Local
ကယား ပြည်နယ် ဒီးမော့ဆို မြို့နယ်၌ နွေစပါး ယခင်နှစ်ထက် ပိုမို စိုက်ပျိုး နိုင်ရန် လျာထား

ရန်ကုန် ၊ မတ် ၉ ရက်(ဆင်ဟွာ)
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာအုပ်စု ၁၃ အုပ်စုတွင် နွေစပါး ၃၄၅၈ ဧက စိုက်ပျိုးနိုင်ရန် လျာထားလျက် ရှိပြီး ယခင်နှစ်ထက် နွေစပါး ၂၀၀ ဧက ပိုမိုစိုက်ပျိုးနိုင်ရန် လျာထား ဆောင်ရွက် လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
နွေစပါးစိုက်ပျိုးသော တောင်သူများအနေဖြင့် အထွက်နှုန်း ကောင်းမွန်စေရေးအတွက် မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာပေးခြင်းများကို ပြည်နယ်ဦးစီးမှူး ဦးဆောင်၍ ကျေးရွာ အလိုက် တောင်သူများနှင့် တွေ့ဆုံပြီး နည်းပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်တွင် အဓိကအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ယခင်နှစ်တွင် မိုးစပါး ၂၉၄၆၁ ဧက၊ နွေစပါး ၃၂၅၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)