လည်း ငယ်ပြီးအတွေ့အကြုံမြောက်မြားစွာရှိသူ၊ ကြီးပြီး အတွေ့အကြုံ ရင့်ကျက်ကြသူတို့ ပါဝင်ကြောင်း၊ ယခု အလုပ်ရုံ ဆွေးနွေးပွဲသည် မိမိတို့ ဦးတည်ထားသော Moving Forward ကို မရောက်ရောက်အောင် သွားဖို့၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်သည့် အခြေခံ အုတ်မြစ် ဖြစ်ပါကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောခဲ့သည်။

“မိမိတို့ နိုင်ငံနဲ့ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများအနေနဲ့ AEC မှာ စိန်ခေါ်မှုတွေ အခက်အခဲတွေ အများ အပြား ရှိနေတာ လက်ခံရမှာ ဖြစ်ပါတယ်၊ အမှန်အတိုင်းပဲ ရှုမြင်ရမှာ ဖြစ်ပါတယ်၊ အခု အလုပ်ရုံ ဆွေးနွေးပွဲဟာ ဒီ လက်ခံထားတဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးပြီးတော့ ဘယ်နည်း ဘယ်ပုံနဲ့ ရှေ့ကိုရောက်အောင် လျှောက်လှမ်းမယ် ဆိုတဲ့ ဦးတည်ချက် အပြည့်အ၀ ရှိတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ Cluster အသီးသီးမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များ အနေနဲ့ AEC ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့်AEC ကို တန်ဖိုးထား မြှင့်တင်ရာ ရောက်မယ့်အပြင် မြန်မာနိုင်ငံရဲ့ သမိုင်းမှာလည်း မှတ်တမ်းတင်ရာ ရောက်ပါတယ်” ဟုလည်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး နှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်း အတွင်းဝန်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ Parami Energy Group of Companies မှ CEO နှင့် လုပ်ငန်းရှင်များ၊ ပညာရှင်များ တက်ရောက်ခဲ့ကြပြီး ပါရမီ CEO ဦးပြည်ဝထွန်း၊ အာဆီယံ ဆိုင်ရာ မြန်မာနိုင်ငံသမိုင်း ပညာရှင် ဒေါက်တာ ခင်အုန်းသန့်၊ ပါရမီ Round Table မှ ဦးတင်ချို တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.