Connect with us

Social & Culture

ထိုင်းနိုင်ငံ Songkhla တွင် ပင်လယ်ရေကြောင်းပိုးလမ်းမကြီး ပြပွဲ ကျင်းပ

ပိုးလမ်းမကြီးလမ်းကြောင်းပြမြေပုံ(ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ပင်လယ်ရေကြောင်းပိုးလမ်းမကြီးပြပွဲကို မတ်လ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း Songkhla တွင် ကျင်းပခဲ့သည်။ ၎င်းပြပွဲကို ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် WISSANU ၊ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လျီကျန့်၊ ထိုင်းနိုင်ငံ နိုင်ငံရေးနယ်ပယ်မှပုဂ္ဂိုလ်များ၊ ထိုင်းနိုင်ငံတောင်ပိုင်းတရုတ်အမျိုးသားအသင်းမှ ကိုယ်စား လှယ်များနှင့် အခြားအရပ်သားပြည်သူများအပါအဝင် လူ ၁၅၀၀ လောက် ပါဝင်တက်ရောက်ခဲ့သည်။

ဒုတိယဝန်ကြီးချုပ် WISSANU အဖွင့်အမှာစကားပြောကြားရာတွင် Songkhla နှင့်ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး ဆက်နွယ်ပုံ၊ တရုတ်ထိုင်း နှစ်နိုင်ငံမိသားစုပမာရင်းနှီးပုံစသည့်တို့ မိတ်ဆက်ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက တရုတ်သည်ထိုင်းနိုင်ငံအပေါ်သက်ရောက်မှုများစွာရှိကြောင်း ၊ ထိုင်းတရုတ်နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းစေနိုင်ကြောင်း ၊ Songkhla က ခေတ်သစ် ပင်လယ်ရေကြောင်းပိုးလမ်းမကြီး၏အချက်အချာကျသည့် အာဆီယံပေါင်းကူးဟူသော ပထဝီမြေအနေအထား အားသာချက်ကို အသုံးချကာ ခေတ်သစ်ပိုးလမ်းမကြီးတည်ဆောက်မှုတွင် တက်တက်ကြွကြွပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ဆိုပါသည်။

သံအမတ်ကြီး လျီကျန့် ၏အမှာစကားတွင် တရုတ်နိုင်ငံသည် တူညီသောကုန်သွယ်မှု၊ တူညီသောတည်ဆောက် မှု၊ တူညီသောမျှဝေခံစားမှုဟူသော မူဘောင်ကို လက်ကိုင်ထားက ခေတ်သစ်ပိုးလမ်းမကြီးကို တည်ဆောက် နေခြင်းဖြစ်ကြောင်း၊ အခြေအခံအဆောက်အအုံတည်ဆောက်မှုများလုပ်ဆောင်နေသလို မူဝါဒ၊ စည်းမျဉ်း စည်းကမ်းနှင့်စံချိန်စံညွှန်းများကို သတ်မှတ်ထားကြောင်း၊ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့အကျိုးကို သယ်ပိုးကြပါစို့ ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

ပြပွဲတွင် ထိုင်းနိုင်ငံသူနိုင်ငံသားများ ထိုင်းတောင်ပိုင်းနှင့် ပင်လယ်ရေကြောင်းပိုးလမ်းမကြီး၏ ဆက်စပ်ပုံ ကို ပိုမိုသိရှိနားလည်လာစေရန်နှင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှုကို တစ်တပ်တစ်အား ပါဝင်ကြ စေရန်အတွက် Songkhla မြို့၏ပြောင်းလဲလာပုံများ၊ တရုတ်ရှေးဟောင်းအဆောက်အဦးများ၊ တရုတ် ယဉ်ကျေးမှု အမွေအနှစ်ဓာတ်ပုံများအပြင် တောင်တရုတ်ပင်လယ်မှ Songkhlaမြို့သို့ ရွက်လွင့်စီးနှင်းလာသည့် ရွက်လှေပုံစံ တို့ကို ခင်းကျင်းပြသထားသည်။ (Xinhua)