Connect with us

Local

ရေနံ လုပ်ကွက်သစ်များအတွက် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် တင်ဒါခေါ်မည်ဟုဆို

ရခိုင်ပြည်နယ်ရှိ တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်းစီမံကိန်း မှ ရေနံစိမ်း တိုင်ကီများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ကျန်ရှိသောရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များ အတွက် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် တင်ဒါခေါ်နိုင်မည်ဟု စွမ်းအင် ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) မှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် တင်ဒါခေါ်မည့် ရေနံလုပ်ကွက်ပေါင်း ဖြစ်သည့် ရေနံလုပ်ကွက် ၂၆ ကွက်မှာ ကုန်းတွင်း လုပ်ကွက် ၁၃ ခုနှင့် ကမ်းလွန် လုပ်ကွက် ၁၃ ခုဖြစ်ပြီး ကမ်းလွန် လုပ်ကွက် ၁၃ ခုတွင် ရေနက်ပိုင်း လုပ်ကွက် ၉ ခုနှင့် ရေတိမ် လုပ်ကွက် ၄ ခုတို့ ပါဝင် ကြောင်းနှင့် စွမ်းအင် ဝန်ကြီးဌာနက ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ခု နှစ်များတွင် ကမ်းလွန်နှင့် ကုန်းတွင်း လုပ်ကွက် ၃၆ ခုကို တင်ဒါ ခေါ်ယူ လုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း ၎င်းကဆိုသည်။

အစိုးရက လက်ရှိတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့အများဆုံး တင်ပို့လျက်ရှိပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရောင်းချခြင်းမှ နိုင်ငံအတွက် အများဆုံး နိုင်ငံခြား ဝင်ငွေ ရှာဖွေပေးလျက် ရှိကြောင်း စွမ်းအင် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ အထိ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ကဏ္ဍတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ ကျော်ရှိကြောင်း နှင့် ၎င်းပမာဏသည် မြန်မာနိုင်ငံရှိ ရင်းနှီး မြှုပ်နှံ့မှု စုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းကျော် ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။ မြန်မာနိုင်ငံ၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏသည် အမေရိကန်ဒေါ်လာ ၅၆ ဘီလီယံကျော် ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117