Connect with us

Local

တည်ဆဲကုမ္ပဏီများနှင့် အဖွဲ့အစည်းများ ပြန်လည်မှတ်ပုံတင်နိုင်ရန် အသိပေးကြေညာချက်ထုတ်ပြန်

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အသိပေးကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ--DICA)

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တည်ဆဲကုမ္ပဏီများနှင့် အဖွဲ့အစည်းများ ပြန်လည်မှတ်ပုံတင်နိုင်ရန် အသိပေးကြေညာချက် အား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ စတင်အာဏာတည်သည့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ ကုမ္ပဏီဆိုင်ရာ မှတ်ပုံတင်လုပ်ငန်းများကို အီလက်ထရောနစ် မှတ်ပုံတင်စနစ် Myanmar Companies Online (MyCO) ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ၁၉၁၄ သို့မဟုတ် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေတို့နှင့် မှတ်ပုံတင်ထားသော တည်ဆဲကုမ္ပဏီများ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ အားလုံးသည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစ၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လ ကာလအတွင်း ကုမ္ပဏီမှတ်ပုံတင် စနစ်သစ် (MyCO) တွင် သတ်မှတ်ပုံစံ နည်းလမ်းများ အတိုင်း ပြန်လည်မှတ်ပုံတင်ကြပါရန်နှင့် ဤသို့ပြန်လည်မှတ်ပုံတင်ခြင်းအတွက် အခကြေးငွေ ပေးသွင်းရန် မလိုကြောင်း အသိပေးကြေညာချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.