Connect with us

Local

ပုဂ္ဂလိက ဘဏ်များ အနေဖြင့် ငွေကြေး အကျပ်အတည်းဖြစ်ပါက ဗဟိုဘဏ်မှ ကူညီမည်ဟုဆို

မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ)

ကမ္ဘောဇဘဏ် ပိတ်သိမ်းမည် ဆိုသည့် သတင်းသည် လုံးဝ မှန်ကန်မှု မရှိကြောင်း၊ ပုဂ္ဂလိက ဘဏ်များ အနေဖြင့် ငွေကြေး အကျပ်အတည်းဖြစ်ပါက ဗဟိုဘဏ်မှ လိုအပ်သည့် ကူညီ ထောက်ပံ့ပေးမှုများ ပေးမည်ဟု ပြောကြားကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်း အကြံပေး ဦးသန်းလွင်က ဆင်ဟွာကို ယနေ့ အတည်ပြု ပြောကြားသည်။

မြန်မာနိုင်ငံ ဘဏ်များသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ကြီးကြပ် ကွပ်ကဲမှု အောက်တွင် ရှိပြီး၊ တင်းကြပ်စွာ သတ်မှတ်ထားသည့် စည်းကမ်းဘောင်များ၊ အချိုးများအတွင်း ဘဏ်လုပ်ငန်းများ ပုံမှန် ဆောင်ရွက် ရကြောင်း၊ ယင်းဘဏ်များ အနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် စည်းကမ်းဘောင်နှင့် အချိုးများအတွင်း ရှိကြောင်း၊ ဘဏ်လုပ်ငန်းများအား စနစ်တကျ ဆောင်ရွက်နေသည့်အတွက် ဘဏ်များနှင့် ပတ်သက်သည့် သတင်းများသည် ကောလာဟလသာ ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတင်းထုတ်ပြန်သည်။

အကယ်၍ ပုဂ္ဂလိက ဘဏ်များ ငွေကြေး အကျပ်အတည်းဖြစ်ပေါ်ပါက မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် လိုအပ်သော ကူညီထောက်ပံ့မှုများအား ဥပဒေ နှင့်အညီ အပြည့်အဝ ပေးသွားမည် ဖြစ်ကြောင်း၊ လတ်တလော ဖြစ်ပေါ်လျှက်ရှိသည့် ဘဏ်တချို့ ပိတ်သိမ်းမည် ဟူသော သတင်းမှာ ကောလာဟလသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် မည်သည့် ဘဏ်ကိုမျှ ပိတ်သိမ်းရန် စီစဉ်ခြင်းမရှိကြောင်း ဗဟိုဘဏ်၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ဘဏ်တစ်ခု ပြိုလဲရန်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း၊ ဘဏ်တစ်ခု တည်ထောင်ရန်အတွက် ဗဟိုဘဏ်သို့ ကျပ် ၁၀ ဘီလီယံ Deposit (အပေါင်) ပေးထားရကြောင်းလည်း ဦးသန်းလွင်ကဆိုသည်။ (Xinhua)