Connect with us

Local

နိုင်ငံသား ကုမ္ပဏီမှတ်ပုံတင်ခြင်း လုပ်ငန်းများအား ကျပ်ငါးသိန်းမှ ကျပ်နှစ်သိန်းခွဲသို့ လျှော့ချပြင်ဆင်သတ်မှတ်

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအသိပေးကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- DICA)

ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းများကိုနိုင်ငံသားလုပ်ငန်းရှင်များပိုမိုသက်သာစွာဆောင်ရွက်နိုင်စေရေး၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့်မှတ်ပုံတင်ခြင်းမပြုသေးဘဲဆောင်ရွက်နေသည့်စီးပွားရေးလုပ်ငန်းများကုမ္ပဏီအဖြစ်ပြောင်းလဲထူထောင်၍လုပ်ငန်းများချဲ့ထွင်နိုင်စေရေးကိုဦးတည်ကာလက်ရှိသတ်မှတ်ထားသည့်အများနှင့်မသက်ဆိုင်သည့်ကုမ္ပဏီများအတွက်မှတ်ပုံတင်ကြေးအား၂၀၁၈ခုနှစ်ဧပြီလ၁ရက်နေ့မှစတင်ကာလက်ရှိကျပ်ငါးသိန်းသတ်မှတ်ထားရာမှကျပ်နှစ်သိန်းခွဲသို့လျှော့ချပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ပါကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအသိပေးကြေညာချက်ထုတ်ပြန်သည်။

ယခုအခါရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည်မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအားကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက်လိုအပ်သည့်စည်းမျဉ်းများရေးဆွဲခြင်း၊အမိန့်ကြော်ငြာစာများထုတ်ပြန်ကြေညာရန်ဆောင်ရွက်ခြင်း၊ဥပဒေအားအများပြည်သူကျယ်ပြန့်စွာသိရှိနိုင်ရန်ဆောင်ရွက်ခြင်းတို့အပြင်ကုမ္ပဏီမှတ်ပုံတင်ခြင်း၊ပြန်တမ်းများပေးပို့ခြင်း၊ကုမ္ပဏီမှတ်ပုံတင်ရုံးနှင့်ဆက်သွယ်ဆောင်ရွက်ခြင်းတို့ကိုအီလက်ထရောနစ်စနစ်ဖြင့်ပိုမိုလျင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏လမ်းညွှန်ကြီးကြပ်မှုဖြင့်လိုအပ်သည်များပြင်ဆင်ဆောင်ရွက်လျက်ရှိရာမြန်မာနိုင်ငံကုမ္ပဏီများဥပဒေသစ်ကို၂၀၁၈ခုနှစ်ဩဂုတ်လ၁ရက်နေ့မှစတင်၍ကျင့်သုံးဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံသားများအနေဖြင့်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာ တွင် ကုမ္ပဏီအဖြစ်ထူထောင်ဆောင်ရွက်ခြင်းကို လွယ်ကူသက်သာစွာဆောင်ရွက်နိုင်စေရေးအတွက်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည်အများနှင့်မသက်ဆိုင်သောကုမ္ပဏီမှတ်ပုံတင်ကြေးအား၂၀၁၆ခုနှစ်ဇွန် လ ၁ ရက်နေ့မှစတင်ကာယခင်ကျပ်တစ်ဆယ်သိန်း ကောက်ခံရာမှ ကျပ်ငါးသိန်းသို့လျှော့ချသတ်မှတ်ပေးခဲ့သည်။

နိုင်ငံသားများကုမ္ပဏီထူထောင်၍စီးပွားရေးလုပ်ငန်းဆောင်ရွက်ခြင်းကိုပိုမိုလွယ်ကူရှင်းလင်းစွာဆောင်ရွက်နိုင်စေရေး၊ကုမ္ပဏီလုပ်ငန်းများစနစ်တကျရှိစေရေးနှင့်အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးကိုဦးတည်ကာနှစ်တစ်ရာကျော်ခန့်သက်တမ်းရှိခဲ့သည့်မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေကိုခေတ်နှင့်အညီပြန်လည်ပြင်ဆင်ရေးဆွဲ၍လွှတ်တော်အသီးသီးသို့တင်ပြခဲ့ပြီး၂၀၁၇ခုနှစ်ဒီဇင်ဘာလ၆ရက်နေ့တွင်မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအဖြစ်ပြည်ထောင်စုလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း ကြေညာချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.