Local
ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန် ကို ပြည်တွင်း ပေးချေငွေများ အတွက် ကောက်ခံမည် မဟုတ်ကြောင်းထုတ်ပြန်

ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)
ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန် Withholding Tax (ဝင်ငွေခွန်အား ကြိုတင်ကောက်ခံခြင်း) ကို ပြည်တွင်း ပေးချေငွေများ အတွက် ကောက်ခံမည် မဟုတ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်သည်။
၎င်းသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ စတင်ပြီး အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
ကုန်သည်စက်မှုအသင်းချုပ် နှင့် ပုဂ္ဂလိကကဏ္ဍ အသင်းအဖွဲ့များ၏ ကြိုးပမ်းမှုများ စတင် အကောင်အထည်ပေါ်လာပြီဟု ယူဆနိုင်ကြောင်း အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ (Xinhua)