Connect with us

Economy

တရုတ်နိုင်ငံ စီးပွားရေးလုပ်ဆောင်မှုက မျှော်မှန်းထားသည်ထက် ပုံမှန်အခြေအနေသို့ လျင်မြန်စွာရောက်ရှိကြောင်း ကမ္ဘာ့ဘဏ်ပြော

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် Baoji မြို့ရှိ Geely Auto စက်ရုံ၏ အင်ဂျင်ထုတ်လုပ်မှု လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် မျှော်မှန်းထားသည်ထက် ပုံမှန်အခြေအနေသို့ မြန်ဆန်စွာရောက်ရှိလာခဲ့ကြောင်း ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ သိရသည်။

နိုင်ငံ၏ ကူးစက်ရောဂါထိန်းချုပ်ရေး ထိရောက်သောမဟာဗျူဟာ၊ ခိုင်မာသော မူဝါဒ ထောက်ပံ့မှုနှင့် ကြံ့ကြံ့ခံနိုင်သော ပို့ကုန်များက တိုးတက်မှုကို ဦးမော့လာစေခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်တန်ဖိုးသည် ယခုနှစ်၌ ၂ ရာခိုင်နှုန်း တိုးလာမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၌ ၇.၉ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာကဆိုသည်။

“ပြည်ပအခြေအနေများအနေနဲ့တော့ စိန်ခေါ်မှုတွေနဲ့ မသေချာမှုတွေ ဆက်လက်ကျန်ရှိမယ်လို့ မျှော်မှန်းထားပါတယ်” ဟု အစီရင်ခံစာက ဖော်ပြထားပြီး ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့သော တရုတ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အစည်းအဝေးတစ်ရပ်အရ နိုင်ငံအနေဖြင့် ကူးစက်ရောဂါအခြေအနေ ပြောင်းလဲမှုများအကြား ပြည်ပမှ မသေချာမှုများ ရင်ဆိုင်နေရဆဲဖြစ်သလို နိုင်ငံ၏ စီးပွားရေးနာလန်ထူမှုမှာလည်း အပြည့်အဝဖော်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ကမ္ဘာပေါ်ရှိ အခြားသောနိုင်ငံများအားလုံး ပြန်လည်နာလန်ထူနိုင်ရန် ချိန်ညှိပေးမည့် မူဝါဒမူဘောင်တစ်ရပ် ပြဌာန်းခြင်းဖြင့် အနီးစပ်ဆုံး မသေချာမှုကို မောင်းနှင်သွားရန် အစီရင်ခံစာက အကြံပြုထားသည်။

“ပြောင်းလွယ်ပြင်လွယ်ရှိပြီး ပံ့ပိုးမှုရှိသော မူဝါဒတစ်ရပ်နဲ့အတူ တရုတ်နိုင်ငံအနေနဲ့ တိုးတက်မှုကို နှောင့်နှေးစေမည့် အန္တရာယ်များကို တားဆီးရန်နှင့် အစိုးရပိုင်မှ ပုဂ္ဂလိက လိုအပ်ချက်သို့ ချောမွေ့စွာလှည့်ပြောင်းရေး စိတ်ချရစေရန် နိုင်ငံ၏ ဘဏ္ဍာရေးဘတ်ဂျက်ကို အသုံးပြုနိုင်မယ်” ဟု အစီရင်ခံစာက ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် ပိုမိုစိမ်းလန်း၍ အားလုံးပါဝင်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပုံမှန် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုမှ လူမှုရေးဆိုင်ရာ ငွေကြေးသုံးစွဲမှုနှင့် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများဆီသို့ ဘဏ္ဍာရေး အာရုံစိုက်မှု ပြောင်းလဲရန် အစီရင်ခံစာက တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
China’s economic activity normalizes faster than expected: World Bank
2020-12-24 09:00:02
BEIJING, Dec. 24 (Xinhua) — Economic activity in China has normalized faster than expected, according to the latest report published by the World Bank.
The report has attributed the pick-up growth to the country’s effective epidemic-control strategy, strong policy support and resilient exports.
China’s gross domestic product will grow 2 percent this year and accelerate to 7.9 percent in 2021, the report said.
“The external environment is expected to remain challenging and highly uncertain,” said the report, echoing China’s tone-setting economic meeting that concluded Friday, saying that the country still faces external uncertainties amid the changing epidemic situation, and the nation’s economic recovery is not yet solid.
The report suggests navigating near-term uncertainty by adopting an adaptive policy framework calibrated to the pace of the recovery both in China and the rest of the world.
“A premature policy exit and excessive tightening could derail the recovery,” said the report. “Along with a flexible and supportive monetary policy, China could use its fiscal space to hedge against downside risks to growth and ensure a smooth rotation from public to private demand.”
The report called for the country to shift fiscal focus from traditional infrastructure investment to more social spending and green investment for a greener and more inclusive growth. Enditem

Staff members work on an engine production line of Geely Auto in Baoji, northwest China’s Shaanxi Province, Oct. 26, 2016. This year marks the 40th anniversary of China’s reform and opening-up policy. (Xinhua)