Connect with us

Local

ဒုတိယအကြိမ်မြောက် သရက်သီးပွဲတော် ကျင်းပမည်

သရက်သီး အရောင်းဆိုင်တစ်ဆိုင်တွင် သရက်သီးများ ခင်းကျင်း ပြသထားပုံ (ဓာတ်ပုံ အင်တာနက်)

ရန်ကုန် ၊ မေ ၁၈ ရက် (ဆင်ဟွာ)

အရည်အသွေး ကောင်းမွန်သော သရက်သီးများ စိုက်ပျိုး ထုတ်လုပ် လာနိုင်ရန်နှင့် ထုတ်လုပ်သော သရက်သီးများကို ပြည်ပဈေးကွက်သို့ ချဲ့ထွင် တင်ပို့နိုင်ရန် ရည်ရွယ်၍ နိုင်ငံတစ်ဝန်းလုံးက သရက်သီးစိုက်ပျိုး ထုတ်လုပ်သူတွေ၊ သရက်သီး ရောင်းချသူတွေ လာရောက် ခင်းကျင်း ပြသမည့် သရက်သီး ပွဲတော်ကို မေလ ၂၃ ရက်မှ ၂၅ ရက် အထိ ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သရက်သီးပွဲတော်ကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းက ကြီးမှူး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

”သာကေတမြို့နယ် ကျောက်တိုင် မှတ်တိုင်အနီးက ရွှေပုဇွန်မှာ ပြပွဲကိုကျင်းပဖို့ စီစဉ်ထားပါတယ်။ အဲဒီမှာ သရက်သီးနဲ့ ပတ်သက်ပြီး ပြိုင်ပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ၊ ဟောပြောပွဲတွေ ပါမှာဖြစ်ပါတယ်။ နိုင်ငံတစ်ဝန်းလုံးက သရက်သီးစိုက်ပျိုး ထုတ်လုပ်သူတွေ၊ သရက်သီး ရောင်းချသူတွေ လာရောက်ခင်းကျင်းပြီး ဟောပြောမှုတွေ လုပ်ကြမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ တာဝန်ရှိသူ မဇင်မာသန်းမှ ပြောသည်။

ယခုပွဲသည် ဒုတိယ အကြိမ်မြောက် ကျင်းပတာ ဖြစ်ပြီး ပထမအကြိမ် ကျင်းပစဉ်က သရက်သီး အမျိုးအစားပေါင်း ၁၉၁ မျိုး ပြသခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်သော သရက် သီးများကို အဓိကအားဖြင့် တရုတ်၊ ထိုင်း၊ စင်ကာပူ စသောနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

ပြည်ပသို့ တင်ပို့သည့် အမျိုးအစား များမှာ စိန်တစ်လုံးနှင့် ရွှေဟင်္သာ သရက်မျိုးများဖြစ်သည်။ စားသုံးရာတွင် အရသာ ကောင်းမွန်သည့်အပြင် ပြည်ပ တင်ပို့ရာတွင်လည်း ရက်ရှည် အထားခံသောကြောင့် ပြည်ပဈေးကွက် အကြိုက်ဖြစ်နေကြောင်း သိရသည်။

ယင်းသရက်မျိုးများကို လွန်ခဲ့သော ဆယ်နှစ်ခန့်မှစ၍ မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်၊ မြစ်သား၊ ကူမဲ၊ ပုပ္ပားတို့တွင် စတင်စိုက် ပျိုးခဲ့ကြသည်။ ကျောက်ဆည်ခရိုင် အတွင်း စိန်တလုံးသရက်များ စိုက်ပျိုးရာတွင် မျိုးမတူသော သရက်ပင်ကြီးများကို ပင်စည်မှ ခုတ်လှဲကာ စိန်တလုံးမျိုးကို ကိုင်းကူးကိုင်းဆက် နည်းဖြင့် စိုက်ပျိုးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.