Connect with us

Local

ကျေးလက်နေ ပြည်သူတွေအတွက် လူထု ဗဟိုပြု စီမံကိန်း တိုးချဲ့ရန် ကမ္ဘာ့ဘဏ်မှ ဒေါ်သန်း ၄၀၀ ထပ်မံ ပေးအပ်

ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသ တစ်ခု မြင်ကွင်း (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင်၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ ကျေးလက်ဒေသနေ ပြည်သူများအတွက် အမျိုးသားအဆင့် လူထု ဗဟိုပြု စီမံကိန်း တိုးချဲ့ရန် အမေရိကန် ဒေါ်လာ သန်း ၄၀၀ ထပ်မံ ပေးအပ်သွားရန် ကမ္ဘာ့ဘဏ်၏ အမှုဆောင် ဒါရိုက်တာ အဖွဲ့က အတည်ပြုလိုက်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

ထိုကဲ့သို့ ဒေါ်လာ သန်း ၄၀၀ ထပ်မံ ပေးအပ်သည့် အတွက် မြန်မာ တစ်နိုင်ငံလုံးရှိ မြို့နယ် စုစုပေါင်း ၆၂ မြို့နယ်ရှိ လူဦးရေ ခုနစ်သန်းခန့်အတွက် မရှိမဖြစ် လိုအပ်သည့် အခြေခံ အဆောက်အဦများနှင့် လူမှုရေး ဝန်ဆောင်မှု လုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
“မြန်မာနိုင်ငံရှိ ကျေးလက်နေ ပြည်သူ လူထုအတွက် ဝန်ဆောင်မှုတွေ ပိုမို ရရှိနိုင်အောင် တိုးချဲ့ ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အခု ထပ်မံပေးအပ်တဲ့ ရန်ပုံငွေက ကျေးလက်ဖွံ့ဖြိုးရေး လုပ်ဆောင်မှုများ တိုးတက် ကောင်းမွန်လာအောင် ကူညီပေးနိုင်မှာ ဖြစ်တယ်။ ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နိုင်ဖို့ ရန်ပုံငွေတွေကို ကိုယ်တိုင် ကိုယ်ကျ စီမံခန့်ခွဲနိုင်အောင် တာဝန် ပေးလိုက်ခြင်းအားဖြင့် ကျေးလက်နေ ပြည်သူတွေကို စိတ်ဓာတ်နှင့် စွမ်းဆောင်ရည် ကို မြှင့်တင်ပေးရာ ရောက်ပါတယ်” ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က ပြောသည်။

ယနေ့အထိ လူထုဗဟိုပြု စီမံကိန်းမှ စီမံကိန်း လုပ်ငန်းငယ်ပေါင်း ၃၅၀ ကျော်ကို ဝေးလံခေါင်ဖျားသည့် ကျေးလက် ဒေသအချို့မှာ ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူတွေရဲ့ ဘဝ တိုးတက်ဖို့ ကူညီနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် မြို့နယ် ကိုးမြို့နယ်မှာ ရှိတဲ့ ကျေးရွာပေါင်း တစ်ထောင့် ခုနစ်ရာအတွက် ရေရရှိရေး၊ စာသင်ကျောင်း၊ လုံခြုံကောင်းမွန်တဲ့ လမ်းတံတား စတာတွေကို တည်ဆောက်သွားနိုင်ဖို့ ကူညီလျက်ရှိပြီး ထပ်မံ ပေးအပ်တဲ့ ရန်ပုံငွေနဲ့ စုစုပေါင်း မြို့နယ် ၆၂ မြို့နယ်အထိ တိုးချဲ့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အရှေ့တောင် အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau က ပြောသည်။

လူထုဗဟိုပြု စီမံကိန်းသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မဟာဗျူဟာ၏ အဓိက အရေးကြီးသည့် အခန်းကဏ္ဍ တစ်ခုဖြစ်ကြောင်း၊ ယခု ဆောင်ရွက်လျက်ရှိသည့် အမျိုးသားအဆင့် လူထု ဗဟိုပြု စီမံကိန်း (National Community Driven Development) သည် ပြည်သူကို ဗဟိုပြု ဆောင်ရွက်သည့် မြန်မာနိုင်ငံ အစိုးရ၏ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို ပံ့ပိုး ကူညီ လျက်ရှိကြောင်း၊ ဖွံ့ဖြိုးမှု နောက်ကျပြီး ပြည်သူ့ ဝန်ဆောင်မှုများကို မရခဲ့သည့် ဆင်းရဲ နွမ်းပါးသော ကျေးလက်နေ ပြည်သူများအတွက် အဓိက ရည်ရွယ်ထားကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.